Wednesday 15 August 2012

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာသည့် မုန်တိုင်း KAITAK(14W) ဟောင်ကောင်အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်မည်

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် အပူပိုင်း မုန်တိုင်း KAI-TAK(ဖိလစ်ပိုင်အမည် HELEN)သည် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ် သို့  ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပါသည်။
သြဂုတ်လ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် တွေ့မြင်ရသည့် မုန်တိုင်း KAI-TAK(အပေါ်ပုံ)၇၂ နာရီနောက်ပိုင်း လေဖိအားနည်းရပ်ဝန်းအဆင့်မှ အားပျော့ပျက်ပြယ်သွားမည့် မုန်တိုင်း KAI-TAK (14W) လမ်းကြောင်း နှင့် မုန်တိုင်းအကြွင်းအကျန်များဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းခန့်မှန်းပုံ

မုန်တိုင်း KAI-TAK လာမည့် ၁၂ နာရီအတွင်း(မြန်မာစံတော်ချိန် သြဂုတ်လ ၁၆ ရက် နံနက် ၀၀၃၀ နာရီ) တွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိလာပြီး၊ ၂၄ နာရီ နောက်ပိုင်း(သြဂုတ်လ ၁၆ ရက် မြန်မာ စံတော်ချိန် နေ့လည် ၁၂၃၀ နာရီနောက်ပိုင်းတွင် တရုတ်ပြည် တောင်ပိုင်းကမ်းခြေအား၊ Guangdong (ဂွမ်ဒုံးပြည်နယ်) ဟောင်ကောင်မြို့ အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း ခန်မှန်းထား ပါသည်။


ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် Guangxi ပြည်နယ်နှင့် Yunnan ပြည်နယ် နယ်စပ်အနီးတွင် လာမည့် ၇၂ နာရီနောက်ပိုင်း(သြဂုတ်လ ၁၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီနောက်ပိုင်း) တွင် လေဖိအားနည်း အဖြစ်မှ အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

မုန်တိုင်း အကြွင်းအကျန်များသည် ယူနန်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများသို့ သြဂုတ်လ ၁၈ ရက် နောက်ပိုင်းတွင် ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
 
 
ref:mmweatherblog

No comments:

Post a Comment