Tuesday 11 September 2012

လွိုင်ကော်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

လွိုင်ကော်မြို့ ၊ နောင်ယားရပ်ကွက် မှာနေတဲ့ ဦးခင်မောင်စိုးနေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ တယ်လို့နောင်ယားရပ် ကွက်မှာနေထိုင်တဲ့သူတစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။

ဦးခင်မောင်စိုးဟာ စိတ်ကြွဆေးပြားတွေကိုရောင်းချနေသူဖြစ်ကြောင်းနဲ့ တာဝန်ရှိတဲ့ ပြည်သူ့ရဲတွေကနေ ဖမ်းဆီးလိုက်တဲ့အတွက် ပြည်သူတွေကို ဒုက္ခပေးမယ့် မူးယစ်ဆေးဝါးအန္တရာယ်က ကင်းဝေးသွားပြီဆိုတဲ့ အကြောင်းထပ်ပြောပါတယ်။ ရူးသွပ်စိတ်ကြွဆေးပြားပေါင်း ၆၀၀ကျော်နဲ့ ရောင်းထားလို့ရတဲ့ငွေ ၂၄ သိန်း လောက် သိမ်းဆည်းရမိတယ်လို့ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်လို့ဒေသ ခံတစ်ဦးကို မေးကြည့် တဲ့အခါ.
“ဟုတ်ပါတယ်။ တကယ်တော့ဒီလို လုပ်တာဟာ တာဝန်ရှိတဲ့သူတွေအနေနဲ့ကောင်းပါတယ်။ အရင်ကဆို ပိုက်ဆံပေးလိုက်ရင်ရတာပဲဆိုပြီးလုပ်စားနေတော့ ဘယ်သူမှလဲ အဖမ်းအဆီးမရှိဆိုတော့ ကလေးတွေက အလွယ်ရတော့ ပျက်ဆီးလွယ်ဗျ ။ အခုတော့ အစိုးရကလည်း အဲ့ဒီကိစ္စတွေကိုတင်းတင်းကျပ် ကျပ် လုပ်နေတော့သိပ်တော့မရှိတော့ပါဘူး။သိပ်မရှိတော့ဘူးဆိုပေမယ့်လည်းနောက်ထပ်မလုပ်ရဲအောင်တော့   ပြင်းပြင်း ထန်ထန် အရေးယူရမယ်ဗျ။” လို့ပြောပါတယ်။
 

No comments:

Post a Comment