Tuesday 11 September 2012

““ကလေးမြို့ နိုင်ငံတော်သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်ရသော်လည်း ကင်တားနားအမည်သုံးစွဲခွင့်မပေး””

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ကလေးမြို့၌ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင် ကျင်းပ  ပြုလုပ်သွား မည်ဖြစ်ပြီးဆန္ဒဖော်ထုတ်ရာတွင် ဦးသိန်းစိန်ဟု သုံးစွဲခွင့်မပေးဘဲ နိုင်ငံတော် သမ္မတဟုသာ သုံးစွဲရမည်ဖြစ်ကာ ကင်တားနားအမည်ကိုလည်း သုံးစွဲခွင့်မပြု ကြောင်း သိရသည်။
ခွင့်ပြုမိန့်ကို ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက
စက်တင်ဘာ ၁၀ ရက်နေ့တွင် ချပေးခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်စီတန်း လှည့်လည်မည့် လမ်းကြောင်း လျှော့ပေးရခြင်းနှင့် ဟောပြော မည့်ပုဂ္ဂိုလ် အရေအတွက် လျှော့ပေးရခြင်းတို့သာရှိခဲ့ပြီး ဦးသိန်းစိန်နှင့် ကင်တားနားတို့ အမည်များ မသုံးစွဲရသည်မှအပ အခက်အခဲသိပ်မရှိကြောင်းသိရသည်။

စီတန်းလှည့်လည်မည့် အချိန်မှာ နေ့လည် ၁၂ နာရီမှ ၃ နာရီအထိဖြစ် ပြီး ကလေးမြို့၊ မင်္ဂလာ ဥယျာဉ်ကျောင်းလမ်း-ကလေးဝလမ်း-ပင်လုံလမ်းမ တော်-စံပြလမ်း-ဗိုလ်ချုပ်လမ်းမှ ချီတက်ကာ မင်္ဂလာဥယျာဉ်ကျောင်းရှေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

ကိုင်ဆောင်ကြွေးကြော်ရန် ခွင့်ပြုချက်ရရှိသည့် စာသားများမှာ ““သမ္မတကြီး၏ အဆိုကိုထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကိုကာကွယ်ပါ””၊ ““ရိုဟင်ဂျာအမည်ခံခိုးဝင်လာသူမျ
ားသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာ””၊ ““ရိုဟင်ဂျာများကို UNHCR သို့အပ်နှံပြီးဒုက္ခသည်စခန်းအဖြစ်ထားရှိရန်””၊ ““ရိုဟင်ဂျာများကို တတိယနိုင်ငံများက လက်ခံမည်ဆိုလျှင်ပို့ပေးမည်”” စသည်တို့နှင့် နိုင်ငံတော်သီချင်းကို သီဆိုကြမည်ဖြစ်ကြောင်းသိရသည်။

ကလေးမြို့ဆန္ဒဖော်ထုတ်ပွဲအတွက် ခွင့်ပြုမိန့်ရရှိရန် သုံးကြိမ်တိုင်စာ တင်ခဲ့ရပြီး လူဦးရေ ၂၀၀ တင်ရာတွင် အယောက် ၁၀၀ သာခွင့်ပြုခဲ့ကာ ယင်းနေ့တွင် ဟောပြောမည့်သူ ၁၀ ဦးစာရင်းမှ ဦးမိုက်ကယ်ဝင်းကျော်၊ ဦးကျော်သူစိုး၊ ဒေါ်နီနီမွှေးတို့ကိုသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
 
ref:7daynews

No comments:

Post a Comment