Thursday 16 August 2012

၂၀ရာစုမြေခွေး ရုပ်ရှင်ကုမ္မဏီ မြန်မာနိုင်ငံသို့ခြေလှမ်းစပြီ။

၁၉၆၂ ခုနှစ် စစ်အာဏာရှင်အာဏာရယူပြီးနောက်ပိုင်း အာဏာရှင်တို့နှင့် ဆက်ဆံမှု မပြုလုပ်ခဲ့ပေမယ့် ယေ နမန်မာနိုင်ငံသည်ပြုပြင်ပြောင်းလဲရေးကိုဦးတည်နေပြီး အမေရိကန်အစိုးရရဲ့ စီးပွားဒါဏ်ခတ် ပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင် ကမ္ဘာကျော်အမေရိကန်ရုပ်ရှင်ထုတ်လုပ်ဖြန့်ချီရေးရုပ်ရှင် ကုမ္မဏီ တခုဖြစ်သော ၂၀ရာစုမြေခွေးကုမ္မဏီ (20th Century Fox)သည်မြန်နိုင်ငံအတွင်းဖျော်ဖြေရေး လုပ်ငန်းများစတင်ရန်ပြင်ဆင်နေကြောင်းနှင့် 20th Century Fox စတီဒီယိုဖွင့်မည်ဖြစ်ကြောင်းကို ကုမ္မဏီ၏ ဒုဥက္ကဌဖြစ်သူ Sunder Kimatrai မှ ထုတ်ဖေါ်ကြေငြာလိုက်သည်။
ပထမဆုံးခြေလှမ်းအဖြစ် တိုက်တင်းနစ် သရီးဒီရုပ်ရှင်ကားကို ရန်ကုန်မြို့တွင်စတင်ပြသမည်ဖြစ်ပြီး မြန်မာ့ ရုပ်ရှင်ပြသရေး၏ ၈၀ရာခိုင်နှုန်းပိုင်ဆိုင်မှုရထားသော မင်္ဂလာအုပ်စု ပိုင်ကုမ္မဏီဖြင့် စတင်မည်ဖြစ် သည်။ မြန်မာနိုင်ငံအတွက် ဖျော်ဖြေရေးကို သက်သာသောနှုန်းထား ရုံဝင်ခ ကျပ် ၃၀၀၀   ဖြင့် ပြသနို င်ရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံအတွင်း ၂၀ရာစုမြေခွေးကုမ္မဏီမှာထုတ်လုပ်သော ရုပ်ရှင် ကားများ ကို တရားမဝင်ထိုင်းနိုင်ငံမှတဆင့်မှောင်ခိုလမ်းကြောင်းဖြင့် ပြသနေသည်မှာ ဆယ်စုနှစ်၎စုကြာမြင့်ခဲ့ပြီဖြစ်သည်။

No comments:

Post a Comment