Tuesday 14 August 2012

ကိုယ့်ပြည်တွင်းရေးလည်း ကိုယ်ကြည့်ကြပါ..။ ကိုယ့် မျက်ချေးလည်း ကိုယ်မြင်ကြပါ..။



ယခုပုံပါ ဓာတ်ပုံမှာတော့ တူရကီနိုင်ငံမှာ စစ်တပ်ဘတ်စ်ကားတစင်း ဗုံးဖောက်ခွဲ ခံခဲ့ရပြီး သေဆုံးသူ   ရေတပ်သားရဲ့ ဇနီးသည်ရဲ့ ပူဆွေးသောက ရောက်နေရတဲ့ ပုံသတင်းနဲ့အတူ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီ ဒုက္ခသည်စခန်းကို သွားရောက်ရင်း ငိုကြွေးနေတဲ့ တူရကီဝန်ကြီးချုပ်ကတော်နဲ့ တူရကီနိုင်ငံခြားရေး ဝန်ကြီးတို့အား တူရကီနိုင်ငံထုတ် sözcü gazetesi သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ယခုကဲ့သို့   ပြင်းပြင်းထန်ထန် ရေးသား ဖော်ပြထားပါတယ်..။ Newspaper headline attack on Foca spokesman who 'Country of blood is crying, where are they'? asked Emine Erdogan (ဝန်ကြီးချုပ် ကတော်) and Foreign Affairs committee. ပြည်တွင်းမှာ သွေးချင်းတွေ ငိုကြွေးနေရပြီ ခင်ဗျားတို့ ဘယ်မှာလဲ ထို့အတူ ဓာတ်ပုံပါ စာမှာလည်း ပြည်တွင်းမှာ အာဇာနည်တွေ အတွက် ငိုနေရပြီ.. သူတို့ကတော့ မြန်မာပြည်မှာ သွားငိုနေတယ်ဆိုပြီး.. မိမိတိုင်းပြည် အရေးထက် သူတပါးအရေးကို လုပ်ဆောင်နေတဲ့ အကြောင်း   ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားထားပါတယ်..။


တူရကီဝန်ကြီးချုပ်ကတော်နဲ့ တူရက
ီနိုင်ငံခြားရေး ဝန်ကြီးတို့ မြန်မာနိုင်ငံက ဘင်္ဂလီအရေးအတွက်   မြန်မာနိုင်ငံကို လာရောက်တဲ့ သြဂုတ်လ ၉ရက်နေ့မှာပဲ တူရကီနိုင်ငံ İzmir's Foça နယ်ဘက်က   ရေတပ်အခြေဆိုက် စခန်းကို သွားတဲ့ စစ်ကားတစ်စီးအား (PPK)ကာဒ် အကြမ်းဖက်အဖွဲ့ တဖွဲ့ရဲ့ ကားလမ်းမှာ ထောင်ထားတဲ့ ဗုံးကြောင့် လူမမယ် ကလေး(၂)ဦးရဲ့ ဖခင် ရေတပ်သားတဦး သေဆုံးပြီး ၁၁ဦးဒဏ်ရာ ရရှိခဲ့ပါတယ်..။ သေဆုံးသူ ရေတပ်သားဟာ သူ့နားရက်မှာ (၆)လအရွယ် ဒုတိယမြောက် ကလေးအတွက် အဝတ်အစားဝယ်ဖို့ သွားရင်း အဆိုပါ ကားဗုံးကြောင့် သေဆုံးခဲ့ရပါတယ်..။ သူ့ရဲ့ Pocket အိတ်ထဲမှာတော့ ကလေးအတွက် အဝတ်အစား ဝယ်ဖို့ ဒေါ်လာ ၅၀တန်လေးတရွက် ပါလာတယ်လို့ စိတ်မကောင်းဖွယ် ရေးသား ဖော်ပြထားပါတယ်..။ ဖော်ပြပါ ဓာတ်ပုံမှာ အဆိုပါ ရေတပ်သားရဲ့ ဇနီးသည် ပူဆွေးသောက ရောက်နေပုံနဲ့အတူ အရေးကြီးတဲ့ အချိန်မှာ ကိုယ့်တိုင်းပြည် အရေးထက် သူတပါးအရေး ဝင်ရောက် ပူဆွေးနေပုံကို အဆိုပါ သတင်းစာမှ ဝေဖန်ပြစ်တင်ထားပါတယ်.။ (http://www.halkinhabercisi.com/turkiye-sehidine-agliyor-onlar-ise-myanmara-agliyor)

(ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်...)

ထို့အတူ အင်ဒိုနီးရှား သမ္မတမှ ရိုဟင်ဂျာ ဘင်္ဂလီအရေး အတွက် ဝင်ရောက်ဖြေရှင်း နေချိန်မှာ အဖိနှိပ် ခံနေရတဲ့ အင်ဒိုနီးရှားမှ လူနည်းစု ခရိယာန်ဘာသာဝင် များမှလည်း တိုင်းတပါးမှ တစိမ်းတွေ အရေးထက် မိမိတို့ လူမျိုးများ အရေးကို ဦးစွာ ဖြေရှင်း ဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှား သမ္မတအား တိုက်တွန်းခဲ့ပါတယ်..။

အဲ့ဒီတော့ ကိုယ့်ပြည်တွင်းရေးလည်း ကိုယ်ကြည့်ကြပါ..။ ကိုယ့် မျက်ချေးလည်း ကိုယ်မြင်ကြပါ..။
 
ref:ဒီမိုဝေယံ 

No comments:

Post a Comment