Wednesday 15 August 2012

ပြည်သူချစ်သော အမေ သို့ သမီးတစ်ယောက်ရဲ့ ဆန်ရေ



အမေရေ …..


အခုတလော အမေ့ကိုတွေ့ရတာ ညှိုးနွမ်းနေလို့ သမီးတစ်ယောက် အနေနဲ့ ရင်ထဲမှာ မချမ်းမြေ့ လိုက်တာ အမေရယ်။ အမေရဲ့ ကျက်သရေ ရှိတဲ့အပြုံး၊ ထက်မြက်တဲ့ အတွေးအခေါ်တွေကြောင့် အမေ့ကို လေးစား အားကျလို့ အမေ့လိုဖြစ်ချင်၊ အမေ့အနားမှာ နေချင်ခဲ့ပေမယ့် မနေနိုင်ခဲ့ဘူး။  ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူ့စည်းရုံးရေး ခရီးစဉ်တွေမှာ ပြုံးနေတဲ့ အမေ့ရဲ့မျက်နှာ နဲ့ ပည်သူတွေ အပေါ်ထားတဲ့ အမေ့ရဲ့ စေတနာတွေကြောင့် အမေဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲကျက်သရေ ရှိပြီး လှပနေခဲ့တာပါ။ 

ဒါပေမယ့် အမေတစ်ယောက် လွှတ်တော်ထဲရောက်ပြီး တာဝန်တွေပိုများလာတဲ့အခါ အမေ့မျက်နှာ မှာ အပြုံးဆိုတာ ရှားသွားတယ်လို့ ထင်မိပါတယ်။ အမေက အခုဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီရဲ့ ဥက္ကဌတာဝန်တွေကိုပါ ယူထားရတော့ အမေတစ်ယောက် ပြည်သူတွေအတွက် အရေးကြီးတဲ့တာဝန်တွေ ယူထားရပြီလို့ သမီးသိနေရပါတယ်။ လွှတ်တော်တက်လို့ ပင်ပန်းနေပေမယ့် အနားမနေတဲ့ အမေ့ကို လေးစားရင်း လေးစားလျက်ပါပဲ အမေ။ ဒါပေမယ့်အမေရယ် အမေ့အပြုံးတွေကို မမြင်ရတော့ အမေ့အတွက် သမီးတစ်ယောက် အနေနဲ့ စိုးရိမ်မိပါတယ်။ ကျန်းမာရေးမကောင်းတဲ့ကြားက အမေဟာ ကျန်းမာရေးကို ကိုယ့်အတွက်ကို ဂရုမစိုက်ပဲ ပြည်သူ့အတွက် အားကြိုးမာန်တက် အလုပ်လုပ်ခဲ့တယ်။
          သမီး အမေရဲ့ ရင်းနှီးတဲ့လူတွေကနေတဆင့်ကြားတာကတော့ အမေ့မှာ သားအိမ်ခေါင်းကင်ဆာ ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းကြားတော့ သမီးရင်ထဲတော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့်အမေရယ် …. အမေ့ကျန်းမာရေးကို အမေဂရုစိုက်ပါအုံးအမေ။ အမေကျန်းမာရေးက စိတ်ညစ်ခံ၊ စိတ်ရှုပ်ခံလို့မရဘူးဆိုတာ သမီးသိနေသလို အမေလည်းသိပါတယ်။ လိုအပ်ရင် ပြည်သူတွေကိုပေးတဲ့ အမေ့ရဲ့ အချိန်ထဲက နဲနဲလျော့ပြီး ပြည်ပမှာ Medical Checkup လေးလုပ်စေချင်ပါတယ်။ အမေ့ရဲ့ မိန်းမဘ၀ နောက်ဆုံးအချိန်မှာ အမေဟာ ပျော်ရွှင်စွာနဲ့ မကုန်ဆုံးခဲ့လို့ စိတ်ထိခိုက်ခဲ့ရမယ်ဆိုတာ မိန်းမချင်းမို့ တွေးကြည့်တာနဲ့ သိပါတယ်အမေရယ်။ အဲ့ဒါကြောင့် အခုလိုအချိန်မှာ အမေ့မှာ ခံစားနေရတဲ့ သားအိမ်ခေါင်းကင်ဆာ ပိုဆိုးလာမှာကို စိုးရိမ်မိပါတယ်။ အမေ ဆေးမှန်မှန်သောက်နေမယ်ဆိုတာ သမီးသိပေမယ့် အမေ့ရဲ့ အရယ်အပြုံးမရှိတဲ့ မျက်နှာလေးကို မြင်ရတိုင်းအမေ့ရောဂါ ပိုဆိုးလာတယ်လို့ သမီးထင်မိပါတယ်။ အစားအသောက် ပျက်တာလည်း ပျက်တာပေါ့ အမေရယ်။ ကျန်းမာရေးကိုတော့ အလေးထားပြီး ဂရုစိုက် စေချင်ပါတယ်။ အမေသာ မရှိတော့ရင် သမီးတို့လို ပြည်သူတွေရဲ့ ဘ၀က အကာအကွယ်မဲ့တဲ့ ရေပြင်ကျယ်က လှေကလေးလို မုန်တိုင်းဝင်မွှေမှာ စိုးမိပါတယ်။ အမေ့ မေတ္တာရိပ်မှာ ခဏတာခိုနားခွင့်ရတဲ့ သမီး တစ်ယောက် ရဲ့ သတိပေးစကားကို အမေ ကြားနိုင်ပါစေလို့ သမီး ဆုတောင်းပါတယ်အမေ.. အမေ့ရောဂါကို အမေကိုယ်တိုင် ဂရုစိုက်မှရမှာမို့ သမီးတစ်ယောက်အနေနဲ့ သတိပေးမိတာကို အမေဗွေယူမှာ မဟုတ်ဘူးလို့ သမီးထင်ပါတယ်။

အမေရဲ့ သမီးလေး
                                                                                                                  ဖြူစင်

No comments:

Post a Comment