Wednesday 15 August 2012

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတကသိုလ် (ရန်ကုန်)သို့ ကိုလံဘီယာ နိုင်ငံနှင့် နီပေါနိုင်ငံတို့မှ လာရောက် လေ့လာ

ကိုလံဘီယာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့သည် သြဂုတ် ၁ဝ ရက် နံနက် ၁ဝ နာရီက ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ် ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) သို့လာရောက်ပြီး ဌာနတစ်ခုချင်း အလိုက် ကျောင်းသား၊ ကျောင်းသူများ စာတွေ့ လက်တွေ့  သင်ကြား နေမှုများ ကို ကြည့်ရှု လေ့လာ ကြသည်။
အလားတူ နီပေါနိုင်ငံ Film Development Board (FDB) ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်သို့ လာရောက်ပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဦးကျော်ဦးနှင့် ဌာနမှူးများ၊ ကထိကဆရာ၊ ဆရာမများ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ယဉ်ကျေးမှု  ပူးပေါင်း ဖလှယ်ရေး၊ နှစ်နိုင်ငံ တက္ကသိုလ်များ ပူးပေါင်း ဆောင်ရွက် နိုင်မှု၊ နှစ်နိုင်ငံ အကြား ရုပ်ရှင်နယ်ပယ် ၌  ပူးပေါင်း ဆောင်ရွက် မှုနှင့်  အပြန်အလှန် ဖလှယ်မှု များကို ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ အဖွဲ့သည် စာသင်ကြား နေမှု၊ အက သင်ကြား နေမှု၊ ပန်းချီ ရေးဆွဲ နေမှု၊ ပန်းပု ရုပ်တု ထုလုပ် နေမှု နှင့် ရုပ်ရှင် လက်တွေ့ ရိုက်ကူးနေမှု တို့ကိုလည်း လေ့လာ ကြည့်ရှု ကြပြီး ရုပ်ရှင်နှင့် ပြဇာတ် ပညာ ဌာနမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ များ၏ ကျောင်းဆင်း လက်ရာမွန် ရုပ်ရှင် ဇာတ်လမ်း များကို ကြည့်ရှု ခဲ့ကြကြောင်း သတင်းရ ရှိသည်။

No comments:

Post a Comment