Tuesday 11 September 2012

အရပ်သားအဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပ ။

 
 
အရပ်သားအဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် ကို (၁၁-၉-၁၂) နေ့ နံနက် (၉)နာရီ အချိန်မှစ၍ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပန်ဒါ ဟိုတယ် အထပ်(၁၂)ခန်းမဆောင်တွင် စတင် ကျင်းပခဲ့သည်။

ထိုဖိုရမ်သို့ ဖိလစ်ပိုင်နိုင်ငံ၏(၃၈)ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း)နှင့် ဘရူနိုင်း နိုင်ငံဆိုင်ရာ သံအမတ်ကြီး(ငြိမ်း) ဖြစ်သူ General (Ret) Alexander B.Yano (အစိုးရ အသိအမှတ်ပြု အပစ် အခတ်ရပ်စဲမှု စောင့်ကြည့်ရေးကော်မတီ ဥက္ကဌ)၊ အင်ဒိုနီရှားကာကွယ်ရေး ဦးစီးချုပ် (ငြိမ်း) General (Ret) Endriartono Sutarto နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးတို့တက်ရောက်ကြပြီး   ပြည်တွင်းမှလည်း တိုင်းရင်းသားလူမှု အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်ကြသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အထောက်အကူ ပြုနိုင်မည် အချက်အလက်များ ကို ဆွေးနွေးကြမည်ဖြစ်ပြီး ၊ နောက်ရက်များတွင် တက်ရောက်လာသည့် သူများမှလည်း ငြိမ်းချမ်းရေး ဆိုင်ရာ သိကောင်းစရာများကို မျှဝေဆွေးနွေးကြမည် ဖြစ်သည်။
 
 


ဤဖိုရမ်ကို(၁၁-၉-၁၂)မှ(၁၃-၉-၁၂) ထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီ ထိဖြစ်ပြီး (၃)ရက်ကြာမြင့် မည် ဖြစ်ပြီး ငြိမ်းဖောင်ဒေးရှင်း (ရှလွန်) မှ စီစဉ် ကျင်းပခြင်း ဖြစ်သည်။

ကိုဝိုင်ဝိုင်ကေ
ခေတ္တ - ပန်ဒါ
ရန်ကုန်
၁၁-၉-၁၂

No comments:

Post a Comment