Wednesday 6 January 2016

နျူးကလီယား စမ်းသပ်မှုကြောင့်ဟု ယူဆနိုင်သည့် ငလျင်တစ်ခု မြောက်ကိုရီးယားတွင် လှုပ်ရှား

ပြင်းအား မဂ္ဂနီကျု ၅.၁ အဆင့်ရှိ ငလျင်တစ်ခု မြောက်ကိုရီးယားနိုင်ငံရှိ နျူးကလီးယား စမ်းသပ်သည့်နေရာ တစ်ခုအနီးတွင် ဗုဒ္ဓဟူးနေ့တွင် လှုပ်ခတ်ခဲ့သည့်အတွက် မြောက်ကိုရီးယားနိုင်ငံသည် အက်တမ်ဗုံး ဖေါက်ခွဲစမ်းသပ်မှု ပြုလုပ်ခဲ့သည့်ဟု စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အမေရိကန် ဘူမိတိုင်းတာရေး အဖွဲ့၏ အဆိုအရ အဆိုပါ ငလျင်သည် မြောက်ကိုရီးယားနိုင်ငံတွင် နျူးကလီးယား စမ်းသပ်မှုများကို ပြုလုပ်ခဲ့ဖူးသော ပျောင်ဂျီရီ မှ ၄၉ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

နျူးကလီးယား စမ်းသပ်မှုကြောင့် ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တရုတ်ငလျင်စောင့်ကြည့်သူများက အဆိုပါ ငလျင်သည် သံသယရှိစော ပေါက်ကွဲမှုတစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယား၏ Met အေဂျင်သီက ယင်းငလျင်သည် နျူးကလီးယားစမ်းသပ်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ချေရှိကြောင်းပြောကြားသည်။

Ref: CNA
Democracy today

No comments:

Post a Comment