Tuesday 14 August 2012

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန်အသင်းက ရွှေတံဆိပ် ၄၆ ဆု၊ ငွေတံဆိပ် ၂၉ ဆု၊ ကြေးတံဆိပ် ၂၉ ဆုဖြင့် စုစုပေါင်း ဆုတံဆိပ် ၁၀၄ ခု ဆွတ်ခူးရရှိကာ ပထမ နေရာတွင် ရပ်တည်

ကျင်းပပြီးစီးခဲ့သည့် ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲတွင် အမေရိကန်အသင်းက ရွှေတံဆိပ် ၄၆ ဆု၊ ငွေတံဆိပ် ၂၉ ဆု၊ ကြေးတံဆိပ် ၂၉ ဆုဖြင့် စုစုပေါင်း ဆုတံဆိပ် ၁၀၄ ခု ဆွတ်ခူးရရှိကာ ယခုနှစ်အိုလံပစ်တွင် ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိသည့် အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 




မူလက ဆုတံဆိပ်အများဆုံး ရရှိသည့် အသင်းနေရာတွင် တရုတ်အသင်းက ဦးဆောင်နေခဲ့ခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများ အားလုံးပြီးဆုံးချိန်တွင် အမေရိကန်က ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆုတံဆိပ်အများဆုံး ဒုတိယနေရာတွင် တရုတ်အသင်းက ရွှေ ၃၈၊ ငွေ ၂၇၊ ကြေး ၂၃ ဖြင့် စုစုပေါင်း ၈၈ ဆုရရှိကာ ရပ်တည်ခဲ့သည်။

ဂရိတ်ဗြိတိန်အသင်းက ရွှေ ၂၉၊ ငွေ ၁၇၊ ကြေး ၁၉ ဖြင့် စုစုပေါင်း ၆၅ ဆု ရရှိကာ တတိယနေရာတွင် ရပ်တည်ခဲ့သည်။ 


ref:planet

No comments:

Post a Comment