Tuesday 14 August 2012

စစ်ကိုင်းမှာ စောက်ရမ်းမိုက်ရိုင်းတဲ့ မူလတန်းကျောင်းအုပ်တစ်ယောက်က သားသမီးချင်းမစာမနာနဲ့ နှာဘူးထနေတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်ရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည် ကျောင်းသူကလေးငယ်များအပေါ် မဖွယ်မရာကိစ္စများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။ 

ဖြစ်စဉ်မှာ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည် ကျောင်းသူကလေးများကို သူ၏ ရုံးခန်းအတွင်း သို့ခေါ်ယူကာပထမတွင်ဆံပင်ဖြူနှုတ်ခိုင်းသည်ဟုသိရပါသည်။ထို့သို့ဆံပင်ဖြူနှုတ်ပေးနေသော  ကျောင်းသူ  ကလေးများအား ဘောင်းဘီ၊ စကတ်များကို ဆွဲချွတ်ကာ မဖွယ်မရာ ကိစ္စများကို လက်ဖြင့် ကျူးလွန်ကြောင်း သိရပါသည်။

ထို့သို့ မဖွယ်မရာလုပ်သည့်ကိစ္စများကို ပြုလုပ်ကြောင်း လူကြီးမိဘများအား တိုင်ကြားပါက -- စာမေးပွဲချ မည်၊ အိမ်ကို မီးရှို့မည် --- ဟု ခြိမ်းခြောက်ကြောင်း ကျောင်းသူကလေးများ၏ ပြန်လည်ပြောကြားချက်အရ သိရပါသည်။ ကျောင်းသူကလေးများအား မဖွယ်မရာကိစ္စများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ထိုဖြစ်စဉ်ကို ဒီပဲယင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးထံသို့ တိုင်းတန်းခဲ့ရာ မြို့နယ်ပညာရေးမှူးက ထိုကိစ္စကို 30.7.2012 နေ့တွင် ဘုတ်(board)အဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့သော်လည်း စစ်ဆေးချက်များကိုမူ အတည်မပြုကြောင်းသိရပါသည်။မြို့နယ်ပညာရေးမှူးမှထိုကိစ္စကို ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်း
မရှိသဖြင့် ဒီပဲယင်းမြို့နယ်၊ မူးကန်း၇ဲစခန်းသို့ တိုင်ကြားခဲ့ရာ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရပါ သည်။

ထို့သို့ လူမဆန်၊ သားသမီးချင်း ကိုယ်ချင်းမစာနာ၊ ဆရာကျင့်ဝတ်နှင့်မညီဘဲ မိမိတပည့်ကလေးများအပေါ် အဓမ္မမှုကျူးလွန်ခဲ့သောကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်ဦးအားမည်သို့အရေးယူမည်းကိုမသိရသေးပါ။  သက်ဆိုင်ရာ ကျောင်းသားမိဘများက ထိုကိစ္စကို အမြန်ဆောင်ရွက်ပေးနိုင်ရန် တရားရုံးအဆင့်ဆင့်သို့    တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရပါသည်။

မြို့နယ်ပညာရေးမှူးဖုန်း  071 55003
မှုးကမ်းရဲစခန်း စခန်းမှူးဖုန်း 09 4706 1511

ဒီကိစ္စကိုတိုင်ထားတာ၁လကျော်နေပြီတဲ့ဘယ်သူမှအရေးမယူသေးဘူးဖြစ်နေတယ်။တောသူတောင် သားတွေ ဆိုတော့ လုပ်ချင်တိုင်းဖြစ်နေတဲ့သဘောပဲ။ကိုယ်ချင်းစာတယ်ဆိုရင် မိတ်ဆွေတို့ ဒီသတင်းကို ဆက်ဖွပေးကြပါ။သတင်းတိကျချင်သပဆိုရင်တော့ ရွာခံ ကိုနိုင်ဦးဆိုတဲ့လူရဲ့ ဖုန်းနံပါတ်ရှိတယ်။
09-47062217

No comments:

Post a Comment