Tuesday 11 September 2012

အနောက်နိုင်ငံနဲ့ အမေရိကန်က ကုမ္ပဏီတွေ ဘာလို့ မြန်မာပြည်မှာမှာ တိုက်ရိုက်ရင်းနှီးမြုပ်မှု သိပ်မလုပ်ကြသေးသလဲ

အနောက်နိုင်ငံနဲ့ အမေရိကန်က ကုမ္ပဏီတွေ ဘာလို့ မြန်မာပြည်မှာမှာ တိုက်ရိုက်ရင်းနှီးမြုပ်မှု သိပ်မလုပ်ကြသေးသလဲဆိုတာ သိကြမှာပါ??? ရင်းနှီးမြုပ်နှံမှု ဥပဒေ (Investment Law) မထွက်သေးတာက တစ်ကြောင်းပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံကို သူတို့တွေက အိမ်နီးချင်း ထိုင်းနိုင်ငံမှ တစ်ဆင့် Export လုပ်လို့ကောင်းတဲ့ Export Market တစ်ခုအနေနဲ့ပဲ မြင်ကြသေးတယ် ဆိုတာပါပဲ။ တိုက်ရိုက်ဝင်ရောက် ရင်းနှီးမြုပ်နှံကြဖို့ မစဉ်းစားကြသေးပါဘူး။ ထိုင်းနိုင်ငံကနေ Operation ထိုင်ပြီးတော့ သူတို့ရဲ့ ကုန်ပစ္စည်းကို မြန်မာဈေးကွက်ထဲမှာ (Agents သို့မဟုတ် Distributors) တွေကနေ တစ်ဆင့် ဘယ်လို ၀င်ရောက်ထိုးဖောက်မလဲလို့ပဲ ခပ်ပေါ့ပေါ့ စဉ်းစားကြသေးတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ (၁)ရက်နေ့က ၀န်ကြီးချုပ် ယင်လတ်ကို Amcham ရဲ့ President Joe Mannix က ၄င်းတို့ ညစာစားပွဲမှာ အဲဒီကိစ္စနဲ့ ပက်သက်ပြီးတော့ ပြောခဲ့တဲ့ စကားတစ်ခွန်းက .. (၆၅%) လောက်သော Amcham အဖွဲ့ဝင် အမေရိကန်ကုမ္ပဏီများဟာ လတ်တလော Raising Star ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တိုက်ရိုက် ရင်းနှီးမြုပ်နှံဖို့ထက် ထိုင်းနိုင်ငံမှာပဲ သူတို့ရဲ့ ကုန်ထုတ်လုပ်မှုကို တိုးချဲ
့ရင်းနှီးမြုပ်နှံကြမယ်လို့ ဆိုပါတယ်။ Amcham ဆိုတာ (The American Chamber of Commerce in Thailand) ဖြစ်ပါတယ်။ အဲဒီ Chamber အောက်မှာ Registered လုပ်ထားတဲ့ မြန်မာပြည်မှာ အရောင်းမြင့်တင်နေပြီ ဖြစ်တဲ့ Pepsi-Cola အပါအ၀င် ကုမ္ပဏီပေါင်း A to Z မရေမတွက်နိုင်ပါပဲ။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ Border Trade ကောင်းကောင်း လုပ်လို့ရတဲ့အပြင် အာရှမှာ (စက်မှုပစ္စည်း၊ လူသုံးကုန်ပစ္စည်း) ကဏ္ဍတွေမှာ ကုန်ထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအစိုးရဲ့ ပါးနပ်တဲ့ Policy က ပြည်ပမှ ကုန်ပစ္စည်းများနှင့်အတူ ကားတင်ပို့မှုကို ကန့်သတ်ထားပါတယ်။ ကားကုမ္ပဏီတွေ ထိုင်းနိုင်ငံမှာ ကားထုတ်လုပ်အောင် လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ လောက်ကတည်းက ဆွဲဆောင်နိုင်ခဲ့တယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေး လုပ်ငန်းလုပ်နေတဲ့ နိုင်ငံသားေ တွတောင်မှ ဈေးပေါပေါနဲ့ ကားကောင်းတွေ စီးနိုင်ကြပါတယ်။ တိုယိုတာ ဟိုင်းလပ်၊ ISUZU, Mitsubishi L200 ပုံစံနဲ့ Triton ကားတွေ, Ford (Pickup, Double-Cup) Off-Road (Light Truck ပေါင်းစုံပေါ့) အဲဒီကားတွေ အသစ်ချွတ်ချွတ် စီးနိုင်ကြပါတယ်။ ကြိုက်တဲ့ပုံစံ Customize တောင် လုပ်စီးနိုင်နေကြပါပြီ။ ကားထုတ်လုပ်မှုဟာ ပြည်တွင်းအတွက် လုံလုံလောက်လောက် ရှိယုံမကပဲ ကမ္ဘာ့နိုင်ငံ အသီးသီးကို တင်ပို့ ရောင်းချနိုင်ခဲ့တယ်။ အခုမြန်မာနိုင်ငံက တံခါးဖွင့်လိုက်တော့ ဒီဖက်ကို သူတို့တွေ ဦးတည်လာနေကြပါပြီ။ မြန်မာပြည်ကို ရုံးခွဲ (သို့မဟုတ်) အရောင်းစင်တာ ဖွင့်ကြပါတော့မယ်။ Toyota, Ford, Heno, ISUZU အစရှိသည်ဖြင့် .. အခွင့်ကောင်းလျှင် ထိုင်းမှကားတွေ တပုံတခေါင်း သွင်းကြပါလိမ့်ဦးမယ်။ မြန်မာနိုင်ငံ စက်မှုထွန်းကား စေချင်ရင်တော့ ကားတင်သွင်းမှု Car Import Market ကို ထိန်းချုပ်ပြီး Local Prodcution ရအောင် ဆွဲဆောင်နိုင်မှပဲ ရပါလိမ့်မယ်။ သို့မဟုတ်ရင် (Raising Star) ကမြန်မာ... ပိုချမ်းသာသွားတာက Export တွေ နှင်းကန်လုပ်နေတဲ့ Supplier ကြီး ထိုင်းနိုင်ငံ ဖြစ်သွားနိုင်ဖွယ်ရှိပါတယ်။
 
ref: မဟာကြောင် 's FB

No comments:

Post a Comment