Wednesday 15 August 2012

င၀န်မြစ်ရေကြီး ရေဘေးဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်နေ


ယခုလဆန်းပိုင်းမှစတင်၍ဖြစ်ပေါ်ခဲ့သော င၀န်မြစ်ရေကြီးမှုကြောင့် သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့် မြို့နယ်များတွင်လည်း ရွာလုံးကျွတ်ပြောင်းရွှေ့ရမှုများပြုလုပ်နေရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးနှင့်စားနပ်ရိက္ခာအကူအညီများ အမြန်ဆုံးလိုအပ်လျှက်ရှိနေသည်။


ပုသိမ်မြို့ရှိ အခြေခံပညာကျောင်း ၂၅ကျောင်းပိတ်ထားရပြီး ပုသိမ်-ရန်ကုန်ကားလမ်းမတွင် ဒါးကကျေး ရွာနှင့် ဂုံမင်း၊ကြိုးကြာကွင်းအထိကားလမ်းမပေါ်တွင် ရေနစ်မြုပ်နေသောကြောင့် ပုသိမ်-ရန်ကုန်ကား လိုင်းများ လည်း ယနေ့မှစတင်၍ ရပ်နားလိုက်ရသည်။

ပုသိမ်မြို့တစ်ဝက်ခန့်ရေလွှမ်းမိုးခံရသောကြောင့် စာသင်ကျောင်းနှင့်ဘုန်းတော်ကြီးကျောင်းများတွင်ဖွင့်လှစ် ထားသော ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေဘေးဒုက္ခသည် နှစ်ထောင်ကျော်ထိရှိလာသည်။

င၀န်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်ရောက်ရှိနေပြီး ရက်အနည်းငယ်ထိဆက်လက် တည်ရှိနေဦးမည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ကြေငြာထားသည်။

ထပ်မံရွှေ့ပြောင်းလာမည့်ရေဘေးဒုက္ခသည်များအတွက် စာနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုလိုအပ်လာမည်ဖြစ်သည်။          

ယခုရေလွှမ်းမိုးမှုသည် ၂၀၀၄ ခုနှစ်နောက်ပိုင်းအဆိုးဝါးဆုံးဖြစ်သည်ဟု ပုသိမ်ဒေသခံများကပြောသည်။       ။

ref:YPI

No comments:

Post a Comment