Tuesday 11 September 2012

မိုးထိမိုးမိဒေသမှ BLACK LIST မကြောက်သည့် ကုမ္ပဏီကြောင့် အခက်အခဲများရှိနေဆဲ

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသတွင် ရွှေလုပ်သားများ လုပ်ကိုင်သည့်   ရွှေ့ပြောင်း ထားသော ရွှေကြိတ်စက် (ဗြုန်းကြိတ်စက်)တစ်ချို့ သတ်မှတ်ရက်အတွင်းပြန်လည် လည်ပတ်ခွင့်မရသော ကြောင့် စက်ပိုင်များနှင့် ဗြုန်းလုပ်သားများ အဆင်မပြေဖြစ်နေကြောင်း   ရွှေလုပ်သားတို့က ဆိုသည်။
 

“စက်တွေတင်မကလူနေအဆောက်အဦးတွေကို သူတိုသတ်မှတ်ထားတဲ့   ညောင်ထောက်နဲ့   အောင်တိုးတက်ရေး လုပ်ငန်း ခွင်တွေမှာ(၉)လပိုင်း(၅)ရက်နေ့ကိုစက်တွေ လည်ပတ်နိုင်အောင် အပြီးရွေ့ပေးမယ်ဆိုပြီး ၀န်ကြီး ဦးသန်းစိုးမြင့်ရှေ့မှာ သဘောတူ လတ်မှတ်ထိုးပေးခဲ့ပေမယ့် အခုစက်တွေ လုံးဝလည်လို့ မရသေးပါဘူးသူတို့ကအဖြစ်ပဲ လုပ်ထား ခဲ့တယ်။”ဟု ရွှေလုပ်သားတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သော (၈)လပိုင်း(၂၀)ရက်နေ့တွင် ရမည်းသင်းခရိုင်ရုံး၌ မန္တလေးတိုင်း သစ်တောနှင့် သထ္တုဝန်ကြီးဋ္ဌာနမှ ၀န်ကြီးဦးသန်းစိုးမြင့်၊ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ မန်နေဂျာ  ဦးထွန်းအောင်စိုး၊ အတွင်းရေးမှုးဦးဝင်းမျိုးသိန်း နှင့် ရွှေလုပ်သားများ သဘောတူ လက်မှက်ရေးထိုးခဲ့ကြောင်းသတ်မှတ် ထား သောစက်တင်ဘာလပိုင်း(၅)ရက်နေ့တွင် စက်များ မလည်ပတ်ရလျှင် ၀န်ကြီးဦးသန်းစိုးမြင့်မှ ကုမ္ပဏီအား BLACK LIST ကြေငြာမည်ဖြစ်ကြောင်း ၀န်ကြီးဦးသန်းစိုးမြင့်နှင့် တွေ့ဆုံခဲ့သော ရွှေလုပ်သား များထံက သိရသည်။

“၀န်ကြီးရှေမှာ ကုမ္ပဏီက ကတိပေးခဲ့ပေမယ့် သက်မှက်ထားတဲ့ရက်မှာ စက်တွေမလည်ရတော့ စက်ပိုင် တွေရော အလုပ်သမားတွေရော နားနေရတယ်၊ ၀င်ငွေမရှိတော့ ဘယ်သူမှအဆင်မပြေကြဘူး အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက ၀န်ကြီးဦးသန်းစိုးမြင့်ရှေမှာ စည်းကမ်းချိုးဖောက်တာ အကြိမ်ကြိမ်ရှိပြီ”ဟု ရွှေလုပ်သားကိုအောင်ကိုဦး ကပြောသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ပေးထားသောဂတိချိုးဖောက်ခဲ့သောကြောင့်မန္တလေးတိုင်း သစ်တောနှင့်သထ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က ယခုကဲ့သို့ဆိုသည်။
 
`ကျွန်တော်ကမန္တလေးတိုင်းဝန်ကြီးဖြစ်လို့ ကိုယ်တိုင်black list ကြေငြာလို့မရဘူး အမှက်(၂)   ပြည်ထောင်စု ၀န်ကြီးဆီကို ကုမ္ပဏီက ကတိဖောက်ဖျက်ကြောင်း ထောက်ခံစာ တင်ပေးမယ်’ဟု စက်တင်ဘာလ(၇) ရက်နေ့တွင် ပြောခဲ့ကြောင်း ရွှေလုပ်သားကိုသိန်းဇော်က ရှင်းပြသည်။

မိုးထိမိုးမိဒေသတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့်ရွှေလုပ်သားများအကြား မပြေလည်မှုများနှင့် ကုမ္ပဏီမှတရားစွဲ ကန့်သတ်မှုများစွာရှိနေကြောင်း သိရှိရသည်။
 
‘၀န်ကြီကိုယ်တိုင် လုပ်ဆောင်မပေးရင်တော့ ကျွန်တော်တို့က ဥပဒေနဲ့အညီငြိမ်းချမ်းစွာ ထပ်မံဆန္ဒပြပါမယ်’  ဟု ရွှေလုပ်သားခေါင်းဆောင် ကိုအောင်ကိုဦးက ဆက်လက်ပြောကြားခဲ့သည်။


ref:myitmakha

No comments:

Post a Comment