Wednesday 15 August 2012

"ပြည်သူတို့၏ တိုင်ကြားစာ အစိုးရအဖွဲ့ ကိုင်တွယ်မှု အားနည်း"

ပြည်သူတို့၏ တိုင်ကြားစာများအပေါ် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပြန်ကြား ချက်နည်းပါးနေကြောင်း   ပြည်သူ တို့၏   တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာကော်မတီမှ သြဂုတ် ၁၃ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ အစီရင်ခံတင်သွင်းသည့်အထဲတွင် ပါရှိသည်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော် မတီ သို့ တိုင်ကြားစာပေါင်း ၁ဝ၃၉ စောင် ရောက် ရှိခဲ့ပြီး ကော်မတီမှ ပြည် ထောင်စုအစိုးရသို့ လွှဲပြောင်းပေး အပ်ရာတွင် အစိုးရအဖွဲ့မှ ပြန်ကြားချက်များ လက်ခံရရှိမှု နည်းပါးနေသဖြင့် လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ၊ အသနားခံစာ အမှုတွဲများအား အချိန်နှင့် တစ်ပြေး ညီ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း အဆိုပါကော် မတီမှ အစီရင်ခံခဲ့သည်။

တိုင်ကြားစာများထဲတွင် နိုင်ငံ တော်အစိုးရနှင့် ပြည်သူ ပတ်သက်မှု တိုင် ကြားခြင်း သည် အများ ဆုံးဖြစ်နေပြီး တရားစီရင်ရေး ကဏ္ဍသည် ဒုတိယ အများဆုံးဖြစ်နေကြောင်း သိရသည်။ ယင်း တိုင်ကြား စာများတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိစ္စ ၄၂ စောင်၊ ပုဂ္ဂိုလ်ရေးတင်ပြ စာ ၃၈ စောင်၊ သာသ နာရေး ဆိုင် ရာကိစ္စ ၂၆ စောင်၊ လယ်ယာမြေ ကိစ္စ ၁၄ဝ စောင်၊ အိမ်ခြံမြေကိစ္စ ၁ဝ၆ စောင်၊ တရားရုံး အမှုအခင်း ကိစ္စ ၂၂ဝ စောင်၊ နိုင်ငံတော်အစိုးရ နှင့် ပြည်သူပတ်သက်မှု ၃၄၈ စောင် ၊ ပြည်ထောင် စုကြံ့ခိုင်ရေးပါတီ ကိစ္စ ၈ စောင်၊ တပ်မတော်ဆိုင်ရာ ကိစ္စရပ် များ ၈ စောင်၊ လွှတ်တော် ကိုယ်စား လှယ်များကိစ္စ ၁၉ စောင်၊ ဥပဒေရေး ရာကိစ္စ ၃ စောင်၊ ဌာန ဆိုင်ရာအကြံပြုစာ ၂၉ စောင်၊ အထွေထွေကိစ္စ ၃၇ စောင်၊ နိုင်ငံရေးပါတီကိစ္စ ၃ စောင်၊ ပညာရေး ဆိုင်ရာကိစ္စရပ်များ ၁၂ စောင်နှင့် နိုင်ငံတော်ဝန်ထမ်းနှင့် ပတ်သက်မှုကိစ္စ ၁ စောင် တို့ ဖြစ်ကြောင်း ကော်မတီမှ တင်သွင်းသည်။

အဆိုပါကော်မတီအနေနှင့် တိုင်ကြားစာနှင့် အသနားခံစာ စုစု ပေါင်းဆောင် ရွက်ထားမှုအခြေအနေ မှာ လက်ခံရရှိသည့်ထဲမှ နာယက ထံ တင်ပြဆောင် ရွက်ချက် ၁ဝ၃၉ တိုင်ကြားစာ၊ အသနားခံစာ အကြောင်း အရာ တူ ၁၈၈ တွဲ၊ ကော်မတီဆုံးဖြတ်ချက်အရပယ် (တိုင်ကြားသူအမည် မဖော်ပြခြင်း၊ အခြေအမြစ်မရှိရေး သားခြင်း) ၃၇ တွဲ၊ မိတ္တူပေးပို့စာများ ၄၂၉ တွဲဖြစ် ပြီး ပေးပို့ခဲ့သည့်အမှုတွဲများ မှာ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ၄၄၆ တွဲ ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးသို့ ၁၈ တွဲ၊ ပြည်ထောင် စုရှေ့နေ ချုပ်ရုံးသို့ ၁ တွဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သို့ ၈ တွဲနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ် များ သို့ ၁ တွဲ ပေးပို့ခဲ့ကြောင်း သိရသည်။

လယ်ယာမြေ ကိစ္စရပ်များတွင် နိုင်ငံတော်စီမံကိန်းများ၊ စက်ရုံအလုပ်ရုံများ၊ တပ်ရင်းတပ်ဖွဲ့များ တည် ဆောက်ရေးနှင့် စက်မှုဇုန်၊ ဟိုတယ်ဇုန်များ အတွက် မြေယာများ သိမ်းယူရာတွင် လိုအပ်သည်ထက် ပိုမိုသိမ်း ယူခြင်း များ၊ မြေယာများ သိမ်းယူပြီးနောက် မူလပိုင်ရှင်များကို သီးစားချထား လုပ် ကိုင်စေခြင်း များကြောင့် ပြဿနာများ အများဆုံး ဖြစ်ပေါ်နေကြောင်း၊ မူလသိမ်းယူစဉ်က ဥပဒေလုပ်ထုံး လုပ်နည်း အညီသာ တိကျမှန်ကန် စွာ ဆောင်ရွက်လာပါက ယခုကဲ့သို့ တိုင်ကြားစာ၊ အသနားခံစာ များရောက် ရှိလာ မည် မဟုတ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူ အဆင့်ဆင့် တို့က ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြား ချက်များနှင့် အညီ အလေး ထား ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ကော်မတီမှ အမျိုးသား လွှတ်တော်သို့ တင်ပြခဲ့သည်။
 
 
ref:popular

No comments:

Post a Comment