Tuesday 11 September 2012

တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့ အငြင်းပွား ကျွန်းပိုင်ဆိုင်ရေး လှုပ်ရှားမှုများ ပိုမိုအရှိန်မြှင့်

 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကျွန်းပိုင်ဆိုင်မှု အငြင်းပွားလျက် ဆက်ဆံရေး တင်းမာနေခြင်းအပေါ် ညှိနှိုင်းဆွေးနွေး သည်းခံကြရန် တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့အား   ပြောကြားအပြီး ရက်ပိုင်းအကြာတွင် အဆိုပါနှစ်နိုင်ငံက ကျွန်းပိုင်ဆိုင်ရေး ပြိုင်ဆိုင်မှုကို ပိုမိုအရှိန်မြှင့်လိုက်ကြသည်။
တောင်ကိုရီးယားနှင့်ဂျပန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများက ကျွန်းပိုင်ဆိုင်ရေး လှုပ်ရှားမှုများကို   ပြည်တွင်း၌သာမက နိုင်ငံတကာကပါ ပိုမိုအာရုံထား သိရှိလာစေရေး ဆောင်ရွက်ရန်အတွက် များပြားသော အသုံးစရိတ်များ ယနေ့ အသီးသီးတောင်းဆိုလိုက်ကြသည်။ 

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွန်းပိုင်ဆိုင်မှုအရေး လိုအပ်သည်များ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်းကို လွှတ်တော်သို့ တောင်းဆိုလိုက်သည်။ထို့အတူ ဂျပန်နိုင်  ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်ဒေါ်လာ ၇ သန်းကို ကျွန်းပိုင်ဆိုင်ရေးကိစ္စ ဆောင်ရွက်ရန် အရန်ငွေကြေးအဖြစ် ထားရှိရန် တောင်းဆိုလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

No comments:

Post a Comment