Wednesday 15 August 2012

ဥတ္တရရက္ခိတဒေသကိုလှမ်းမျှော်ကြည့်ခြင်း


သမ္မတကြီးနဲ့ ဗီအိုအေ ဦးသန်းလွင်ထွန်းတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းအရ နောက်ဆုံးတော့ အစိုးရဟာ Social integration ဆိုတဲ့ မျိုချတဲ့နည်းလမ်းကို ရွေးလိုက်ပြီလို့ သတိပြုမိပါတယ်။

ဒီတစ်ခေါက်သမ္မတကြီးရဲ့ အင်တာဗျူးမှာ ပြောခဲ့တာဟာ ဟိုးတစ်ခါ UNHCR က အကြီးအကဲ Antonio Guterres ကိုပြောခဲ့တဲ့ မြန်မာနိုင်ငံသားတွေမဟုတ်ဘူး ဒုက္ခသည်အဖြစ်လက်ခံထားပြီး တတိယနိုင်ငံက လက်ခံရင် ပို့ပေးမယ် ဆိုတဲ့စကားနဲ့တော့ လုံးဝနီးပါးဆန့်ကျင်ဘက်ပဲ။

ဘာပဲဖြစ်ဖြစ် မြန်မာဆိုတဲ့ လူမှုအဖွဲ့စည်းထဲ ဆွဲထည့်နိုင်ရင်တော့ ရခိုင်ရော ဘင်္ဂါလီအနွယ် ဖွားတွေရော   နှစ်ဖက် စလုံး လုံခြုံစိတ်ချစွာ အတူယှဉ်တွဲ နေထိုင်ရေးဟာ ဖြစ်နိုင်တာပဲလေ။

ဒါပေမဲ့လည်း မြန်မာစကားလည်းမပြော မြန်မာစာလည်းမသင် နေထိုင်ရှင်သန်မှုပုံစံကလည်း မြန်မာနဲ့ အတော်လေးကို ကွဲပြားနေတော့ သူတို့မြန်မာ့လူမှုအဖွဲ့အစည်းထဲ အသားကျဖို့က အတော်လေး ခက်ခဲ မှာဖြစ် သလို အသားလည်းကျဖို့လည်း အချိန်လိုမယ်ထင်တယ်။ အရေးကြီးဆုံးက သူတို့ကိုယ်၌က မြန်မာလူနေမှု ပုံစံမျိုးကို လက်ခံချင်ပါ့မလား မြန်မာ့လူ့အသိုင်းဝန်းထဲ ဝင်ရောက်ဖို့ စိတ်ဆန္ဒရော ရှိပါ့မလား ဆိုတာကလည်း တွေးဖို့ကောင်းတယ်။

ဒီမှာသေချာတာတစ်ခုက သံတမန်ရေးမျက်နှာစာမှာ ကျနော်တို့နိုင်ငံဟာ မွတ်ဆလင်ညီအကိုဆိုတဲ့ဝါဒရဲ့ ဖိအားကို မခံနိုင်တာတော့ ထင်ရှားတာပဲ။

တချိန်တုန်းက ကျနော်တို့နိုင်ငံဟာ မိတ္တဗလ အင်မတန်အားကောင်းခဲ့တဲ့ နိုင်ငံပေါ့။ နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်ရဲ့ ပြာပုံထဲက ရုန်းကန်ထိုးထွက်နေရချိန် နူရာဝဲစွဲသလို ပြည်တွင်းစစ်ကြီးနဲ့ ကြုံရချိန် အဲဒီလို အချိန်တုန်း ကတောင် မြန်မာဟာ ကာလဗလ နဲ့ ဘောဂဗလမှာ ချိနဲ့ပေမဲ့ မိတ္တဗလမှာ သိပ် အားကောင်းခဲ့တော့ တကမ္ဘာလုံးက မြန်မာပြောသမျှ လေးစားယုံကြည်လက်ခံခဲ့ကြဖူးတယ်။ တိဘက်ကို သိမ်းပြီး အင်ဒီးယားကိုတောင် ထိပါးရဲတဲ့ တရုတ်ဟာ မြန်မာကိုတော့ တလေးတစားနဲ့ ဖြစ်ခဲ့ပါသတဲ့။
ဒီနေရာမှာ ကြားဖူးတာတစ်ခုက ဦးသန့် ကုလအတွင်းရေးမှူးချုပ်ဖြစ်တာ အင်မတန်တော်လွန်းတဲ့ ဦးသန့်ရဲ့    အစွမ်းအစအပြင် အားကောင်းခဲ့တဲ့ မြန်မာရဲ့ မိတ္တဗလ အရှိန်ကလည်း ရှိနေသေးလို့ဖြစ်တယ်တဲ့။

အဲဒီလို မိတ္တဗလ ကောင်းခဲ့တဲ့ မြန်မာဟာ အခုအချိန်မှာတော့ ဗလငါးတန်လုံးမှာ ချိနဲ့နေ ခဲ့ချိန် ရောက်နေ ခဲ့တယ်လေ၊ ဒီတော့လည်းကောင်းပါတယ် အားမရှိတဲ့ ကျနော်တို့နိုင်ငံအနေနဲ့ ဒီလိုတိုက်ပွဲမျိုးကို ရင်ဆိုင်ဖို့
 မလွယ်ကူလှပါဘူး။ ဒါကြောင့် အခုလို သမ္မတကြီး ရွေးချယ်လိုက်တဲ့ နည်းလမ်းသာလျှင် အကောင်းဆုံး ထွက်ပေါက်ဖြစ်မှာပါ။ ဒီအထဲ အဲဒီလူတွေထဲက နိုင်ငံကို သစ္စာစောင့်သိပြီး နိုင်ငံ့အကျိုးကို ဆောင်နိုင်မဲ့ သူတွေထွက်လာရင် အမြတ်ပေါ့၊ ဒါ့အပြင် တကယ်လို့သာ အလှူငွေကို အလှူရှင်တွေလည်း သဘော ကျအောင် ဒေသဖွံ့ဖြိုးရေး အထူးသဖြင့် ကျမ္မာရေးနဲ့ ပညာရေးမှာ သေသေချာချာ အသုံးပြုနိုင်ရင် နိုင်ငံတော်လည်း ဝန်မပိပဲ ကောင်းကျိုးတွေ ရနိုင်ပါသေးတယ်။

တွေးမိသလောက် နိုင်ငံရေးအကျိုးအမြတ် တွက်ကြည့်မယ်ဆိုရင် -

တကယ်လို့ အစိုးရရည်မှန်းထားတဲ့အတိုင်းသာ အကောင်အထည်ဖော်နိုင်ရင်တော့ အကျိုးနဲ့ အဆိုးတွေက ဒီလိုရှိနိုင်မလား -

သမ္မတကြီး ဦးသိန်းစိန်ခေါင်ဆောင်တဲ့ အစိုးရအဖို့
အကျိုး -အများချီးကျူးမှုနဲ့ လေးစာမှုရရှိမယ်၊ လိုအပ်နေတဲ့ သံတမန်ရေး မျက်နှာပွင့်မှု ပြန်ရလာ နိုင် မယ်၊ ချေးထုပ်ဒေသကို ပိုက်ဆံသိပ်မကုန်ပဲ ဖွံ့ဖြိုးအောင် လုပ်လို့နိုင်မယ်။ သိန်းနဲ့ချီတဲ့ ကုန်ထုတ် စွမ်းအား စု ကိုရမယ်။ (တခါက ဟာသအနေနဲ့ပြောဖူးတဲ့ ဂဟေဆော်တဲ့အတတ်ကိုသင်ပေးပြီး ပတ်စပို့စ်ထုတ်ပေးလိုက် ဆိုတာဟာမျိုးတွေကနေ နိုင်ငံခြားဝင်ငွေရနိုင်မယ်)
အဆိုး - မျိုချလို့မပျော်ဝင်ပဲ အရိုးစူးရင်တော့ ဝါဟာဘီလစ်ဇင်တွေရဲ့ သက်ကွင်းထဲရောက်သွားနိုင်တယ်။ ရခိုင်တိုင်းရင်းသားတွေ နဲ့ ဘာသာရေး လူမျိုးရေး အစွန်းထွက်သူတွေရဲ့ မကျေနပ်မှုကို ခံရနိုင်တယ်။

ဘင်္ဂါလီတွေအဖို့
အကျိုး - တစ်သက်လုံးအော်နေခဲ့တဲ့ နိုင်ငံသားဖြစ်ရေး အိပ်မက် အကောင်အထည်ပေါ်သွားမယ်။
အဆိုး - မြန်မာ။ ဘင်္ဂါလီ ဆိုတဲ့ မှတ်ပုံတင်ကြောင့် ရိုဟင်ဂျာဆိုတဲ့ အင်သမိုင်းနဲ့ သီခြားဒေသ (အာကစ္စတန် အိပ်မက်) ကို အပြီးအတိုင်ဖျောက်ပစ်လိုက်ရမယ်။

ရခိုင်တွေအဖို့
အကျိုး - စိတ်ချလုံခြုံမှုကို ပြန်ရနိုင်မယ်၊ ဖိအားတစ်ခုလိုဖြစ်နေတဲ့ မြောက်ပိုင်းဒေသ တိုးတက်ဖွံ့ဖြိုးရေးကို မွတ်ဆလင်အလှူရှင်တွေရဲ့ အလှူငွေနဲ့ တည်ဆောက်နိုင်မှာမို့ ပြည်နယ်ဘက်ဂျက်ထဲက အချို့ကို အလယ် ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ပိုသုံးစွဲနိုင်မယ်။
အဆိုး - ပြည်နယ်၊ ပြည်ထောင်စု နဲ့ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်နေရာ အနည်းဆုံး ၃ နေရာ စီလောက်က သေချာပေါက် ဆုံးရှုံးသွားမယ်၊ ပြည်နယ်ရဲ့ အရေးကိစ္စအားလုံးမှာ ဘင်္ဂါလီနွယ်တွေ ကို ပါဝင်ခွင့် သေချာပေါက်ပေးရတော့မယ်။

ကြံခိုင်ရေးပါတီအဖို့
အကျိုး - တကယ်လို့သာ ဘာသာရေးအမည်မတပ်ထားတဲ့ မွတ်ဆလင်ပါတီတစ်ခုခု ပေါ်ထွက်မလာရင် လွှတ်တော်တိုင်းရဲ့ အနည်းဆုံး ကိုယ်စားလှယ်နေရာ ၃ ခုစီလောက် သေချာပေါက် ရမယ်။
အဆိုး- ပြည်တွင်းမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြိုင်ဘက်ပါတီတွေရဲ့ နာမည်ဖျက်ထိုးနှက်စရာ ဖြစ်နေလိမ့်မယ်။

အင်န်အယ်ဒီအဖို့
အကျိုး - ကုလားပါတီဆိုပြီး နာမည်ဖျက်သူတွေရဲ့ အပုပ်ချထိုးနှက်ခံရတာမျိုး မရှိတော့ဘူး။ တကယ်လို့သာ ၂၀၁၅ လွန်မှာ အစိုးရဖွဲ့နိုင်လောက်တဲ့ အနေအထားမျိုးရှိရင် အခု သမ္မတကြီး ဦးသိန်းစိန် အစိုးရကြုံရတဲ့ အင်မတန်ခေါင်းခြောက်ဖို့ကောင်းတဲ့ ဒီဘင်္ဂါလီပြဿနာမျိုး မကြုံရတော့ဘူး။ ဖြစ်လာခဲ့ရခင်တောင် အခု လမ်းကြောင်း အတိုင်း ဆက်လိုက်သွားယုံပဲ။
အဆိုး - သူတို့ဘက်မှာ ရပ်တည်မပေးခဲ့ဘူးဆိုတဲ့ အသိနဲ့ အင်န်အယ်ဒီမှာ အဲဒီဒေသမှာ လွှတ်တော်တိုင်း အတွက် အမတ်နေရာ ၃ ခုစီလောက် ဆုံးရှုံးရနိုင်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲ မပျော်ဝင်နိုင်သေးတဲ့ ဘင်္ဂါလီအချို့ရဲ့ သီခြားအခွင့်အရေးတောင်းဆိုမှုမျိုးနဲ့ ကြုံရနိုင်တယ်။

ပြည်ထောင်စုနိုင်ငံတော်အဖို့
အကျိုး- နိုင်ငံတော်ရဲ့ လျှောက်လှမ်းနေတဲ့ ပွင့်လင်းတိုးတက်မှုလမ်းကြောင်းမှာ အနှောက်အယှက် ဖြစ်နေ တဲ့ ခလုပ်ကန့်သင်းတစ်ခု ဖယ်ရှားသွားမယ်၊ သိန်းနဲ့ချီတဲ့ ကုန်ထုတ်စွမ်းအားစုကို တရားဝင်ရမယ်၊ သန်းပေါင်း များ စွာသော ငွေကြေးအကူအညီတွေရမယ်၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး လုပ်ဖို့အတွက် အလှူရှင်တွေပေး မဲ့ ငွေတွေနဲ့ အသုံးပြုနိုင်မှာမို့ ဝန်အတော်ပေါ့သွားမယ်။
အဆိုး - ဘာသာရေးအမည်မတပ်ထားတဲ့ ဘာသာရေးရည်ရွယ်ချက်နဲ့ နိုင်ငံရေးပါတီတစ်ခု ပေါ်ထွန်းလာပြီး အနာဂါတ်မှာ အငြင်းပွားမှုတွေ ဖြစ်လာနိုင်မယ်။ မျိုးချစ်စိတ်အစွန်းရောက်သူ ရခိုင်တိုင်းရင်းသားအချို့ရဲ့ ဆန့်ကျင်ခြင်းကို ကြုံရနိုင်တယ်၊ လို့ တွေးမိပါတယ်။ တဖက်မှာလည်း မြန်မာလူ့အဖွဲ့အစည်းထဲ ပျော်ဝင်ဖို့ ဆန္ဒမရှိ တဲ့ ဘင်္ဂါလီတွေကို မျိုချလို့မနိုင်ရင် တစ်ချိန်မှာ သီးခြားအခွင့်အရေး တောင်းဆိုခြင်းကို မွတ်ဆလင်ညီအကိုများဆိုတဲ့ ဖိအားနဲ့ တောင်းဆိုဖိအားပေးခြင်းမျိုး ခံရနိုင်တယ်။

ဆိုတော့ ရခိုင်ပြည်မြောက်ပိုင်းမှာ မီးလျှံတွေတိတ်သွားဖို့က တသီးတသန့်ကြီး သူတို့အလေ့အထအတိုင်း ဖြစ်ချင်ဖြစ်နေခဲ့တဲ့ ဒီဘင်္ဂါလားအနွယ်တွေ မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာ့လူနေမှုအလေ့အထ ထဲ မှာ ပျော်ဝင် သွားဖို့နဲ့ မြန်မာ့လူနေမှုအလေ့အထကို မြတ်နိုးစွဲမြဲသွားဖို့က အင်မတန်အရေးကြီးသလို ရခိုင်တိုင်းရင်းသားတွေကလည်း သူတို့ကို နားလည်လက်ခံပေးဖို့ လိုအပ်မယ်ထင်ပါတယ်၊ ဒီတော့ အဓိကက ပညာရေး စီးပွားရေးနဲ့ အချိန်ပေါ့။

ကိုအောင်ဇင်လတ် ၏ ဖေ့ဘွတ်ခ် မှ ဆောင်းပါးအား ပြန်လည် ဖော်ပြပါသည် ။

No comments:

Post a Comment