Tuesday 14 August 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှနုတ်ထွက်ရန် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတ ထံတင်ပြ

ယနေ့ ဩဂုတ် ၁၄ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ယခုလ ၂၁ရက်နေ့ နောက်ဆုံးထား၍ မိမိဆန္ဒ အလျောက် တာဝန်မှ နုတ်ထွက်သွားစေရန် နိုင်ငံ တော်သမ္မတထံသို့ ပြည်သူ့လွှတ်တော် မှ ယနေ့ ဩဂုတ် ၁၄ ရက် ရက်စွဲဖြင့် သဝဏ်လွှာပေးပို့မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သဝဏ်လွှာပေးပို့ခြင်းမှာ နိုင်ငံတော်နှင့် လွှတ်တော်၏ ဂုဏ် သိက္ခာနှင့်အညီ သမ္မတကြီးအနေဖြင့် အခြေ အနေ အရပ်ရပ်ကို သိရှိသုံးသပ် ဆောင်ရွက်နိုင်ရန်အတွက် ပေးပို့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား လွှတ်တော်ကိုယ်စားလှယ် ၃၁ဦးက လက်မှတ်ရေး ထိုးပြီး စွပ်စွဲပြစ်တင်မှု များအား ပြုလုပ်ရန် အရေးကြီးအဆို တစ်ရပ်အား ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြလာခဲ့သည့် အတွက် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် နိုင်ငံ တော်သမ္မတ အား ဆောင်ရွက်ပေးရန် နှင့် သတ်မှတ်ကာလအတွင်း သမ္မတ က ဆောင်ရွက်မှုတစ်စုံတစ်ရာမပြု လုပ်ပါ က ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် စွပ်စွဲပြစ်တင် မှုများ ပြုလုပ်နိုင်ပါကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက မေတ္တာရပ်ခံ သွားခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပထမပုံမှန်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့ သောကော်မတီနှင့် ဒုတိယ အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သော ကော်မတီနှင့် ကော်မရှင်တို့ အား    ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခြင်းမပြုကြောင်း ကို ဖေဖော်ဝါရီ ၂ရက်နေ့ ရက်စွဲဖြင့် တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ရုပ် သိမ်းပေးပါရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ဝဦး က ဆွေးနွေးခဲ့ သည်။

အဆိုပါ တင်သွင်းလွှာနှင့်ပတ် သက်၍ ပထမတစ်ကြိမ်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦးက လက်မှတ်ရေး ထိုး၍ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ် တင်ရန် အရေးကြီး အဆိုတင်သွင်းခဲ့ကြောင်း လွှတ်တော်က မေတ္တာရပ်ခံခဲ့သည့် အတွက် စောင့်ဆိုင်း ခဲ့ကြောင်း၊ ဒုတိယ အကြိမ်တွင် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ၃၀၁ဦးက လက်မှတ်ရေး ထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၄)အရ ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ပုဒ်မခွဲ ငယ်(၅)အရ တာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား မိမိတို့ဆန္ဒအ လျောက် ဩဂုတ် ၂၁ရက် နောက် ဆုံး ထား ၍ တာဝန်မှ နုတ်ထွက်သွား စေရေးကို နိုင်ငံတော်သမ္မတထံ သို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် တကွ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ က သမ္မတထံသို့ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။

အဆိုပါသဝဏ်လွှာအား ယနေ့ ဩဂုတ်လ ၁၄ရက် ရက်စွဲဖြင့် လွှတ် တော်အစည်းအဝေး စတင်ချိန်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
 
ref:YPI

No comments:

Post a Comment