Tuesday 14 August 2012

ဒုတိယသမ္မတသစ် မနက်ဖြန်(၁၅.၈.၂၀၁၂)ကျမ်းကျိန်မည်

လစ်လပ်သွားသောဒုတိယသမ္မတရာထူးနေရာအတွက် မနက်ဖြန်မနက် ၁၀ နာရီတွင် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်အတွင်း သွားရောက် သတင်း ရယူနေသည့် The Messenger ဂျာနယ်သတင်းသမားတစ်ဦးက သတင်းပေးပို့သည်။ ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရသူက ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်တွင် တစ်ခါတည်း ကျမ်းသစ္စာကျိန်ဆို သွားမည်ဖြစ်ကြောင်း လွှတ်တော်ရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဒုတိယသမ္မတရာထူးအတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ရေပန်းစားနေကြောင်းသိရသည်။
 
ref:messenger

No comments:

Post a Comment