Wednesday 15 August 2012

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်များတွင် တောမီးလောင်ကျွမ်း

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်များတွင် တောမီးလောင်ကျွမ်းမှုများ ကူးစက်လောင် ကျွမ်းလျက်ရှိပြီး နေအိမ်ပေါင်း ဒါဇင်နှင့်ချီ မီးလောင်ဆုံးရှုံးခဲ့ရကြောင်းနှင့် ရာပေါင်းများစွာသော ဒေသ ခံများမှာ တောမီးအန္တရာယ်တွေ့ကြုံနေရကြောင်းNBC News က ပြောကြားသည်။

Idaho ပြည်နယ်တွင် သစ်ပင်လဲကျမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။ ဝါရှင်တန်ပြည်နယ် အလယ်ပိုင်းတွင် လောင်ကျွမ်းသည့် တောမီးမှာလည်း ပြန့်နှံ့လာပြီး နေအိမ်အလုံးပေါင်း ၆၀ ကျော် ပျက်စီးခဲ့ သည်။ တောမီးသည် နေရာပေါင်း ၆၂ နေရာရှိ သစ်တောမြေဧက ၂၆၀၀၀ တွင် ကူးစက်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ref:planet

No comments:

Post a Comment