Tuesday 11 September 2012

ပြည်ခိုင်ဖြိုးပါတီမှ တရားစွဲဆိုထားသည့် အန်အယ်လ်ဒီ အမတ် ဒေါ်ဖြူဖြူသင်းအား ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးမှ အနိုင်ပေးလိုက်ပြီ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအား တရားမဲ့ပြုကျင့်ကာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် တရားစွဲ ဆိုခြင်း အားပြည်ထောင် စုရွေးကောက် ပွဲကော် မရှင်ခုံရုံးမှ စက်တင်ဘာ ၁၁ရက် တွင် အနိုင်ပေး လိုက်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင် ရောက်အရွေးခံခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်ပါတီမှဒေါ်ဖြူဖြူသင်း အားပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါ်လဲ့လဲ့ဝင်း ကတရားမဲ့ပြုကျင့် ကြောင်းစွဲ ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

''နှစ်ဘက်လျှောက်လဲတဲ့ကိစ္စ တွေမှာတရားမဲ့ပြုကျင့်တာ တွေမရှိခဲ့ဘူး။ကြားဖြတ်ရွေးကောက်ပွဲမှာ မှန်မှန် ကန်ကန် နဲ့မဲရခဲ့တယ်လို့ဆိုပြီး ၊ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ခုံရုံး က ဆုံးဖြတ်လိုက် တယ်''ဟု အနိုင်ရရှိသွားသူဒေါ်ဖြူဖြူသင်း ကရန်ကုန်မီဒီယာဂရု(ပ်)အားတရားစီရင် ဆုံးဖြတ်အပြီး တွင်ပြောသည်။

အဆိုပါအမှုကို တရားစီရင်ပေး သည့်ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ခုံရုံးမှလည်း အပြီးသတ် စီရင်ပေး လိုက်ပြီးကြောင်း ပြောသည်။

''ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်ဖြူဖြူသင်းက တရားမဲ့ပြုကျင့် တယ်လို့ဒေါ်လဲ့လဲ့ဝင်းကစွဲဆိုတာ ကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးက ဒေါ်ဖြူဖြူသင်းကို အနိုင်ရကြောင်း ဆုံးဖြတ်ပေး လိုက်ပါတယ်'' ဟုရန်ကုန်မီဒီ ယာဂရုပ်က ယင်းကိစ္စကိုပြည်ထောင် စုရွေး ကောက်ပွဲကော် မရှင်သို့ ဆက်သွယ် မေး မြန်းရာ ယင်းကဲ့သို့ဖြေကြားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအပါအဝင် ဒေသခံပြည်သူများမှလည်း သက်သေ အဖြစ်လိုက်ပါ ထွက်ဆိုပေးခဲ့ ကြောင်း သိရသည်။

''မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးဝင်းဇော်ကလည်း မှန်မှန်ကန် ကန်နဲ့ထွက်ဆိုပေးခဲ့တယ်။ စက်ဆန်း၊ကုတို့ ဆိပ်ရပ်ကွက်က ပြည်သူတွေ ကလည်းသက်သေ အဖြစ်လိုက်ပါထွက် ပေးခဲ့ကြတယ်။

ဒီအမှုကိုလည်း ရှေ့နေ တွေကအခမဲ့ လိုက်ပါဆောင်ရွက် ပေးကြတယ်။ အမှန်ဆုံးဖြစ်အောင်   ဆောင်ရွက် ပေးခဲ့ကြတဲ့သူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်''ဟုဒေါ်ဖြူဖြူသင်းက ပြောသည်။
 
 
ref:YPI

No comments:

Post a Comment