Wednesday 15 August 2012

ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ


ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီသို့ တရားစီရင်ရေး ဆိုင်ရာတိုင်စာ   များ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။ 


ဦးဝင်းမြင့်က “ဥက္ကဋ္ဌရဲ့ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို တိုင်ကြားစာ တွေ စတင်ရောက် ရှိနေပြီ ဖြစ်ပါ တယ်။ ကော်မတီ စဖွဲ့ပြီးတဲ့သြဂုတ် လ ၇ ရက်နေ့ကစပြီး ၁၀ ရက်နေ့ အထိ သုံးရက် အတွင်း တိုင်ကြားစာ ငါးခုလောက် ရောက်လာပါတယ်။ အများစုက တရားစီရင်ရေးစနစ် ဆိုင်ရာတိုင်စာတွေနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုဆိုင်ရာ တိုင်စာတွေ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ကော်မတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့ အစိုးရ၊ တရားရေးအဖွဲ့ အစည်းများ ၊ ပြည် သူ့  ၀န်ထမ်း များ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်သူအားလုံးတို့သည် တရားဥပဒေနှင့် အညီ နေ ထိုင်ပြုမူ လိုက်  နာ ဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်း ညှိ ကူညီခြင်း ပြုရမည်။ အရေး ယူ ဆောင် ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော် သို့တင်ပြရမည်။ တည်ငြိမ်အေး ချမ်း  မှု ပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန်အကြောင်း ပေါ်ပေါက်လာပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါ က သက်ဆိုင်ဆက်စပ်သည့် အဖွဲ့ အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ တရား ဥ ပဒေစိုးမိုးမှုနှင့်တည်ငြိမ်အေးချမ်းမှုမှတစ်ဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုအောင်မြင်လာရေးအတွက် လေ့လာ   သုံးသပ် ရမည်။ အလားတူ သူရဦးအောင်ကို၏ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၌လည်း တိုင်ကြား စာ ၁၆၀၀ ခန့် ရောက်ရှိနေသည်။ 

ref:EMG

No comments:

Post a Comment