Tuesday 14 August 2012

ဂျပန်မိုင်းရှင်းသင်္ဘော ၂ စီးသည် ပါရှန်ပင်လယ်ကွေ့တွင်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ရန် စတင်ထွက်ခွာသွား

ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ မှသင်္ဘောများသည် လာမည့်လ တွင်ပြုလုပ်မည့် အမေရိကန် ဦးဆောင်သော မိုင်းရှင်းလင်း ရေးစစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ရန်အတွက် ပါရှန် ပင်လယ်ကွေ့သို့ ဦးတည် ထွက်ခွာသွားပါသည်။ တပ်ဖွဲ့ဝင် ၁၇ဝ ဦးခန့်ပါဝင်သော Uraga Hachijo အမည်ရှိ မိုင်းရှင်းသင်္ဘော ၂ စီးသည် Kanagawa စီရင်စုရှိ Yokosuka အခြေစိုက်စခန်းမှ သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်ထွက်ခွာသွားပါသည်။ အဆိုပါသင်္ဘော ၂ စီးသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်မည့် ၁၂ ရက်ကြာ စစ်ရေး လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်မည်ဖြစ်ပြီး ပါရှန်ပင်လယ်ကွေ့ သို့မဝင်ရောက်မီ မလေးရှားနှင့် သီရိလင်္ကာ နိုင်ငံတို့ရှိ ဆိပ်ကမ်းများ၌ ခရီးတစ်ထောက် ရပ်နားမည်ဖြစ်ပါသည်။ 
မိုင်းရှာဖွေ ရှင်းလင်းရေးစစ်ရေး လေ့ကျင့်ခန်းတွင် နိုင်ငံပေါင်း ၂ဝ ခန့်ပါဝင် လေ့ကျင့်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဂျပန်နိုင်ငံသည် ၄င်း၏ရေနံဝယ်ယူ တင်သွင်းမှု ၉ဝ ရာခိုင်နှုန်းခန့်အား ၄င်းဒေသမှတစ်ဆင့်ဖြတ်သန်း သယ်ယူရသောကြောင့် ပါရှန်ပင်လယ်ကွေ့မှာ ၄င်း၏ အဓိ က  ရေလမ်းကြောင်း တစ်ခုဖြစ်ပါသည်။ ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့သည် ပါရှန်ပင်လယ်ကွေ့ ဒေ သ၌ ၂ဝ၁၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်ခန်းတွင်လည်း ပါဝင်ဆောင် ရွက် ခဲ့ဖူးပါသည်။ ၄င်းစစ်ရေး လေ့ကျင့်ခန်းသည် အီရန်နိုင်ငံအား ဝိုင်းပတ် ပိတ်ဆို့ရန် အမေရိကန်၏ ကြိုးပမ်းမှုတစ်စိတ် တစ်ဒေသအဖြစ် ထင်မြင်ယူဆကြောင်း၊ အီရန်နိုင်ငံသည် ပါရှန်ပင် လယ်ကွေ့ အဝင်ဝတွင် မိုင်းများအသုံးပြု၍ ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့ သွားမည် ဖြစ်ကြောင်း ၂ဝ၁၁ ခုနှစ်မှ စတင်၍ အရိပ်အမြွက်ပြောကြား လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment