Tuesday 14 August 2012

တူရကီနိုင်ငံအရှေ့ပိုင်းတွင် အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သူ ပြန်ပေးဆွဲခံရ

ပိတ်ပင်ခြင်းခံထားရသော Kurdish အလုပ်သမားပါတီ (PKK) သည် အဓိက အတိုက်အခံပါတီဖြစ် သော ရီပတ်ဘလစ် ကန်ပြည်သူ့ပါတီ (CHP) ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးအား သြဂုတ်လ ၁၂ ရက်နေ့တွင် တူရကီနိုင်ငံ အရှေ့ပိုင်း Tunceli ပြည်နယ်၌ ပြန်ပေးဆွဲမှု တစ်ခုပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံထုတ် တူဒေးဇမန်း သတင်းစာ၌ ရေးသား ဖော်ပြထားပါသည်။ PKK ပါတီဝင်များသည် သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင်Tunceli ပြည်နယ် Ovackု မြို့တွင် လမ်းများကို ပိတ်ဆို့ကာ CHP ပါတီ၏ Tunceli ပြည်နယ် ဒုတိယအကြီးအကဲ ဖြစ်သူ Huseyin Aygun ၄င်း၏ လက်ထောက်နှင့် ဂျာနယ်လစ်တစ်ဦး စီးနင်းလာ သောကားကို ပိတ်ဆို့တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း Tunceli ပြည်နယ် အုပ်ချုပ်ရေးမှူးက မှတ် ချက်ပြု ပြောကြား ခဲ့ပါသည်။ PKK အဖွဲ့သည် Aygun အား ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားပြီး ကျန် ၂ ဦးကိုမူ လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ အစိုးရတပ်ဖွဲ့ဝင် များက ၄င်းအား ကယ်ဆယ်ရန် အထူး စစ်ဆင်ရေး တစ်ရပ်စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း NTV သတင်းဌာန က ပြောကြား လျက်ရှိပါသည်။

PKK အဖွဲ့သည် ယခင်ကလည်း စစ်မှုထမ်းများ၊ အစိုးရဝန်ထမ်းများ နှင့်ခရီးသွားများအား ပြန်ပေးဆွဲ မှုများရှိခဲ့သော်လည်း ယခုကဲ့သို့ လွှတ်တော် အမတ်တစ်ဦးအား ပြန်ပေးဆွဲခြင်း မျိုးမရှိခဲ့ပေ။ Aygun သည် လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်သော လွှတ်တော် အမတ်တစ်ဦးဖြစ်ပါသည်။ PKK ပါတီကို နှိမ်နင်း တိုက်ခိုက်မှုများအား သြဂုတ်လ ၁၄ ရက်နေ့တွင် လွှတ်တော်၌ ဆွေးနွေးတင်သွင်း နိုင်ရန်အတွက် အကြိုအဖြစ် Aygun ၏ CHP ပါတီအား အထူး အစည်းအဝေး တစ်ရပ်ခေါ် ယူခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် ယခုကဲ့သို့ ပြန်ပေးဆွဲခံ ရခြင်းဖြစ်ပါသည်။ PKK ပါတီသည် တူရကီနိုင်ငံ၏ အကြမ်းဖက်အဖွဲ့ အစည်းစာရင်း တွင်ပါဝင်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂသည် ၄င်း PKK အဖွဲ့အား လူပေါင်း ၄ဝ,ဝဝဝ ကျော်သေဆုံးခဲ့ရသော ရက်စက်ကြမ်းကြုတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု ပဋိပက္ခအပြီး ၁၉၈၄ ခုနှစ်ကတည်းက လက်နက်ကိုင်ဆောင် မှုရုပ်သိမ်းစေ၍ တူရကီ အရှေ့တောင်ပိုင်းတွင် သီးခြားနယ်မြေစီစဉ် သတ်မှတ်ပေး ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment