Wednesday 15 August 2012

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စ အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်း သတင်းစာရှင်းလင်း


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ သို့ရောက် ရှိနေသော စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်းစု( AmCham Singapore Business ) ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်ည ၇ နာရီ က   ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြုပ်နှံရန် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ စက်မှုကုန်သည်လုပ်ငန်းရှင်များအသင်း

တာဝန်ရှိသူများ နှင့် သြဂုတ်လ ၁၂ ရက်မှ ၁၅ ရက်ထိ ရန်ကုန်နှင့်နေပြည်တော် တို့တွင်တွေ့ဆုံဆွေးနွေး မှုများပြုလုပ်ခဲ့သည်။


၎င်းလုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိုင်တီနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ စသဖြင့် မြန်မာနိုင်ငံပိုမိုဖွင့်ဖြိုးတိုးတက်မှုဖြစ်စေမည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ မှုများပြုလုပ်သွားရန်ရှိကြောင်း၊ မြန်မာပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေရန်နှင့် ပိုမိုသက်တောင့် သက်သာဖြစ်စေရန် ပွင့်လင်းမြင်သာသော ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းစု အကြီးအကဲဖြစ်သူ မစ္စတာ ဆိုင်မွန်ခန့်ဟ်( Mr. Simon Kahn) ကသတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။
 
ref:popular

No comments:

Post a Comment