Tuesday 14 August 2012

4G ဖုန်းများကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမီ ချထားပေးနိုင်ရန်စီစဉ်

Data စနစ်ကို အပြည့်အ၀ထောက်ပံ့ပေးသည့် 4G ဖုန်းလိုင်းများကို အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ အမီချထားပေးနိုင်ရန်စီစဉ် ဆောင်ရွက်နေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးကပြော သည်။ 
4G ကွန်ရက်အသုံးပြုသည့် မိုဘိုင်းဖုန်းလိုင်းများချထားပေးနိုင်ရန် ပြည်ပနိုင်ငံများမှ နည်းပညာကုမ္ပဏီ များနှင့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ဆွေးနွေးမှုများပြုလုပ်နေသည်ဟုသိရသည်။ 


““ဘယ်နိုင်ငံနဲ့ပူးပေါင်းလုပ်မယ်ဆိုတာတော့ မရွှေးရသေးဘူး။ ဆွေးနွေးထားတဲ့ နိုင်ငံတွေကတော့ အ များကြီး ပဲ”” ဟု အထက်ပါအရာရှိကပြောသည်။ ချထားပေးနိုင်မည့် အချိန်အတိအကျနှင့် ဈေးနှုန်း သက်မှတ်ချက်များကို မသိရှိရသေးသော်လည်း အဆိုပါဖုန်းလိုင်းများကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၃ ခုနှစ်အရှေ့တောင်အာရှအား ကစားပြိုင်ပွဲအမီ စမ်းသက်အသုံးပြုနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ 4G မိုဘိုင်းဖုန်းများသည် ဈေးနှုန်းကြီးမြင့်သော မိုဘိုင်းကွန်ရက်ကို တည်ဆောက် အသုံပြုရခြင်းဖြစ်ပြီး LTE ကွန်ရက်ကိုအထောက်အပံ့ ပေးနိုင်သည့် ဟန်းဆက်များနှင့်သာ တွဲဖက်အ သုံးပြုနိုင် သည်ဟုသိရသည်။ ““ပြည်ပနိုင်ငံမှာတော့ 4G ကိုအသုံပြုနေကြပြီ။ ဒီမှာတော့ 4G ကိုအမြင့်ဆုံး အနေနဲ့ပဲ သုံးသေးတယ်။ 4G ဆိုတာ voice နဲ့အခြေခံအသုံး ပြုနေရာကနေ data စနစ်နဲ့ပြောင်း လဲအခြေခံပြီးအသုံးပြုတဲ့အတွက် အစစအရာရာ ပိုပြီးကောင်းလာတဲ့သဘောပါ”” ဟုလူကြီးမင်းဟန်းဆက် အရောင်းဆိုင်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင်ကပြောသည်။ ““4G ချထားပေးတဲ့အခါ 4G ကွန်ရက် အတိုင်း မြန်မာ့ဆက်သွယ်ရေးက အပြည့်အ၀အသုံးပြုခွင့်ပေးရင်တော့ အဆင်ပြေတာပေါ့။ ပါဝင်တဲ့ function တွေကိုပိတ်ထားပြီး ဖုန်းပြော ဆိုနိုင်ရုံသီးသန့်ဆို ရင်တော့ ဈေးကြီးပေးပြီးအ သုံးပြရမှာမ တန်ဘူး လို့ထင်တယ်””ဟု မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးက သူ၏အမြင်ကိုပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းင်းတို့ချထားပေးခဲ့သည့် မိုဘိုင်းဖုန်းလိုင်းများ၌ Multi Media Message (MMS) ကို အသုံးပြုနိုင်ရန်ဖွင့်လှစ်ပေးသွားမည်ဟု မိုဘိုင်းဖုန်းလိုင်းများမရောင်းချခင်၌ ကြေညာခဲ့သော်လည်း ယနေ့ အချိန်အထိအသုံးပြုနိုင်သေးခြင်း မရှိကြောင်း အသုံးပြုသူများကပြောသည်။

ref:IJ

No comments:

Post a Comment