Wednesday 15 August 2012

မှတ်သား နာယူစရာ ...



အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။


မကောင်းမှုကို မပြုခြင်းသည်မြတ်၏၊ မကောင်းမှုသည် နောင်အခါ ပူပန်စေတတ်၏၊ ကောင်းမှုကို ပြုခြင်းသည်ကား မြတ်၏၊ ယင်းကောင်းမှုကို ပြုခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ။

A misdeed is better left undone, as it torments afterwards; a good deed is better done, for having done it, one needs not have worry.
===========================================
(ဓမ္မပဒ)

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

The gift of Dhamma is no match with any other gifts, the taste of Dhamma is no match with any other taste, living with Dhamma in enjoyment is no match with any other living, and the victory over craving conquers all sufferings.

(ဓမ္မပဒ)

No comments:

Post a Comment