Tuesday 14 August 2012

လာမည့် ၁၀ နှစ်အတွင်း အာတိတ်သမုဒ္ဒရာအတွင်းမှ ရေခဲများ ကွယ်ပျောက်နိုင်

အာတိတ် သမုဒ္ဒရာအတွင်း စီးမျောနေသည့် ရေခဲများသည် ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ လာမည့် (၁၀)နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေး ပြောဆိုလိုက်သည်။ အာတိတ်ဒေသ မှ ရေခဲချပ်ကြီးများသည် မူလမျှော်လင့် ခန့်မှန်းထားသည်ထက် အလွန်လျင်မြန်စွာ အရည်ပျော်နေကြောင်းသိပ္ပံပညာရှင်အဖွဲ့တစ်ခုကအခိုင်အမာပြောဆိုခဲ့သည်။ဥရောပအာကာ သ
 အေဂျင်စီ၏ ဂြိုဟ်တုဓာတ်ပုံ အသစ်များကို လေ့လာခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်နှစ်အတွင်း မှာပင် အာတိတ် မှ ကုဗကီလိုမီတာ (၉၀၀)ထိ ထုထည်ရှိသော ရေခဲများ အရည်ပျော်   ပျောက်ဆုံးသွားကြောင်း   ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ 




ယင်းသည် သဘာဝ ပတ်ဝန်းကျင် လေ့လာရေး သုတေသီများ လက်ရှိ ခန့်မှန်းထားသည့် နှုန်းထက် (၅၀)ရာခိုင်နှုန်း ပိုမို မြန်ဆန်နေခြင်းလည်း ဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ဆက်စပ်သော ရေခဲများ အရည်ပျော်မှုသည် တိတိကျကျ ခန့်မှန်းတွက်ဆရန် ခက်ခဲသော်လည်း မူလမျှော်လင့်သည်ထက် အန္တရာယ်များသော နှုန်းမျိုး ဖြစ်နေကြောင်း လန်ဒန်တက္ကသိုလ်၏ ဝင်ရိုးစွန်းဒေသ လေ့လာရေးဆိုင်ရာ သုတေသီ ဒေါက်တာ ဆီမော်လက်ဆန်က ပြောကြားခဲ့သည်။ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် CryoSat-2 ဂြိုဟ်တုမှ ပေးပို့သော ဓာတ်ပုံများကို စနစ်တကျ နှိုင်းယှဉ် လေ့လာပြီးနောက် အာတိတ်ဒေသ၏ ရေခဲထုသည် တဖြည်းဖြည်း ပါးလျလာကြောင်း အတည်ပြုခဲ့သည်။

လန်ဒန်တက္ကသိုလ်မှ ပါမောက္ခ ခစ်ရိပ်လေကလည်း "CryoSatနဲ့ လေ့လာမှုတွေ မလုပ်ခင် ကတည်းက ရေခဲပမာဏ လျော့နည်းမှုကို သိထားပေမယ့် လက်ရှိ တိုင်းတာချက်တွေက အရင် မျှော်လင့်ထားတာထက်ကို ပိုမြန်နေတယ်။ အထူးသဖြင့် နွေရာသီမှာ အာတိတ်ရဲ့ ရေခဲပြင်တွေ အရည်ပျော်မှုန်းက ပိုပြီး မြင့်မားနေတာ တွေ့ရပါတယ်"ဟု ရှင်းပြခဲ့သည်။ ရေခဲများ အရည်ပျော်မှုသည် ကမ္ဘာပေါ်တွင် သမုဒ္ဒရာ ရေမျက်နှာ မြင့်တက်လာခြင်းကဲ့သို့ ပုံမှန်မဟုတ်သော ပတ်ဝန်းကျင် ဖောက်ပြန်မှုများကို ကြုံတွေ့စေနိုင်ပြီး ခန့်မှန်းတိုင်းတာချက်များအရ ဂရင်းလန်ကျွန်းမှ ရေခဲများအားလုံး အရည်ပျော်သွားချိန်တွင် ပင်လယ် ရေမျက်နှာပြင်သည် လက်ရှိထက် (၂၃)ပေ မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။ 
 
 
ref:planet
 

No comments:

Post a Comment