Tuesday 11 September 2012

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Coca Cola အချိုရည် ကြော်ငြာ



ကမ္ဘာအကြီးဆုံး အချိုရည်ထုတ်လုပ်သူဖြစ်တဲ့ Coca Cola ဟာ မြန်မာပြည်အတွင်းမှာ အခုအပတ်ကစပြီး အချိုရည်များ စတင်ဖြန့်ချီနေပြီ ဖြစ်ပါတယ်။ ပြိုင်ဖက် ကုမ္ပဏီဖြစ်တဲ့ Pepsi ကလဲ မြန်မာပြည်မှာ စတင် အပြိုင်အဆိုင် ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများဟာ U.S ရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထား တဲ့ sanctions ဖြေလျော့အပြီးမှ ဝင်ရောက်လာတာဖြစ်ပါတယ်။


Coca Cola ဟာ မြန်မာပြည်မှာ အရင်ကတည်းက ရောင်းချခဲ့ဖူးပြီး နှစ် ၆၀ ကျော်အကြာမှာ အခုလို ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ ပြည်တွင်းမှာလဲ ရင်းနှီးမြုပ်နှံဖို့ ရှိပြီး လက်ရှိအချိန်မှာတော့ အချိုရည်များကို အိမ်နီးနားချင်းနိုင်ငံများမှ စတင်တင်သွင်းမှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဒေါ်လာ 100 million အထိ ရင်းနှီးမြုပ်နှံဖို့ စီမံကိန်းရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ၂၀၀၀ ခန့် ပြည်တွင်းမှာ ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။

Coca Cola အချိုရည်ဟာ ကမ္ဘာအနှံမှာ ဖြန့်ဖြူးရောင်းချနေပြီး လက်ရှိ မြန်မာ နိုင်ငံမှာလဲ စတင် တရား ဝင်ရောင်းချနေပြီဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ Coca Cola တရားဝင် မရောင်းသော နိုင်ငံ ၂ နိုင်ငံသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြန့်ဖြူးရောင်းချဖို့ အတွက် ပြည်တွင်းက company တစ်ခုဖြစ်တဲ့ Pinya Manufacturing နဲ့ ပူးပေါင်းဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။ 
 
 
ref:CJ Myanmar

No comments:

Post a Comment