Wednesday 15 August 2012

တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကြိုဆို

တူရကီနိုင်ငံခြားရေးဝန်ကြီး၏အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)မှအရာရှိများ၏မကြာ     သေးမီ က သွားရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်အား မြန်မာနိုင်ငံဆိုင် ရာကုလသမဂ္ဂထိပ်တန်းကိုယ်စားလှယ်က ကြိုဆို လိုက်သည်။

''ယင်းသို့ အပြုသဘောဆောင်သော ခြေလှမ်းများ က မြန်မာနိုင် ငံတွင်ဆက်လက်ဖြစ်ပေါ်နေသောဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်ပြုပြင် ပြောင်းလဲမှုကို အထောက်အကူပြုသွားလိမ့်မ်ဖြစ်ကြောင်း "
တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတိုဂလူဦးဆောင်သော အချက်အလက်ရှာဖွေရေး အလည်အပတ် ခရီးအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးဖြစ်သူ မစ္စတာ ဗီဂျေနမ်ဘီးယာ၏ ထုတ်ပြန် ချက် ကဖော်ပြသည်။

တူရကီကိုယ်စားလှယ်အဖွဲ့သည်ရခိုင်ပြည်နယ်ရီးစဉ်အတွင်းပဋိပက္ခကြောင့်  ရွှ့ပြောင်းနေထိုင်နေ ရသော နှစ် ဘက် ဒုက္ခသည်များ၏ ယာယီစခန်များသို့ သွားရောက်ခဲ့ပြီး တူရကီနိုင်ငံက ထောက် ပံ့လိုက်သော လူသးချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေး အပ်ခဲ့သည်။ ယင်းမှာ ကုလသမဂ္ဂ အပြင်အခြားပြင်ပမှ ပေးအပ်သော ကူညီထောက်ပံ့မှုကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် လက်ခံခြင်းဖြ စ်ကြောင်း မစ္စတာ နမ်ဘီယာ၏ ကြေညာချက်တွင် ဖော်ပြသည်။ 
 
ref:7daynews

No comments:

Post a Comment