Tuesday 14 August 2012

၂၀၁၇ တွင် AT&T က 2G ကွန်ရက် အသုံးပြုမှု ရပ်ဆိုင်းမည်


AT&T ကုမ္ပဏီသည် EDGE ဟုလူသိများသည် 2G ကြိုးမဲ့ကွန်ရက်ကို  ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ရပ်ဆိုင်းရန်စီစဉ်ထားပြီး 3G နှင့် 4G ကြိုးမဲ့ဝန်ဆောင်မှုများကိုသာ အသုံးပြု မည်ဖြစ်ကြောင်း အမေရိကန် လုံခြုံရေးကော်မရှင်ထံသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။


ထို့အပြင် AT&T သည် ကုမ္ပဏီ၏ ရေဒီယိုလှိုင်းအလျားကို ပိုမိုကောင်းမွန်စေရန်အတွက် Nextwave Wireless ကုမ္ပဏီကို ဝယ်ယူရန်အတွက် သဘောတူညီမှုရရှိထားသည်။ AT&T ကုမ္ပဏီသည် 2G ကွန်ရက်အသုံးပြုမှု ရပ်ဆိုင်းခြင်းကို ၂၀၁၇ ခုနှစ်တွင် စတင်ရန်သတ်မှတ်ထားသော်လည်း အဆိုပါကာလထက် စောလျင်စွာ လုပ်ဆောင်ဖွယ်ရှိကြောင်း သိရသည်။ လက်ရှိတွင် အချက်အလက်အမြန်နှုန်း နှေးကွေးစွာနှင့် voice နှင့် text message များကို အများစု အသုံးပြုကြသည့်  2G ကွန်ရက်ကို စာချုပ်နှင့်အသုံးပြုသူဦးရေသည် ဇွန်လ ၃၀ ရက်အထိ ၁၂ ရာခိုင်နှုန်းရှိကြောင်း AT&T မှပြောကြားခဲ့သည်။

လာမည့်နှစ်အနည်းငယ်အတွင်း အဆင့်မြှင့်တင်မှုလုပ်ငန်းစဉ်များပြုလုပ်ပြီးနောက် ကုမ္ပဏီ၏ဖောက်သည် များမှ စိတ်အနှောင့်အယှက်ဖြစ်မှုအား လျော့ကျစေမည့် 3G နှင့် 4G ထုတ်ကုန်များကိုအ သုံးပြု လာနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင်   ဖော်ပြခဲ့သည်။

ref:IJ

No comments:

Post a Comment