Tuesday 14 August 2012

အမေရိကန်-မြန်မာ ပထမဆုံးအားကစားသံတမန် ဖလှယ်ရေးအတွက် NBA ဘတ်စကက်ဘော ကစားသမားဟောင်းသုံးဦး ရန်ကုန်သို့လာရောက်မည်

အမေရိကန်နိုင်ငံမှ ကမ္ဘာကျော် ဘတ်စကက်ဘော ပြိုင်ပွဲဖြစ်သော အင်န်ဘီအေနှင့် ဒဗလျူအင်န်ဘီအေမှ လက်ထောက်နည်းပြ အပါအ၀င် ကစားသမားဟောင်း  သုံးဦးသည် အားကစားနှင့် ယဉ်ကျေးမှုရေးရာ လှုပ်ရှားမှုများမှတစ်ဆင့် မြန်မာလူငယ်များနှင့် တွေ့ဆုံရန် ရန်ကုန်မြို့သို့ ယခုလ ၂၆ ရက်တွင် လာရောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။


 ချာလော့ဘော့လ်ကက်စ် အထွေထွေမန်နေဂျာ ရစ်ချက်ချို၊ ဒဗလျူအင်န်ဘီအေ ကစားသမားဟောင်း အယ်လီဆင်ဖီဆတာ၊ လက်ရှိလော့စ်အိန်ဂျလိစ် လိကားစ် လက်ထောက်နည်းပြနှင့် အင်န်ဘီအေ ကစား သမားဟောင်း ဒါဗင်ဟမ်နှင့် အင်န်ဘီအေကစားသမားဟောင်း မာတီကွန်လွန်တို့ လာရောက် မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် ပထမဦးဆုံးသော အားကစားသံတမန် ဖလှယ်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဌာန၏ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာဌာနသည် အင်န်ဘီအေ၊ ဒဗလျူအင်န်ဘီအေတို့နှင့် ပူးတွဲကျင်း ပခြင်းဖြစ်ကြောင်း သိရသည်။ အထက်ပါ အစီအစဉ်အရ လာရောက်သည့် အားကစားသံတမန်များသည် ဘတ်စကက်ဘော လက်တွေ့ကစားပြခြင်း၊ အားကစားဆွေးနွေးပွဲများအားဖြင့် ပညာပူးပေါင်းဆောင် ရွက်ခြင်းနှင့် မတူ ကွဲပြားမှုတို့ကို အလေးထားခြင်းများ၏ အရေးကြီးပုံကို အလေးပေး တင်ပြကြ မည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့၏ ငါးရက်တာ ခရီးစဉ်အတွင်း တော်ဝင်စင်တာတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွား မည်ဖြစ်ကာ ကျောင်းများနှင့် အားကစားရုံများတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး၊ သိမ်ဖြူအားက စားရုံ၌ မြန်မာ့ရိုးရာ ခြင်းလုံးကစားခြင်းကိုလည်း လေ့လာကြည့်ရှုကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

“ကမ္ဘာမှာ နာမည်ကြီး အင်န်ဘီအေ ဘတ်စကက်ဘော ပွဲစဉ်တွေဆိုတာ ရုပ်သံကပဲ ကြည့်ရှုခဲ့ရတာပါ။ သူတို့ဆီက နည်းပြတွေ၊ ကစားသမားဟောင်းတွေက ခုလို သင်တန်းတွေ၊ သရုပ်ပြပွဲတွေ လာရောက်ပြသမယ်ဆိုတော့ မြန်မာဘတ်စကက်ဘော ကစားသမားတွေအတွက် အလွန်စိတ်လှုပ်ရှား ဖွယ်ကောင်းတဲ့ အစီအစဉ်ဖြစ်မှာပါ”ဟု အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်န်ဘီအေမှ လက်ထောက်နည်းပြတစ်ဦးသည် လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ခန့်က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သင်ကြား ပြသဖူးကြောင်းလည်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ref:IJ

No comments:

Post a Comment