Tuesday 14 August 2012

ယခုအခါ စစ်တွေတက္ကသိုလ်သည် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်သည်။

စစ်တွေတက္ကသိုလ်သည် ဘင်္ဂါလီလူမျိုးများနေထိုင်ရာရွာအနီးနှင့် ဘင်္ဂါလီလူမျိုးများနေ ထိုင်ရာ   ကျေးရွာ များသို့သွားရာ လမ်းကြောပေါ်တွင် တည်ရှိသဖြင့် စစ်တွေတက္ကသိုလ်တ၀ိုက်တွင် လုံခြုံရေးများ ချထား ရကြောင်းလည်း သိရှိရသည်။

စစ်တွေတက္ကသိုလ်ကျောင်းတက်/ကျောင်းဆင်းချိန်များတွင် တက္ကသိုလ်နှင့် မြို့တွင်းအသွားအပြန်လုပ်ရန် တုတ်တုတ်(လူအများစီး ဆိုင်ကယ်ကယ်ရီ)များကို အသုံးပြုရကြောင်းနှင့် တုတ်တုတ်(ဆိုင်ကယ်ကယ်ရီ) တက္ကသိုလ်ကြို/ပို့ယာဉ်တွင် လိုက်ပါစီးနင်းရန် စစ်တွေမြို့တွင်းမှ တက္ကသိုလ်အထိ အသွားအပြန် (၃၀၀)ကျပ်ပေးဆောင်ရကြောင်းလည်း သိရှိရသည်။
...

(ဓာတ်ပုံမှာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းတွေ့မြင်ရသည့် စစ်တွေတက္ကသိုလ်ကျောင်းဆင်းချိန်တွင် မြို့တွင်းသို့ပြန်ရန် တုတ်တုတ်(ဆိုင်ကယ်ကယ်ရီ) စောင့်ဆိုင်းနေသော တက္ကသိုလ်ကျောင်း သူကျောင်း သားများ)



by CJMyanmar

No comments:

Post a Comment