Tuesday 11 September 2012

အိမ်ဖော်မလေး သေဆုံးတဲ့အမှုအား လူသေမှုမှ လူသတ်မှု သို့ပြောင်း

အိမ်ဖော်မလေး သေဆုံးတဲ့အမှုမှာ MRTV 4 သရုပ်ဆောင် မေဇွန်(ခ) မျိုးဇာနည်ဇွန် ကို သေမှုသေခင်းဖြင့် အမှုဖွင့်ရာမှ လူသတ်မှုသို့ပြောင်းလဲ အမှုဖွင့်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အိမ်ဖော်မလေး အလောင်း အားဆေးစစ်ရာမှ ဆေးစစ်ချက်များအရ ဒဏ်ရာကြောင့် သေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက် လူသတ်မှု သို့ပြောင်းလဲခဲ့ခြင်းဖြစ်သည်။မေဇွန် (ခ) မျိုးဇာနည်ဇွန်မှာ ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် လျာထားခြင်းခံထားရသူဖြစ်ကြောင်း စုံးစမ်းသိရသည်။
ယင်းနေ့က သေဆုံးသူ၏ အလောင်းအား စစ်ဆေးမှုများ ပြုလုပ်ရန် ရန်ကုန် ဆေးရုံကြီးသို့ ညနေ ၆နာရီခွဲ ဝန်းကျင်တွင် ပို့ဆောင်ခဲ့ပြီး၊အိမ်ဖေါ်အမျိုးသမီးမနုနုလွင်၏ အလောင်းအာ့း မှုခင်းဆေးစစ် မှုပြုလုပ်ရာတွင် နှာခေါင်းသွေးထွက်၊ ယာလက်ဖျံနှင့် ပုခုံးသွားကိုက်ဒဏ်ရာ၊ ယာနဖူး ဖူးရောင် ၊ ၀ဲနို့အုံအောက်နံကြားညိုမည်းဒဏ်ရာများတွေ့ရှိရသဖြင့် လူသေမှုမှ ပ ၃၆၄/၂၀၁၂။    ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၅ အရ လူသတ်မှုအဖြစ် ပြောင်းလဲ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းကမာရွတ်ရဲစခန်းမှသိရသည်။

MRTV4 ဇာတ်လမ်းတွဲ လျာထားခြင်း ခံရသူ သရုပ်ဆောင် အခန်းရှင် မေဇွန်(ခ)မျိုှးဇာနည်ဇွန် ဆိုသူသည် ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ်(၁၉၅)၊ ဒုတိယထပ်(ညာ)ရှိ တိုက်ခန်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်၌ ခရီးသွားနေရာမှ   ပြန်လည် ရောက်ရှိလာပြီး ၎င်း နေထိုင်ရာ တိုက်ခန်းပေါ်သို့ တက်သွားရာမှ   ပြန်လည် ပြေးဆင်း လာကြောင်း၊ ယင်းနောက် ပတ်ဝန်းကျင်သို့ အကူအညီတောင်းပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့ရာတွင် ရဲတပ်ဖွဲ့မှ ယင်းတိုက်ခန်းတွင် ပုပ်ပွနေသော ရုပ်အလောင်းကို   တွေ့ရှိခဲသဖြင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် ယခုကဲ့သို့ ခေါ်ယူ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ စခန်းတွင် ယင်းနေ့တာဝန်ကျ ရဲဝန်ထမ်းနှင့် မှုခင်းဖြစ်ပွားရာ တိုက်ခန်း အနီးတွင်   နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။ 

 
 

No comments:

Post a Comment