Tuesday 14 August 2012

Ubuntu ပေါ်တွင် Torrent File များ ဒေါင်းလုပ်ပြုလုပ်ရန်အတွက် Application ထည့်သွင်းခြင်း


Ubuntu OS အသုံးပြုသူတွေအနေနဲ့လည်း Microsoft Windows မှာအသုံးပြုသလိုမျိုး Torrent ဖိုင်တွေကို ဒေါင်းလုပ်ဆွဲယူနိုင်ဖို့အတွက် Application တွေရှိပါတယ်။ ဒီအထဲကမှ Ubuntu User တွေ အလွယ်ကူဆုံး နဲ့ စွမ်းရည်ပြည့် အသုံးပြုနိုင်တဲ့ qBittorent ဆိုတဲ့ Application ကို ထည့်သွင်း အသုံးပြုပုံ ကိုရွေးချယ် တင်ပြလိုက်ပါတယ်။ qBittorrent ကိုအသုံးပြုဖို့အတွက် Ubuntu OS ကို ယခုမှစတင် တင်ထားသူများ အနေနဲ့ ပထမဦးစွာ OS ကို Update  ကိုမဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပါက တစ်ဆက်တည်း Upgrade ကိုပါပြုလုပ်ရမှာဖြစ်ပါတယ်။ Update နဲ့ Upgrade ပြုလုပ်ပြီးပြီဆိုပါက အလိုရှိတဲ့ Application ကို သင်အသုံးပြုမယ့် Ubuntu OS ပေါ်မှာ စတင်ထည့် သွင်းနိုင်ပြီဖြစ်ပါတယ်။


Ubuntu OS ပေါ်မှာ Torrent File တွေကိုဒေါင်းလုပ်ပြုလုပ်ဖို့အတွက် qBittorent ကိုထည့်သွင်းမယ်ဆိုရင် နည်းလမ်းနှစ်မျိုးနဲ့ ထည့်သွင်း နိုင်ပါတယ်။ ပထမနည်းကတော့ Graphic Mode ကနေ အလွယ်တကူထည့် သွင်းနည်းဖြစ်ပါတယ်။ ဒုတိယနည်းကတော့ Commad Line ကို လေ့လာနေသူတွေအတွက် Command Line ကနေ ထည့်သွင်းအသုံးပြုပုံဖြစ်ပါတယ်။ Graphic Mode ကနေထည့်သွင်းအသုံးပြုချင်သူတွေအတွက် ပထမဦး စွာ  Ubuntu OS ရဲ့ Software Centre ကိုသွားရမှာဖြစ်ပါတယ်။ Ubuntu OS ရဲ့ Ubuntu Software Centre ကိုရောက်ပြီဆိုရင် Internet ဆိုတဲ့ Category အောက်ကိုသွားရမှာဖြစ်ပါတယ်။ အဲဒီအောက်မှာ qBitorrent ဆိုတဲ့ Application ကိုရှာဖွေပြီး Install Button ကိုကလစ်နှိပ်လိုက်မယ်ဆိုရင် Authenticate မှာ OS ရဲ့ Password ကိုရိုက်ထည့်ပေးလိုက်တာနဲ့ qBitorrent ဆိုတာကို အလိုအလျောက် ဒေါင်းလုပ်ပြုလုပ်ပြီး Install ပြုလုပ်ထည့်သွင်းပေး သွားမှာဖြစ်ပါတယ်။

ဒုတိယနည်းကတော့ Command Line ကနေထည့်သွင်းအသုံးပြုချင်သူတွေအတွက် ပထမဦးစွာ Ctrl + Alt + T ကို နှိပ်ပြီး Terminal ကိုခေါ်ရမှာဖြစ်ပါတယ်။ Terminal ကိုရောက်ပြီဆိုရင် sudo add-apt-repository ppa:hydr0g3n/ppa ကိုရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပြီးရင် sudo apt-get update ဆိုပြီး Update ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ sudo apt-get install qbittorent ဆိုတဲ့ Command ကိုထပ်မံ ရိုက်ထည့်ပြီး Install ပြုလုပ်ရမှာဖြစ်ပါတယ်။

ref:IJ

No comments:

Post a Comment