ဆယ့်တစ်ကြိမ်မြောက် တရားခွင်မှာ စတုတ္တမြောက် တရားလိုသက်သေ အဖြစ်
မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၃)က ဘဏ်မန်နေဂျာ ဦးအောင်ကိုကို, ကို
နှစ်ဖက်အကျိုးဆောင်တွေ မေးကြမယ်။ တရားလို အကျိုးဆောင် ဥပဒေဝန်ထမ်းကတော့
ဘဏ်မန်နေဂျာရဲ့ အမည်၊ ရာထူး၊ အသက်၊ လက်ရှိဘဏ်မှာ တာဝန်ထမ်းဆောင် ခဲ့တဲ့ လုပ်သက်
အဲဒါတွေကို အရင်မေးတယ်။ ဘဏ်(၃)ကို သတ္တုတွင်းဝန်ကြီးဌာနက ဘယ် လိုငွေသွင်းတယ်၊
ငွေစာရင်းအမှတ်ဘယ်လောက်နဲ့ ဘဏ်စာရင်းဖွင့်တယ်။ ဝင်လာ တဲ့ ငွေက
မြန် မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကတစ်ဆင့် အစိုးရသတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့
ကျပ်ငွေစာရင်းနဲ့ဝင် လာ တယ်၊ ငွေစာရင်းလာဖွင့်တဲ့သူ နာမည်နဲ့ ရာထူး အဲဒါတွေကို
ရှင်းပြတယ်။
ကျနော့်အကျိုးဆောင်ရှေ့နေ ဦးဝင်းရွှေကလည်း ဒီတရားလိုသက်သေက
သိပ်အရေးမကြီးလှဘူးဆိုတာ သိနေတဲ့အတွက် မေးခွန်းများများ မမေးဘူး။ ဘဏ်ကို ဝင်လာတဲ့
ငွေက ကျပ်ငွေနဲ့ ဆိုတော့ အမေရိကန်ဒေါ်လာ သန်းတစ်ရာနဲ့ ညီတယ်ဆိုတာ
သိပါသလားလို့မေးတော့ ဘဏ်မန်နေဂျာက အဲဒီတုန်း က ငွေလဲနှုန်းနဲ့ဆိုရင် ဟုတ်ပါတယ်။
သိပါတယ်လို့ဖြေတယ်။
ဘဏ်ကို လာလွှဲတဲ့ ငွေက တရုတ်နိုင်ငံ ဟောင်ကောင်ကုမ္မဏီ
ဝမ်ဘို ဆီကနေ လွှဲတာကိုကော သိပါသ လားလို့မေးတော့ တရားသူကြီးက ဒီကိစ္စက
ဘဏ်မန်နေဂျာတစ်ယောက်အနေနဲ့ ငွေတိုက်ရိုက်လာလွှဲတဲ့ အဖွဲ့အစည်းကိုပဲ သိတယ်ဆိုတာ
စောစောက ထွက်ဆိုချက်ထဲမှာ ပါသွားပြီး ဖြစ်တဲ့အပြင် သူလည်း မသိနိုင် တဲ့အတွက်
မေးစရာမလိုဘူးလို့ ဆိုတယ်။ အဲဒါနဲ့ ဦးဝင်းရွှေက မေးခွန်းပြောင်းမေးတယ်။
The
Voice မှာ ဖော်ပြခဲ့တဲ့ သတ္တုတွင်းဝန်ကြီးဌာန နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ သတင်းက
ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီကို စာရင်းစစ်ချုပ်ရုံးက တင်တဲ့ အစီအရင်ခံစာအပေါ်
မူ တည်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပြောတဲ့အတိုင်း ရေးသားထားတာကိုကော
သိပါသလား လို့မေးတယ်။ အဲလိုရေးထားပေမယ့် အဲဒီအတိုင်း ဟုတ်မဟုတ်ဘယ်သိနိုင်မလဲ၊
ပြောမယ်ဆိုရင် တခြားပြော စရာတွေရှိတယ်လို့ ဆိုတော့ ဦးဝင်းရွှေက ဟုတ်တယ်၊ မဟုတ်ဘူး၊
တွေ့တယ်၊ မတွေ့ ဘူးပဲ ဖြေပါ လို့ ပြောရ တယ်။ တရားသူကြီးကတော့ ဦးဝင်းရွှေကို
သက်သေခံအဖြစ်တင်ထားတဲ့ The Voice သတင်းစာစောင် ကိုပြပြီး မေးဖို့၊ တရားလိုသက်သေကို
ဖတ်ခိုင်းဖို့ ပြောပြီး တရားလိုသက်သေကိုလည်း မေးတာကိုသာ ဟုတ်တယ်၊ မဟုတ်ဘူး၊
သိတယ်မသိဘူးဖြေဖို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ရှင်းပြတယ်။ တရားသူကြီးကြည့်ရတာ ဒီနေ့
အတော် စိတ်ရွှင်လန်းနေပုံပဲ။ ဘဏ်မန်နေဂျာကိုလည်း တော်တော်ကို မွန်မွန်ရည်ရည်
ဆက်ဆံတယ်။ ဘဏ်မန်နေဂျာက အဲဒီတော့မှ တွေ့ပါတယ် လို့ဖြေတယ်။
ဦးဝင်းရွှေက
မေးစရာဒီလောက်ပါဘဲလို့ ဆုပြီးတာနဲ့ တရားသူကြီးက နောက်တစ်ကြိမ်ရုံးချိန်းမှာ
တရားလို ဖက်က မူလတင်ပြထားတဲ့ နောက်ထပ် တရားလိုပြသက်သေကို ထပ်မစစ်တော့ဘဲ ဒီအမှု
စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ချက်ချမယ်လို့ဆိုပြီး လာမယ့် သြဂုတ်လ ၂၃
ထုံးစံအတိုင်း ကြာသပတေးနေ့မှာ ဆယ့်နှစ်ကြိမ်မြောက် ရုံးချိန်းအဖြစ် သတ်မှတ်တယ်။
ဒီနေ့တရားခွင်ကတော့ တစ်နာရီတောင် မပြည့်တတ် ဘူး။ သက်သေက သိပ်အရေးမပါလှတာလည်း
ပါတာပေါ့။
တရားလိုသက်သေ ဦးအောင်ကိုကိုက အသက် ၃၆နှစ်ကျော်လောက်ပဲရှိသေးတယ်။
ဒီအသက်အရွယ်နဲ့ ရန်ကုန်မြို့တော်က နာမည်ကျော် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃)မှာ
မန်နေဂျာဖြစ်နေတာကတော့ ထူးခြားတယ် လို့ဆိုရမယ်။ ကျနော်သာရှေ့နေဆိုရင် သူ့ကို
မေးခွန်းတချို့မေးဖြစ်မှာဘဲ။ အမှုအတွက် အထောက်အ ကူဖြစ်နိုင် တယ်လို့ ထင်တယ်လေ။
ဒီရာထူးကိုရတာ ဘယ်နှနှစ်ရှိပလဲ၊ ဘာဘွဲ့ရထားတာလဲ၊ ဘဏ်နဲ့ ငွေကြေး ဆိုင်ရာ
ဘာသာရပ်တစ်ခုခုမှာ မဟာဘွဲ့သင်တန်း၊ အနိမ့်ဆုံး ဒီပလိုမာသင်တန်း တက်ထား သလား စသဖြင့်
ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လောက် ကျွမ်းကျင်နှံ့စပ်မှုရှိ လဲဆို တာ
ပေါ်လွင် သွားအောင် မေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်မန်နေဂျာအဆင့်ဆိုတာ သာမန်အားဖြင့်
လုပ်သက်၊ အတွေ့အကြုံ ကျွမ်းကျင်မှုအရ ဆယ့်ငါးနှစ်လောက် အနည်းဆုံး သက်တမ်းရှိမှ
မန်နေဂျာအဆင့်နဲ့ စီမံခန့်ခွဲကြီးကြပ်နိုင်တာ။ ဒါပေမဲ့ ကျနော် တနေ့ကပြောခဲ့သလို
အနှစ်၂၀လောက်အတွင်း တပ်မတော်က အရာရှိငယ်တချို့ ဌာနဆိုင်ရာတွေမှာရှိတဲ့
ထိပ်ပိုင်းရာထူးတွေကို တိုက်ရိုက်ခန့်ထားခံရတယ်။ များသောအားဖြင့် တပ်ထဲမှာ
ဆရာတော်ခဲ့သူတွေ ဝန်ကြီးတို့ ညွှန်ချုပ်တို့ဖြစ်သွားတဲ့အခါ တပ်က တပည့်တွေ ကို
ချီးမြှင့်မြှောက်စားတဲ့အနေနဲ့ အရပ်ဖက်ပြောင်းခိုင်းပြီး ရာထူးကြီးတွေပေးလေ့ရှိတယ်။
ဒါကလည်း ကုန်ခဲ့တဲ့ အစိုးရသက်တမ်းတစ်လျှောက် အားလုံးဒီလိုပဲလုပ်ခဲ့ကြတာ။
စက်ရုံမှူးလိုနေ ရာမျိုးဆိုရင် ထားပါတော့။ သိမ်မွေ့သလောက် နက်နဲခက်ခဲတဲ့
ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်း လို နေရာမျိုးမှာတော့ တော်ရုံတန်ရုံနဲ့ မရဘူး။
ဒါမျိုးက အပေါ်ကခန့်လို့ရတယ်လို့ ကျနော်တော့ တယ်မ ထင်လှဘူး။ ထားပါတော့လေ။
ကျနော့်အနေနဲ့ သတင်းသမားစိတ်နဲ့ ၊ ယထာဘူတကျကျ တွေးကြည့်မိတာ။ ကာယကံရှင်ကတော့
ဘယ်လိုနည်းနဲ့ မန်နေဂျာဖြစ်လာတယ်ဆိုတာ သူ့ဘာသာအသိဆုံးဖြစ်မှာပေါ့။ တကယ်တော့
ကျနော်တို့ကို နာမည်ခံတရားစွဲတဲ့ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းက ညွှန်ကြားရေးမှူး
ဦးဇော်ကိုကို ကိုယ်တိုင် အရင်က ဗိုလ်မှူးဟောင်းလေ။ ဌာနဆိုင်ရာအားလုံးမှာ တပ်ကနေ
အရပ်ဖက်ပြောင်း လာတဲ့ အရာရှိတွေအနည်းနဲ့ အများဆိုသလို ရှိကြတာချည်း။ တကယ်
တတ်မတတ်ကတော့ အဲဒီဌာနထဲက တကယ်တတ်တဲ့သူတွေနဲ့ ကာယကံရှင်ကိုယ်တိုင်ပဲ သိမယ်။ ဒါမေမဲ့
“ဒီဌာနမှာ ငါလောက်သိတဲ့သူမရှိဘူး။ ငါသာအသိဆုံး” လို့ မနေ့တနေ့ကမှ တပ်ကနေ
ဌာနဆိုင်ရာကို ရောက်လာတဲ့သူကလည်း ပြောနေတော့ ခက်တော့ အခက်သား။
ဘာပဲပြောပြော
နောက်ရုံးချိန်းမှာတော့ မြို့နယ်ရုံးရဲ့ အဆင့်တစ်ဆင့်တော့ ပြတ်သွားမယ်။
စွဲချက်တင်တာ လက်ခံရင် ဆက်စစ်၊ လက်မခံရင် ပြီးပြီ။ ဘာမှဆက်လုပ်စရာမလိုတော့ဘူး။
ကျနော့်အ ထင် ဖြစ်နိုင်ချေ က နှစ်ခုစလုံးမှာရှိတယ်။ တရားသူကြီးရဲ့ ဒီနေ့တရားခွင်မှာ
စိတ်လက်ပေါ့ပါးနေပုံကိုကြည့်ရင် အထက်က (တရားလွှတ်တော်ချုပ်၊
ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုခု၊ အစိုးရအဖွဲ့၊ သမ္မတရုံး) ညွှန်ကြားချက်
တစ်ခုခု ရထား လို့ဖြစ်မယ်လို့ တွေးမိတယ်။ စွဲချက်ကို လက်ခံပြီး အထက်ရုံး (ခရိုင်၊
တိုင်းဒေသကြီး)ကို လွှဲလိုက်တာ မျိုးဖြစ်နိုင်သလို နှစ်ဖက်အကျိုးဆောင်ရှေ့နေတွေ
အပြန်အလှန်မေးထားတဲ့ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေ ကို ကြည့်ပြီး
စွဲချက်မမြောက်တဲ့အတွက် ရုံးတော်က လက်မခံတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။
ကျနော့်အတွက်တော့ ဘာမှသိပ်မထူးလှဘူး။
မကြာသေးခင်က ကျနော်တို့
သတင်းစာစောင်မှာ ဝန်ကြီးအပြောင်းအရွှေ့ရှိတဲ့သတင်း အပါအဝင်
၆၂ခုနှစ်ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေ၊
ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ အတွက် ထုတ်ဝေ ခွင့် ယာယီရပ်ဆိုင်းလိုက်တဲ့အကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နဲ့ မှတ်ပုံ တင်ဌာ နက အကြောင်းကြားခံရတယ်။
တိုတိုပြောရရင် ကျနော်တို့ ခြောက်ကြိမ်မြောက် အပိတ်ခံရ တယ်ပေါ့။ ကျနော်
ဒီတစ်ကြိမ်မှာ တော်တော် ဒေါသဖြစ်မိတယ်။ ငါးကြိမ်မြောက်တုန်းကတော့ စိတ် မကောင်း
ဝမ်းနည်းဖြစ်ရတယ်။ ငါးကြိမ်မြောက်အထိ ဘယ်လိုနာမည်ခံထားထား တပ်မတော်က အုပ်ချုပ်နေ တဲ့
စစ်အုပ်ချုပ်ရေးအသွင်သဏ္ဍန်ဖြစ်တဲ့အတွက် သိပ်ပြောစရာမရှိဘူး။ ဒါတောင် ကျနော်တို့ကို
အစိုးရနဲ့ပေး စားပြီး အုပ်စုခွဲနေတဲ့သူတွေအများကြီး။ အခုအကြိမ်ကတော့
အရပ်သားအစိုးရအသွင်ပြောင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်နေပါပြီလို့
တိုင်းသိပြည်သိ၊ ကမ္ဘာသိကြေညာ၊ လက်တွေ့လည်းလုပ်နေပါပြီလို့ ဆိုနေတဲ့အချိန်ဖြစ်တာက
တစ်ကြောင်း၊ ကျနော်တို့ရေးလိုက်တဲ့သတင်းက ဒီလောက်အရေး ယူရလောက်အောင် အထိ
အပြစ်ဖြစ်တဲ့အကြောင်းအရာ မဟုတ်တာကတစ်ကြောင်း၊ တစ်လျှောက်လုံး
အတိုက်အခံဆိုတဲ့သူတွေရဲ့ အဆိုအဆဲ၊ အပေးစားခံပြီး ကိုယ်ယုံကြည်ရာကို ရိုးသားစွာ
ရပ်တည်ရေးသား ခဲ့တဲ့အပြင် ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး သမ္မကြီးအပေါ်
ဘန်ကောက်ပို့စ်ရဲ့ ရေးသားချက်ကိုတောင် သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကိုယ်စား၊
ပြည်သူတစ်ရပ်လုံးကိုယ်စား တုန့်ပြန်ပေးခဲ့တဲ့ ကျနော်တို့အပေါ် ဒီလောက် အထိ
အရေးယူလိုက်တာက တစ်ကြောင်းကြောင့် ကျနော် အတော့်ကို
ခံပြင်းဒေါသထွက်မိတယ်။
စဉ်းစားကြည့်လေ။ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်ကာလကဆိုရင်
ဒီနိုင်ငံနဲ့ ပြည်သူလူထု ကိုကော နိုင်ငံရေး ပါတီတွေကိုကော ငြိမ်းငြိမ်းချမ်းချမ်း
ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ဆိုရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့နဲ့ မဲပေးကြ ဖို့
နည်းလမ်းက လောလောဆယ် လူကြိုက်မများပေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဆရာနေပြော တဲ့
Best alternative လို့ တိုက်တွန်းခဲ့တယ်။ ဘာကြောင့်တိုက်တွန်းရလဲဆိုတော့
လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးအမတ်တွေချည်း ဖြစ်သွားလို့မရဘူး။ အနိမ့်ဆုံးအဆင့်
ပြည်သူလူထုရဲ့ အသံကို ပဲ့တင်ထပ်ပေးနိုင်မယ့်၊ ပြည်သူလူထုအကျိုးစီးပွားနဲ့
ဆန့်ကျင်နေတဲ့ အဆိုတွေကို ကန့်ကွက်ပေးဖို့ ဒီမိုကရေစီ လိုလားတဲ့ လွှတ်တော်အမတ်တွေ
လွှတ်တော်ထဲ ရောက်နေဖို့လိုတယ်၊ ပြီးတာနဲ့ ဥပဒေပြုရေး ကဏ္ဍနေ နိုင်ငံတည်ဆောက်ရေး၊
ဒီမိုကရေစီအုတ်မြစ်ချရေး၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ ဥပဒေတွေပြဌာန်းနိုင်ရေး၊
မလိုလားအပ်တဲ့ ဥပဒေတွေ ပယ်ဖျက်ရေး၊ ခေတ်နောက်ကျနေတဲ့ ဥ ပဒေတွေ ပြင်ဆင်ဖြည့်စွက်ရေး၊
အမြင့်ဆုံးအဆင့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရေစီစနစ်နဲ့ မဆီလျော်တဲ့
အချက်တွေ ပြင်ဆင်ရေးအထိ လုပ်လို့ရဖို့အတွက် တိုက်တွန်းခဲ့တာ။ ဒါပေမယ့် အဲဒီအချိန်က
ကျနော်တို့ကို အတိုက်အခံလို့ဆိုတဲ့သူတွေအားလုံးနဲ့ ပြည်ပအခြေစိုက်မီဒီယာတွေအားလုံး
လိုလိုက အစိုးရ လူ၊ ရွေးကောက်ပွဲထောက်ခံ သူအဖြစ် တံဆိပ်ကပ်ပြီး ဝိုင်းဆဲခဲ့ကြတယ်။
ကိုယ့်အတွက် အားသာချက် ကဘာ၊ အားနည်းချက်ကဘာဆိုတာ ခွဲခွဲခြားခြားမပြောနိုင်ဘဲ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ခဲ့ကြတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြတယ်။
ဒီ့ထက်ဆိုးတာက ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့
ဆန္ဒမဲပေးပိုင်ခွင့်ကို ဒီမိုကရေစီနည်းမကျစွာ မဲမပေးရေး လှုံ့ဆော်ခဲ့တယ်။
အဲလိုအချိန်မျိုးမှာတောင် တိုင်းရင်းသားပါတီတွေကို ရွေးကောက်ပွဲဝင်ကြဖို့
ဒီမိုကရေစီအရေး သေချာ အလုပ်လုပ်ပေးမယ့် ပါတီတွေကို မဲပေးကြဖို့ ပြည်သူလူထုကို
ဆော်သြတိုက်တွန်းခဲ့တယ်။ ကျနော်တို့ရဲ့ ရိုးသားမှုနဲ့ စေတနာကို နားလည်ခံစားတဲ့
လူထုအချို့က မဲပေးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် အခြားတစ်ဖက်မှာ လည်း ကျနော်တို့
ထပ်ပြီး အဆဲခံရပြန်တယ်။ အတိုက်အခံလို့နာမည်တပ်ထားတဲ့သူတွေ ဆဲတာထားလိုက်အုံး၊
နောင်တချိန် တိုင်းပြည်ရဲ့ ခေါင်းဆောင်တာဝန်ကိုယူကြမယ့် သူအချို့ကလည်း
သူတို့ရထားတဲ့ သတင်းအချက်အလက်နဲ့ ကျနော်တို့ကို အထင်လွဲတာခံရပြန်တယ်။
တစ်ချိန်တည်းမှာပဲ အစိုးရက ကျနော်တို့ကို ခြောက်ကြိမ်ပိတ်တယ်၊
တရားစွဲတယ်။
ဒီနေ့အချိန်အထိ အစိုးရဆီက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးပြီး
လျှောက်လွှာတင်တောင်းရတဲ့ ကိုယ်ပိုင်တယ် လီဖုန်း တစ်လုံးယူထားတာ (လျှောက်လွှာမှာ
ငှားရမ်းသုံးစွဲခွင့်ပြုပါရန်လို့ရေးရတယ်။ ကျနော်ကတော့ ဒီနေ့အချိန်ထိ
မြန်မာ့ဆက်သွယ်အရေးက ပြည်သူလူထုအပေါ် အင်မတန် လွန်လွန်ကဲကဲ အပေါ်စီးယူထားတဲ့
စည်းကမ်းနဲ့ ဈေးနှုန်းကြောင့် ကိုယ်ပိုင်ဝယ်မကိုင်ဘူး။ လာအို၊ ကမ္ဘောဒီးယားလို
နိုင်ငံတွေနဲ့ယှဉ်တောင် လုံးဝမတန်ဘူးထင်လို့။ ကျနော်နှမ အငယ်ဆုံး ဒေါ်လာထောင့်ငါးရာ၊
အဲဒီတုန်းက မြန်မာငွေ ကျပ်ဆယ့်ခြောက် သိန်းကျော်ကျော်နဲ့ မြန်မာ့ဆက်သွယ်ရေးကနေ
ငှားရမ်းသုံးစွဲထားတဲ့ ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း ကို ပြန်ငှားသုံးနေတာ)၊
အစိုးရဝန်ကြီးတချို့နဲ့ အလွမ်းသင့်အောင်ပေါင်းပြီး ဝန်ကြီးဌာနပိုင်နေ ရာတစ်ခုကို
ရုံးခန်းအဖြစ်ငှားထားတာ လုံးဝ(လုံးဝ)မရှိတဲ့အပြင် ဟိုတယ်/ခရီး ဆီက
နှစ်ရှည်ငှား အလုပ်လုပ်နေတဲ့ ကုမ္မဏီကတစ်ဆင့် ပြန်ငှားနေတဲ့ သမ္မဟိုတယ်ကနေတောင် ခဏခဏ
မောင်းချခံရ တယ်။ အကြောင်းကြောင်းကြောင့် သုံးကြိမ်လောက်မှာ လစာထပ်တိုးတိုးပေးရင်း
ဆက်နေခွင့်ရခဲ့ပေ မယ့် လေးကြိမ်မြောက်လောက်မှာ မနေနိုင်တော့လို့ ဆင်းလာရတယ်။
ကျနော်ဒါတွေကို ပြောနေတာ အကြောင်းမဲ့မဟုတ်ဘူး။ ကျနော်တို့
ပြည်တွင်းသတင်းမီဒီယာတွေဆိုတာ (အကုန်လုံးကိုတော့ မသိပါ) ကိုယ့်ချွေးနှဲစာနဲ့
ကကြီးခခွေးကနေ စပြီး ဂ္ဂဇင်းထုတ်၊ ဂျာနယ်ထုတ်ခဲ့ကြရတာ။ အဲကွန်းခန်းထဲမှာ
ဇိမ်နဲ့ ထိုင်ပြီး ပရိုပိုဇယ်ရေး၊ ဘတ်ဂျက်တောင်း၊ သူများအထောက်အပံ့နဲ့ ရပ်တည်ပြီး
အထောက်အပံ့ပေးသူ အကြိုက် လုပ်လာခဲ့တဲ့ မီဒီယာမဟုတ်ဘူး။ အရှုံးခံ၊ အကြွေးအတင်ခံ၊
ပညာမတတ်ဘာမတတ် စက္ကူရောင်းစာ တဲ့ တရုတ်က “ပိုက်ဆံမရှိရင် ဂျာနယ်ထုတ်မနေနဲ့” လို့
အပေါ်စီးကနေ အပြောခံပြီး ဒီနေ့ဒီ အခြေအေ နရောက်အောင် ကိုယ့်အားကိုယ်ကိုးပြီး
စာဖတ်ပရိသတ် ပြည်သူ လူထုနဲ့ ကြော်ငြာ ရှင်တွေရဲ့အားပေးမှုနဲ့ နိုင်ငံအကျိုး၊
ပြည်သူလူထုအကျိုး ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် တာဝန်သိသိ တတ်နိုင်သလောက်
ထမ်းဆောင်လာခဲ့တာ။ ပြည်သူ့ဘဏ္ဍာငွေ လစာရိက္ခာ စားပြီး တိုင်းပြည်တာဝန်
ထမ်းဆောင်နေပါ တယ်လို့ ပြောနေတဲ့သူတွေ၊ ပြည်ပအခြေစိုက် အဖွဲ့အစည်းအမျိုးမျိုး ဆီ ကနေ
ထောက်ပံ့ကြေးယူပြီး အသံကောင်းဟစ် ကင်ပိန်းလုပ်နေတဲ့သူတွေနဲ့ ကြိုက်တဲ့နေရာမှာ
ယှဉ်လိုက်။ ဘယ်သူ က တိုင်းပြည်ပိုချစ်လဲလို့
မှတ်ကျောက်အတင်ခံဝံ့တယ်။
တကယ်တော့ မှားတာ၊ မှန်တာ အသာထား၊
သတ္တုတွင်းဝန်ကြီးဌာနရဲ့ လုပ်ရပ်ကမှ ဒီမိုကရေစီနဲ့ညီသေး တယ်။ ကျနော့်ဖက်က
ဥပဒေကြောင်းအရ လွတ်လွတ်လပ်လပ် တုန့်ပြန်ချေပခွင့်ရှိတယ်။ ဘာ မပြောညာမပြော ကိုယ့်အတ္တ၊
ဒေါသ၊ စိတ်ခံစားချက်သက်သက်နဲ့ ပြည်သူနဲ့ တိုင်းပြည်ကို အတိုင်းအတာတစ်ခုလောက်အထိ
အကျိုးပြုနေတဲ့ သတင်းစာစောင်တစ်ခုကို ပိတ်ပင်လိုက်တာက ဒီမိုကရေစီနဲ့ တကယ့်ကို
ဝိရောဓိဖြစ်သွားတယ်။ လာမယ့် ၂၃ရက် ကြာသပတေးနေ့မှာတော့ မြန်မာနိုင်ငံ
တရားရေးနဏ္ဍိုင်ရဲ့ ပကတိအခြေအနေကို အကြမ်းဖျင်းသိရတော့မယ်။ သိပ်တော့လည်း
မမျှော်လင့်ပါဘူး။ ကျနော်တို့ စေတနာ တစ်နည်းအားဖြင့် ကျနော်တို့ ပြုထားတဲ့
ကံအတိုင်း ကျနော်တို့ပြန်ရမယ်။ ကျနော်တို့ကသာ တိုင်းပြည်နဲ့ လူထုအတွက် စေတနာ
ထားခဲ့ရိုးမှန်ရင် ကျနော်တို့မီဒီယာအလုပ်ကို အနှောက်အယှက်ကင်းကင်း လွတ်လွတ်လပ်လပ်
စိတ်ချမ်းချမ်းသာသာ လုပ်ခွင့်ရပါစေ၊ ကျနော်တို့ကို အပြစ်ဒဏ်သင့်စေချင်တဲ့ သူတွေဘက်က
တိုင်းပြည်အကျိုး တကယ် စေတနာထားပြီး ရိုးရိုးသားသား အလုပ်လုပ်ခဲ့တယ်ဆိုရင်လည်း
တူသောအကျိုးပေးပါစေ၊ တရားကို နတ်စောင့်ပါစေ၊ ပြည်သူလူထုက အားကိုးယုံကြည်အပ်တဲ့
တရားရေးမဏ္ဍိုင် ဖြစ်ပါစေလို့ ဆုတောင်းတယ်။
ကျနော့်အကျိုးဆောင်ရှေ့နေ ဦးဝင်းရွှေကလည်း ဒီတရားလိုသက်သေက သိပ်အရေးမကြီးလှဘူးဆိုတာ သိနေတဲ့အတွက် မေးခွန်းများများ မမေးဘူး။ ဘဏ်ကို ဝင်လာတဲ့ ငွေက ကျပ်ငွေနဲ့ ဆိုတော့ အမေရိကန်ဒေါ်လာ သန်းတစ်ရာနဲ့ ညီတယ်ဆိုတာ သိပါသလားလို့မေးတော့ ဘဏ်မန်နေဂျာက အဲဒီတုန်း က ငွေလဲနှုန်းနဲ့ဆိုရင် ဟုတ်ပါတယ်။ သိပါတယ်လို့ဖြေတယ်။
ဘဏ်ကို လာလွှဲတဲ့ ငွေက တရုတ်နိုင်ငံ ဟောင်ကောင်ကုမ္မဏီ ဝမ်ဘို ဆီကနေ လွှဲတာကိုကော သိပါသ လားလို့မေးတော့ တရားသူကြီးက ဒီကိစ္စက ဘဏ်မန်နေဂျာတစ်ယောက်အနေနဲ့ ငွေတိုက်ရိုက်လာလွှဲတဲ့ အဖွဲ့အစည်းကိုပဲ သိတယ်ဆိုတာ စောစောက ထွက်ဆိုချက်ထဲမှာ ပါသွားပြီး ဖြစ်တဲ့အပြင် သူလည်း မသိနိုင် တဲ့အတွက် မေးစရာမလိုဘူးလို့ ဆိုတယ်။ အဲဒါနဲ့ ဦးဝင်းရွှေက မေးခွန်းပြောင်းမေးတယ်။
The Voice မှာ ဖော်ပြခဲ့တဲ့ သတ္တုတွင်းဝန်ကြီးဌာန နဲ့ပတ်သက်ပြီး ရေးသားထားတဲ့ သတင်းက ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီကို စာရင်းစစ်ချုပ်ရုံးက တင်တဲ့ အစီအရင်ခံစာအပေါ် မူ တည်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပြောတဲ့အတိုင်း ရေးသားထားတာကိုကော သိပါသလား လို့မေးတယ်။ အဲလိုရေးထားပေမယ့် အဲဒီအတိုင်း ဟုတ်မဟုတ်ဘယ်သိနိုင်မလဲ၊ ပြောမယ်ဆိုရင် တခြားပြော စရာတွေရှိတယ်လို့ ဆိုတော့ ဦးဝင်းရွှေက ဟုတ်တယ်၊ မဟုတ်ဘူး၊ တွေ့တယ်၊ မတွေ့ ဘူးပဲ ဖြေပါ လို့ ပြောရ တယ်။ တရားသူကြီးကတော့ ဦးဝင်းရွှေကို သက်သေခံအဖြစ်တင်ထားတဲ့ The Voice သတင်းစာစောင် ကိုပြပြီး မေးဖို့၊ တရားလိုသက်သေကို ဖတ်ခိုင်းဖို့ ပြောပြီး တရားလိုသက်သေကိုလည်း မေးတာကိုသာ ဟုတ်တယ်၊ မဟုတ်ဘူး၊ သိတယ်မသိဘူးဖြေဖို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ရှင်းပြတယ်။ တရားသူကြီးကြည့်ရတာ ဒီနေ့ အတော် စိတ်ရွှင်လန်းနေပုံပဲ။ ဘဏ်မန်နေဂျာကိုလည်း တော်တော်ကို မွန်မွန်ရည်ရည် ဆက်ဆံတယ်။ ဘဏ်မန်နေဂျာက အဲဒီတော့မှ တွေ့ပါတယ် လို့ဖြေတယ်။
ဦးဝင်းရွှေက မေးစရာဒီလောက်ပါဘဲလို့ ဆုပြီးတာနဲ့ တရားသူကြီးက နောက်တစ်ကြိမ်ရုံးချိန်းမှာ တရားလို ဖက်က မူလတင်ပြထားတဲ့ နောက်ထပ် တရားလိုပြသက်သေကို ထပ်မစစ်တော့ဘဲ ဒီအမှု စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ချက်ချမယ်လို့ဆိုပြီး လာမယ့် သြဂုတ်လ ၂၃ ထုံးစံအတိုင်း ကြာသပတေးနေ့မှာ ဆယ့်နှစ်ကြိမ်မြောက် ရုံးချိန်းအဖြစ် သတ်မှတ်တယ်။ ဒီနေ့တရားခွင်ကတော့ တစ်နာရီတောင် မပြည့်တတ် ဘူး။ သက်သေက သိပ်အရေးမပါလှတာလည်း ပါတာပေါ့။
တရားလိုသက်သေ ဦးအောင်ကိုကိုက အသက် ၃၆နှစ်ကျော်လောက်ပဲရှိသေးတယ်။ ဒီအသက်အရွယ်နဲ့ ရန်ကုန်မြို့တော်က နာမည်ကျော် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၃)မှာ မန်နေဂျာဖြစ်နေတာကတော့ ထူးခြားတယ် လို့ဆိုရမယ်။ ကျနော်သာရှေ့နေဆိုရင် သူ့ကို မေးခွန်းတချို့မေးဖြစ်မှာဘဲ။ အမှုအတွက် အထောက်အ ကူဖြစ်နိုင် တယ်လို့ ထင်တယ်လေ။ ဒီရာထူးကိုရတာ ဘယ်နှနှစ်ရှိပလဲ၊ ဘာဘွဲ့ရထားတာလဲ၊ ဘဏ်နဲ့ ငွေကြေး ဆိုင်ရာ ဘာသာရပ်တစ်ခုခုမှာ မဟာဘွဲ့သင်တန်း၊ အနိမ့်ဆုံး ဒီပလိုမာသင်တန်း တက်ထား သလား စသဖြင့် ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လောက် ကျွမ်းကျင်နှံ့စပ်မှုရှိ လဲဆို တာ ပေါ်လွင် သွားအောင် မေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်မန်နေဂျာအဆင့်ဆိုတာ သာမန်အားဖြင့် လုပ်သက်၊ အတွေ့အကြုံ ကျွမ်းကျင်မှုအရ ဆယ့်ငါးနှစ်လောက် အနည်းဆုံး သက်တမ်းရှိမှ မန်နေဂျာအဆင့်နဲ့ စီမံခန့်ခွဲကြီးကြပ်နိုင်တာ။ ဒါပေမဲ့ ကျနော် တနေ့ကပြောခဲ့သလို အနှစ်၂၀လောက်အတွင်း တပ်မတော်က အရာရှိငယ်တချို့ ဌာနဆိုင်ရာတွေမှာရှိတဲ့ ထိပ်ပိုင်းရာထူးတွေကို တိုက်ရိုက်ခန့်ထားခံရတယ်။ များသောအားဖြင့် တပ်ထဲမှာ ဆရာတော်ခဲ့သူတွေ ဝန်ကြီးတို့ ညွှန်ချုပ်တို့ဖြစ်သွားတဲ့အခါ တပ်က တပည့်တွေ ကို ချီးမြှင့်မြှောက်စားတဲ့အနေနဲ့ အရပ်ဖက်ပြောင်းခိုင်းပြီး ရာထူးကြီးတွေပေးလေ့ရှိတယ်။ ဒါကလည်း ကုန်ခဲ့တဲ့ အစိုးရသက်တမ်းတစ်လျှောက် အားလုံးဒီလိုပဲလုပ်ခဲ့ကြတာ။ စက်ရုံမှူးလိုနေ ရာမျိုးဆိုရင် ထားပါတော့။ သိမ်မွေ့သလောက် နက်နဲခက်ခဲတဲ့ ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်း လို နေရာမျိုးမှာတော့ တော်ရုံတန်ရုံနဲ့ မရဘူး။ ဒါမျိုးက အပေါ်ကခန့်လို့ရတယ်လို့ ကျနော်တော့ တယ်မ ထင်လှဘူး။ ထားပါတော့လေ။ ကျနော့်အနေနဲ့ သတင်းသမားစိတ်နဲ့ ၊ ယထာဘူတကျကျ တွေးကြည့်မိတာ။ ကာယကံရှင်ကတော့ ဘယ်လိုနည်းနဲ့ မန်နေဂျာဖြစ်လာတယ်ဆိုတာ သူ့ဘာသာအသိဆုံးဖြစ်မှာပေါ့။ တကယ်တော့ ကျနော်တို့ကို နာမည်ခံတရားစွဲတဲ့ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းက ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကိုယ်တိုင် အရင်က ဗိုလ်မှူးဟောင်းလေ။ ဌာနဆိုင်ရာအားလုံးမှာ တပ်ကနေ အရပ်ဖက်ပြောင်း လာတဲ့ အရာရှိတွေအနည်းနဲ့ အများဆိုသလို ရှိကြတာချည်း။ တကယ် တတ်မတတ်ကတော့ အဲဒီဌာနထဲက တကယ်တတ်တဲ့သူတွေနဲ့ ကာယကံရှင်ကိုယ်တိုင်ပဲ သိမယ်။ ဒါမေမဲ့ “ဒီဌာနမှာ ငါလောက်သိတဲ့သူမရှိဘူး။ ငါသာအသိဆုံး” လို့ မနေ့တနေ့ကမှ တပ်ကနေ ဌာနဆိုင်ရာကို ရောက်လာတဲ့သူကလည်း ပြောနေတော့ ခက်တော့ အခက်သား။
ဘာပဲပြောပြော နောက်ရုံးချိန်းမှာတော့ မြို့နယ်ရုံးရဲ့ အဆင့်တစ်ဆင့်တော့ ပြတ်သွားမယ်။ စွဲချက်တင်တာ လက်ခံရင် ဆက်စစ်၊ လက်မခံရင် ပြီးပြီ။ ဘာမှဆက်လုပ်စရာမလိုတော့ဘူး။ ကျနော့်အ ထင် ဖြစ်နိုင်ချေ က နှစ်ခုစလုံးမှာရှိတယ်။ တရားသူကြီးရဲ့ ဒီနေ့တရားခွင်မှာ စိတ်လက်ပေါ့ပါးနေပုံကိုကြည့်ရင် အထက်က (တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုခု၊ အစိုးရအဖွဲ့၊ သမ္မတရုံး) ညွှန်ကြားချက် တစ်ခုခု ရထား လို့ဖြစ်မယ်လို့ တွေးမိတယ်။ စွဲချက်ကို လက်ခံပြီး အထက်ရုံး (ခရိုင်၊ တိုင်းဒေသကြီး)ကို လွှဲလိုက်တာ မျိုးဖြစ်နိုင်သလို နှစ်ဖက်အကျိုးဆောင်ရှေ့နေတွေ အပြန်အလှန်မေးထားတဲ့ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေ ကို ကြည့်ပြီး စွဲချက်မမြောက်တဲ့အတွက် ရုံးတော်က လက်မခံတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျနော့်အတွက်တော့ ဘာမှသိပ်မထူးလှဘူး။
မကြာသေးခင်က ကျနော်တို့ သတင်းစာစောင်မှာ ဝန်ကြီးအပြောင်းအရွှေ့ရှိတဲ့သတင်း အပါအဝင် ၆၂ခုနှစ်ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ အတွက် ထုတ်ဝေ ခွင့် ယာယီရပ်ဆိုင်းလိုက်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နဲ့ မှတ်ပုံ တင်ဌာ နက အကြောင်းကြားခံရတယ်။ တိုတိုပြောရရင် ကျနော်တို့ ခြောက်ကြိမ်မြောက် အပိတ်ခံရ တယ်ပေါ့။ ကျနော် ဒီတစ်ကြိမ်မှာ တော်တော် ဒေါသဖြစ်မိတယ်။ ငါးကြိမ်မြောက်တုန်းကတော့ စိတ် မကောင်း ဝမ်းနည်းဖြစ်ရတယ်။ ငါးကြိမ်မြောက်အထိ ဘယ်လိုနာမည်ခံထားထား တပ်မတော်က အုပ်ချုပ်နေ တဲ့ စစ်အုပ်ချုပ်ရေးအသွင်သဏ္ဍန်ဖြစ်တဲ့အတွက် သိပ်ပြောစရာမရှိဘူး။ ဒါတောင် ကျနော်တို့ကို အစိုးရနဲ့ပေး စားပြီး အုပ်စုခွဲနေတဲ့သူတွေအများကြီး။ အခုအကြိမ်ကတော့ အရပ်သားအစိုးရအသွင်ပြောင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်နေပါပြီလို့ တိုင်းသိပြည်သိ၊ ကမ္ဘာသိကြေညာ၊ လက်တွေ့လည်းလုပ်နေပါပြီလို့ ဆိုနေတဲ့အချိန်ဖြစ်တာက တစ်ကြောင်း၊ ကျနော်တို့ရေးလိုက်တဲ့သတင်းက ဒီလောက်အရေး ယူရလောက်အောင် အထိ အပြစ်ဖြစ်တဲ့အကြောင်းအရာ မဟုတ်တာကတစ်ကြောင်း၊ တစ်လျှောက်လုံး အတိုက်အခံဆိုတဲ့သူတွေရဲ့ အဆိုအဆဲ၊ အပေးစားခံပြီး ကိုယ်ယုံကြည်ရာကို ရိုးသားစွာ ရပ်တည်ရေးသား ခဲ့တဲ့အပြင် ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး သမ္မကြီးအပေါ် ဘန်ကောက်ပို့စ်ရဲ့ ရေးသားချက်ကိုတောင် သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကိုယ်စား၊ ပြည်သူတစ်ရပ်လုံးကိုယ်စား တုန့်ပြန်ပေးခဲ့တဲ့ ကျနော်တို့အပေါ် ဒီလောက် အထိ အရေးယူလိုက်တာက တစ်ကြောင်းကြောင့် ကျနော် အတော့်ကို ခံပြင်းဒေါသထွက်မိတယ်။
စဉ်းစားကြည့်လေ။ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်ကာလကဆိုရင် ဒီနိုင်ငံနဲ့ ပြည်သူလူထု ကိုကော နိုင်ငံရေး ပါတီတွေကိုကော ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ဆိုရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့နဲ့ မဲပေးကြ ဖို့ နည်းလမ်းက လောလောဆယ် လူကြိုက်မများပေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဆရာနေပြော တဲ့ Best alternative လို့ တိုက်တွန်းခဲ့တယ်။ ဘာကြောင့်တိုက်တွန်းရလဲဆိုတော့ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးအမတ်တွေချည်း ဖြစ်သွားလို့မရဘူး။ အနိမ့်ဆုံးအဆင့် ပြည်သူလူထုရဲ့ အသံကို ပဲ့တင်ထပ်ပေးနိုင်မယ့်၊ ပြည်သူလူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့ အဆိုတွေကို ကန့်ကွက်ပေးဖို့ ဒီမိုကရေစီ လိုလားတဲ့ လွှတ်တော်အမတ်တွေ လွှတ်တော်ထဲ ရောက်နေဖို့လိုတယ်၊ ပြီးတာနဲ့ ဥပဒေပြုရေး ကဏ္ဍနေ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီအုတ်မြစ်ချရေး၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ ဥပဒေတွေပြဌာန်းနိုင်ရေး၊ မလိုလားအပ်တဲ့ ဥပဒေတွေ ပယ်ဖျက်ရေး၊ ခေတ်နောက်ကျနေတဲ့ ဥ ပဒေတွေ ပြင်ဆင်ဖြည့်စွက်ရေး၊ အမြင့်ဆုံးအဆင့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရေစီစနစ်နဲ့ မဆီလျော်တဲ့ အချက်တွေ ပြင်ဆင်ရေးအထိ လုပ်လို့ရဖို့အတွက် တိုက်တွန်းခဲ့တာ။ ဒါပေမယ့် အဲဒီအချိန်က ကျနော်တို့ကို အတိုက်အခံလို့ဆိုတဲ့သူတွေအားလုံးနဲ့ ပြည်ပအခြေစိုက်မီဒီယာတွေအားလုံး လိုလိုက အစိုးရ လူ၊ ရွေးကောက်ပွဲထောက်ခံ သူအဖြစ် တံဆိပ်ကပ်ပြီး ဝိုင်းဆဲခဲ့ကြတယ်။ ကိုယ့်အတွက် အားသာချက် ကဘာ၊ အားနည်းချက်ကဘာဆိုတာ ခွဲခွဲခြားခြားမပြောနိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ခဲ့ကြတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြတယ်။ ဒီ့ထက်ဆိုးတာက ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို ဒီမိုကရေစီနည်းမကျစွာ မဲမပေးရေး လှုံ့ဆော်ခဲ့တယ်။ အဲလိုအချိန်မျိုးမှာတောင် တိုင်းရင်းသားပါတီတွေကို ရွေးကောက်ပွဲဝင်ကြဖို့ ဒီမိုကရေစီအရေး သေချာ အလုပ်လုပ်ပေးမယ့် ပါတီတွေကို မဲပေးကြဖို့ ပြည်သူလူထုကို ဆော်သြတိုက်တွန်းခဲ့တယ်။ ကျနော်တို့ရဲ့ ရိုးသားမှုနဲ့ စေတနာကို နားလည်ခံစားတဲ့ လူထုအချို့က မဲပေးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် အခြားတစ်ဖက်မှာ လည်း ကျနော်တို့ ထပ်ပြီး အဆဲခံရပြန်တယ်။ အတိုက်အခံလို့နာမည်တပ်ထားတဲ့သူတွေ ဆဲတာထားလိုက်အုံး၊ နောင်တချိန် တိုင်းပြည်ရဲ့ ခေါင်းဆောင်တာဝန်ကိုယူကြမယ့် သူအချို့ကလည်း သူတို့ရထားတဲ့ သတင်းအချက်အလက်နဲ့ ကျနော်တို့ကို အထင်လွဲတာခံရပြန်တယ်။ တစ်ချိန်တည်းမှာပဲ အစိုးရက ကျနော်တို့ကို ခြောက်ကြိမ်ပိတ်တယ်၊ တရားစွဲတယ်။
ဒီနေ့အချိန်အထိ အစိုးရဆီက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးပြီး လျှောက်လွှာတင်တောင်းရတဲ့ ကိုယ်ပိုင်တယ် လီဖုန်း တစ်လုံးယူထားတာ (လျှောက်လွှာမှာ ငှားရမ်းသုံးစွဲခွင့်ပြုပါရန်လို့ရေးရတယ်။ ကျနော်ကတော့ ဒီနေ့အချိန်ထိ မြန်မာ့ဆက်သွယ်အရေးက ပြည်သူလူထုအပေါ် အင်မတန် လွန်လွန်ကဲကဲ အပေါ်စီးယူထားတဲ့ စည်းကမ်းနဲ့ ဈေးနှုန်းကြောင့် ကိုယ်ပိုင်ဝယ်မကိုင်ဘူး။ လာအို၊ ကမ္ဘောဒီးယားလို နိုင်ငံတွေနဲ့ယှဉ်တောင် လုံးဝမတန်ဘူးထင်လို့။ ကျနော်နှမ အငယ်ဆုံး ဒေါ်လာထောင့်ငါးရာ၊ အဲဒီတုန်းက မြန်မာငွေ ကျပ်ဆယ့်ခြောက် သိန်းကျော်ကျော်နဲ့ မြန်မာ့ဆက်သွယ်ရေးကနေ ငှားရမ်းသုံးစွဲထားတဲ့ ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း ကို ပြန်ငှားသုံးနေတာ)၊ အစိုးရဝန်ကြီးတချို့နဲ့ အလွမ်းသင့်အောင်ပေါင်းပြီး ဝန်ကြီးဌာနပိုင်နေ ရာတစ်ခုကို ရုံးခန်းအဖြစ်ငှားထားတာ လုံးဝ(လုံးဝ)မရှိတဲ့အပြင် ဟိုတယ်/ခရီး ဆီက နှစ်ရှည်ငှား အလုပ်လုပ်နေတဲ့ ကုမ္မဏီကတစ်ဆင့် ပြန်ငှားနေတဲ့ သမ္မဟိုတယ်ကနေတောင် ခဏခဏ မောင်းချခံရ တယ်။ အကြောင်းကြောင်းကြောင့် သုံးကြိမ်လောက်မှာ လစာထပ်တိုးတိုးပေးရင်း ဆက်နေခွင့်ရခဲ့ပေ မယ့် လေးကြိမ်မြောက်လောက်မှာ မနေနိုင်တော့လို့ ဆင်းလာရတယ်။ ကျနော်ဒါတွေကို ပြောနေတာ အကြောင်းမဲ့မဟုတ်ဘူး။ ကျနော်တို့ ပြည်တွင်းသတင်းမီဒီယာတွေဆိုတာ (အကုန်လုံးကိုတော့ မသိပါ) ကိုယ့်ချွေးနှဲစာနဲ့ ကကြီးခခွေးကနေ စပြီး ဂ္ဂဇင်းထုတ်၊ ဂျာနယ်ထုတ်ခဲ့ကြရတာ။ အဲကွန်းခန်းထဲမှာ ဇိမ်နဲ့ ထိုင်ပြီး ပရိုပိုဇယ်ရေး၊ ဘတ်ဂျက်တောင်း၊ သူများအထောက်အပံ့နဲ့ ရပ်တည်ပြီး အထောက်အပံ့ပေးသူ အကြိုက် လုပ်လာခဲ့တဲ့ မီဒီယာမဟုတ်ဘူး။ အရှုံးခံ၊ အကြွေးအတင်ခံ၊ ပညာမတတ်ဘာမတတ် စက္ကူရောင်းစာ တဲ့ တရုတ်က “ပိုက်ဆံမရှိရင် ဂျာနယ်ထုတ်မနေနဲ့” လို့ အပေါ်စီးကနေ အပြောခံပြီး ဒီနေ့ဒီ အခြေအေ နရောက်အောင် ကိုယ့်အားကိုယ်ကိုးပြီး စာဖတ်ပရိသတ် ပြည်သူ လူထုနဲ့ ကြော်ငြာ ရှင်တွေရဲ့အားပေးမှုနဲ့ နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုး ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် တာဝန်သိသိ တတ်နိုင်သလောက် ထမ်းဆောင်လာခဲ့တာ။ ပြည်သူ့ဘဏ္ဍာငွေ လစာရိက္ခာ စားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်နေပါ တယ်လို့ ပြောနေတဲ့သူတွေ၊ ပြည်ပအခြေစိုက် အဖွဲ့အစည်းအမျိုးမျိုး ဆီ ကနေ ထောက်ပံ့ကြေးယူပြီး အသံကောင်းဟစ် ကင်ပိန်းလုပ်နေတဲ့သူတွေနဲ့ ကြိုက်တဲ့နေရာမှာ ယှဉ်လိုက်။ ဘယ်သူ က တိုင်းပြည်ပိုချစ်လဲလို့ မှတ်ကျောက်အတင်ခံဝံ့တယ်။
တကယ်တော့ မှားတာ၊ မှန်တာ အသာထား၊ သတ္တုတွင်းဝန်ကြီးဌာနရဲ့ လုပ်ရပ်ကမှ ဒီမိုကရေစီနဲ့ညီသေး တယ်။ ကျနော့်ဖက်က ဥပဒေကြောင်းအရ လွတ်လွတ်လပ်လပ် တုန့်ပြန်ချေပခွင့်ရှိတယ်။ ဘာ မပြောညာမပြော ကိုယ့်အတ္တ၊ ဒေါသ၊ စိတ်ခံစားချက်သက်သက်နဲ့ ပြည်သူနဲ့ တိုင်းပြည်ကို အတိုင်းအတာတစ်ခုလောက်အထိ အကျိုးပြုနေတဲ့ သတင်းစာစောင်တစ်ခုကို ပိတ်ပင်လိုက်တာက ဒီမိုကရေစီနဲ့ တကယ့်ကို ဝိရောဓိဖြစ်သွားတယ်။ လာမယ့် ၂၃ရက် ကြာသပတေးနေ့မှာတော့ မြန်မာနိုင်ငံ တရားရေးနဏ္ဍိုင်ရဲ့ ပကတိအခြေအနေကို အကြမ်းဖျင်းသိရတော့မယ်။ သိပ်တော့လည်း မမျှော်လင့်ပါဘူး။ ကျနော်တို့ စေတနာ တစ်နည်းအားဖြင့် ကျနော်တို့ ပြုထားတဲ့ ကံအတိုင်း ကျနော်တို့ပြန်ရမယ်။ ကျနော်တို့ကသာ တိုင်းပြည်နဲ့ လူထုအတွက် စေတနာ ထားခဲ့ရိုးမှန်ရင် ကျနော်တို့မီဒီယာအလုပ်ကို အနှောက်အယှက်ကင်းကင်း လွတ်လွတ်လပ်လပ် စိတ်ချမ်းချမ်းသာသာ လုပ်ခွင့်ရပါစေ၊ ကျနော်တို့ကို အပြစ်ဒဏ်သင့်စေချင်တဲ့ သူတွေဘက်က တိုင်းပြည်အကျိုး တကယ် စေတနာထားပြီး ရိုးရိုးသားသား အလုပ်လုပ်ခဲ့တယ်ဆိုရင်လည်း တူသောအကျိုးပေးပါစေ၊ တရားကို နတ်စောင့်ပါစေ၊ ပြည်သူလူထုက အားကိုးယုံကြည်အပ်တဲ့ တရားရေးမဏ္ဍိုင် ဖြစ်ပါစေလို့ ဆုတောင်းတယ်။
No comments:
Post a Comment