Wednesday 15 August 2012

အသိအမှတ်ပြု အကောင့် ပုံစံသစ်ကို Google ၏ လူမှုကွန်ရက်ဆိုက်တွင် ထပ်ဆောင်း ထည့်လာ

Google ကုမ္ပဏီမှာ ၎င်း၏ အွန်လိုင်း လူမှုကွန်ရက် ဝက်ဆိုက်အတွင်း အသုံးပြုသူများကို Facebook နှင့် Twitter  တို့တွင် ပေးထားသည့် အသိအမှတ်ပြုအကောင့် ပုံစံကဲ့သို့သော ပုံစံသစ် တစ်မျိုးကို  စတင် ဝန်ဆောင်မှု ပေးလိုက်ပြီ ဖြစ်ကာ အသုံးပြုသူ အချို့ အနေဖြင့် ၎င်းတို့၏ သီးသန့် Google+ စာမျက်နှာထက် တွင် အမည်များကို တင်နိုင်တော့မည် ဖြစ်သည်။



ယခုလို အကောင့်များတွင် နာမည်ကျော်များ ဖြစ်သည့် ဘောလုံးသမား David Beckham , သရုပ်ဆောင် Hugh Jackman , အဆိုရှင် Britney Spears , နှင့် ဂျပန်နိုင်ငံမှ ကားထုတ်လုပ်သူ Toyota တို့၏ အမည်များ ရှိနေပြီး ဖြစ်ကာ နောက်ပိုင်းတွင် အခြားသော လုပ်ငန်းများနှင့် လူတစ်ဦးချင်း အနေဖြင့်လည်း အသုံးပြုခွင့် ရရှိတော့မည် ဖြစ်ကြောင်း Google ၏ ထုတ်ကုန် မန်နေဂျာ ဖြစ်သူ Saurabh Sharma မှ ပြောကြားခဲ့သည်။  Google+ မှာ ယမန်နှစ်က လူမှုကွန်ရက် ဝက်ဆိုက်တစ်ခု ဖြစ်သည့် Facebook ကို ပြိုင်ဆိုင်ရန် အတွက် ပေါ်ထွက်ခဲ့ခြင်း ဖြစ်ပြီး ယခုလို အဆင့်မြှင့်တင်မှု အသစ်များကို ပြုလုပ်နေခြင်း ဖြစ်သည်။

No comments:

Post a Comment