ဗီယက်နမ် စစ်ပွဲမှာ တိုက်ခိုက်ပြီး ပြန်လာတဲ့ စစ်သားတစ်ယောက်အကြောင်းပါ။
တနေ့ San Francisco မှာရှိတဲ့ သူ့မိဘ တွေဆီ ဖုန်းဆက်လာတယ်။
”အဖေနဲ့ အမေ၊ ကျနော် အိမ်ပြန်လာပါပြီ။ ဒါပေမယ့် တခုတောင်းဆိုချင်တာရှိတယ်၊ ကျနော်နဲ့ သူငယ်ချင်း တစ်ယောက်ခေါ်လာမယ်၊ ရလား?”
”ရတယ်လေ၊ ခေါ်ခဲ့ပါ သားရဲ့ သူငယ်ချင်းပဲ အဖေတို့ ချစ်ပါတယ်” သူ့အဖေပြန်ဖြေတယ်။
”ဒါပေမယ့်၊ အဖေတို့ သိထားသင့်တာ တခုရှိတယ်။” သားကပြန်ပြောတယ်။
”သူက တိုက်ပွဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရလာတယ
”ကြားရတာ စိတ်မကောင်းစရာပဲ သားရယ်။
ဒါပေမယ့်၊ သူ့ကို တနေရာ နေစရာ ကူရှာပေးရအောင်လေ”
”မဟုတ်ဘူး အဖေနဲ့ အမေ၊ သူ့ကို ကျနော်တို့နဲ့ အတူပဲ ပေးနေစေချင်တယ်။”
”သား...” သူ့အဖေ ပြန်ပြောတယ်။
”သား ဘာတောင်းဆိုတယ် ဆိုတာ သား မသိဘူး ဖြစ်နေတယ်...
ခြေလက်မစုံတဲ့ လူတစ်ယောက် ကို အိမ်မှာ အတူထားပြီး ပြုစုဖို့ ဆိုတာ ဘယ်လောက် ဆိုးဝါးတဲ့ အဖြစ်လဲ သားရယ်....
ကျနော်တို့ ဘ၀နဲ့ ကျနော်တို့ အေးအေးဆေးဆေး နေနေတာကို တစုံတယောက်က ကြားဝင် မခံချင်ဘူး။
သားလည်းပဲ အိမ်ကို တန်းတန်းမတ်မတ်ပြန်သင့်ပြီ။
အဲဒီလူအကြောင်း မေ့ထားလိုက်ပါ သားရယ်။....
သူ့ဟာသူ ရှာကြံပါလိမ့်မယ်...”
တဖက်က သားဖြစ်သူ ဖုန်းချသွားပါပြီ.... မိဘ နှစ်ပါးလုံး သူ့အကြောင်း ဘာသတင်း တခုမှ မကြားတော့ပါ.....
ရက်အတော်ကြာတဲ့ တနေ့....
San Francisco ရဲဌာန ကဖုန်းလာသည်။
သူတို့ရဲ့ သားလို့ထင်ရ တဲ့လူတစ်ယောက် တိုက်ပေါ်က ကျသေနေကြောင်း အကြောင်းကြားလာသည်။ ရဲဌာနက ကိုယ့်ဟာကိုယ် သေကြောင်းကြံခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။
မိဘ နှစ်ပါးလည်း ချက်ချင်းဆိုသလို အခင်းဖြစ်တဲ့ နေရာကို သွားလိုက်တယ်။
အလောင်းထားတဲ့ နေရာကို ခေါ်သွားပြီး၊ သူတို့ သား ဟုတ်မဟုတ် ကြည့်ခိုင်းလိုက်တဲ့ အခါမှာတော့။
သိပါပြီ... သူတို့သားမှ သူတို့သား အစစ်... သို့သော်...
သူတို့ မသိသေးတဲ့ အဖြစ်တခုကြောင့် မိဘ နှစ်ပါးလုံး တုန်လှုပ်သွားတယ်...
သူတို့သားဟာ ခြေတဖက်၊ လက် တဖက် ပဲ ရှိနေလို့ပါပဲ...
လူတိုင်းကို ဆင်ခြေမဲ့ ချစ်နိုင်ခဲ့လျှင် အခုလိုအဖြစ်မျိုးနဲ့ မကြုံနိုင်ပါ။
ref:Facebook
No comments:
Post a Comment