Tuesday 14 August 2012

ကချင်နှင့်ရခိုင်မှ ကလေးများအတွက်ပညာရေးရန်ပုံငွေ နိဗ္ဗာန်ဈေးပွဲတော်

ရန်ကုန်တိုင်းအတွင်း ပရဟိတလှုပ်ရှားမှုများဆောင်ရွက်နေသော လူငယ်အဖွဲ့ ၆ ဖွဲ့သည် ပခုက္ကူရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ၂၀၁၁ ခုနှစ်တွင် စုစည်းလုပ်ဆောင် ခဲ့ကြပါသည်။
ယခုနှစ် ဇွန်လအတွင်းတွင်လည်း ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများအထောက်အကူဖြစ်စေရန် ငွေကျပ် သိန်း ၈၀ ကျော်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ယခုတဖန် ပိုမိုများပြားသော လူငယ်ပရဟိအဖွဲ့များအနေဖြင့် ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိ ကလေး သူငယ်များ၏ ပညာရေးအတွက် ရန်ပုံငွေရရှိစေရန် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပပြုလုပ်ရန် စုစည်းကြပါသည်။

အဖွဲ့တစ်ဖွဲ့ချင်းစီအားဖြင့် အင်အား နည်းပါးသော်ငြားလည်း စုပေါင်းအားဖြင့်အစပြုကာ မိဘပြည်သူများ၏ အားပေးမှုကိုအထူးသဖြင့်မျှော်လင့်လျှက် နိဗ္ဗာန်ဈေးပွဲတော်ကိုစီစဉ် ကျင်းပ ကြခြင်းဖြစ်ပါသည်။
စစ်မက်ဘေး ဒဏ်ခံစားနေရသော ကချင်ပြည်နယ်မှ ကလေးငယ်များအတွက်သော်လည်းကောင်း၊ ပဋိပက္ခဖြစ်ပွါးမှုကြောင့် ဆင်းရဲဒုက္ခများစွာခံစားနေရသော ရခိုင်ပြည်နယ်မှ ကလေးငယ်များ အတွက်သော်လည်းကောင်း ပညာရေးရှေ့ဆက်ဖို့ရန် အခက်အခဲများ ရှိနေဆဲ ဖြစ်ပါသည်။
ထိုအခက်အခဲများအား တစ်ထောင့်တစ်နေရာမှကူညီနိုင်ရန်အတွက် လူကြီးမင်း၏ပါဝင်ပံ့ပိုးမှုကိုလဲ လိုအပ်နေပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော် ကျွန်မတို့၏ ရန်ပုံငွေနိဗ္ဗာန်ဈေးပွဲတော်အစီအစဉ်၌ တတ်အားသရွေ့ပါဝင်ရန် မေတ္တာအားဖြင့်ဖိတ်ခေါ်အပ်ပါသည်။

“ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ယက်”

အစီအစဉ်များ....

- unplugged show အစီအစဉ်

- ရုပ်ပြောင်ပုံဆွဲခြင်း (Caricature) အစီအစဉ်

- လက်သည်းပန်းချီများ ရေးဆွဲပေးခြင်း

- တားရော့ ဗေဒင် ဟောပြောပေးခြင်း

- သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများရဲ့ ပျိုးပင်များ ဝေမျှပေးခြင်း

- ပန်းချီကားများ ရောင်းချပေးခြင်း

- တရားဓမ္မစာအုပ်များ ဝေမျှခြင်း

- ကလေးငယ်များ အတွက် ကံစမ်းမဲ အစီအစဉ်နှင့် ဂိမ်းများ

- ဓါတ်ပုံများ ပြသခြင်း

-ရခိုင် အစားအစာ ၊ မြန်မာ့ရိုးရားစားစရာအချို့ ၊ ဆူရှီ ၊ဆနွင်းမကင်း ၊ ကြက်သားကော်ပြန်. ၊ မုန်လာဥနီသုပ်စသော အစားအစားများ ကျွေးမွေး ဧည့်ခံ ခြင်း...
စသော အစီအစဉ်များ ပါဝင်မည်...။

( မှတ်ချက် - စားသောက်ဖွယ်ရာသော်လည်းကောင်း ၊ မည့်သည့် ပစ္စည်း ၊ မည်သည့် ၀န်ဆောင်မှုကိုမျှ ဈေးနှုန်း သတ်မှတ်ထားခြင်း မရှိပါ..။ လူကြီးမင်းဧ။် စေတနာ အရ ထည့်ဝင်မည့် အလှူငွေကိုသာ လက်ခံမည်ဖြစ်သည်...။ )

ဆက်သွယ်ရန်-

မတင်မြတ်ထက်.. (myanmar youths in action) ၀၉၇၃၁၁၇၈၄၉

ကိုသန့်ဇင်စိုး ......( myanmar storytellers) ၀၉၄၂၅၀၁၈၄၇၆

ကိုဇင်ဖြိုးထက် ...( voluntary internship program) ၀၉၅၀၄၁၆၄၇

ကိုခိုင်စိုးလင်း ....(myanmar youths in action) ၀၉၅၄၀၈၃၀၅

ကိုသားငယ် ...... (myanmar youths in action) ၀၉၄၂၀၀၇၇၀၅၅

မ အိပွင့်ရှီဇံ ..... (white sharing) ၀၉၄၉၃၁၇၈၃၈

No comments:

Post a Comment