Wednesday 6 January 2016

ကာလုံဥပဒေကြမ်းကို ယခုလွှတ်တော်သက်တမ်းအတွင်း တင်ပြဆွေးနွေးမည်မဟုတ်ဟု ဦးခင်အောင်မြင့်ပြော

ဝေဖန်မှုများမြင့် တက်နေသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိလွှတ်တော်သက်တမ်း ကာ လအတွင်း တင်ပြဆောင်ရွက်မည် မဟုတ်ကြောင်း အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။
လာမည့်လွှတ်တော် သက် တမ်းကာလများအတွင်း ဆက်လက် လုပ်ဆောင်လိုပါက လုပ်ဆောင် နိုင်ရန်အတွက်သာ ဥပဒေကြမ်း အဖြစ် ပြုစုပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းဥပဒေကြမ်းသည်လွန်ခဲ့ သော ၂ နှစ်ကပင် အမျိုးသား လွှတ်တော်သို့ ရောက်ရှိနေကြောင်း ဦးခင်အောင်မြင့်က ဇန်န၀ါရီ ၅ ရက်နံနက်တွင် အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လုပ်ငန်းလက်ကျန်အနေနဲ့ နောက်လူတွေ လုပ်ချင်ရင်လည်း လုပ်လို့ရအောင် မလုပ်ချင်လည်း မလုပ်နဲ့။ ဘာမှမလုပ်ဘဲ ထားခဲ့ မယ့်ကိစ္စမှာ ဒီလွှတ်တော်မှာမတင် ပါဘူး။ တင်ဖို့လည်း မမီတော့ပါ ဘူး။ လုပ်ဖို့ရက်ကလည်း ၁၉ရက်ပဲ ကျန်တော့တယ်။ ဒါတွေက ဥပဒေကြမ်းအဆင့်တောင် မရောက် သေးဘူး။ ဒါကို ဘာလို့ အဲဒီလောက် စိတ်ပူနေရတာလဲ’’ ဟု ဦးခင်အောင်မြင့်က ပြောသည်။

အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်တွင် ပါရှိသည့် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ပတ်သက် သည့် ဆောင်ရွက်ရမည့် အချက် များပါဝင်သော ဥပဒေကြမ်းတစ် ရပ်ကို အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦးက ရွေးဆွဲ ကာ လွှတ်တော်သို့တင်သွင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလုံဥပဒေကြမ်း ကို ဒီဇင်ဘာ ၂၁ ရက်က အမျိုး သားလွှတ်တော်ကိုယ်စားလှယ် များထံသို့ ဖြန့်ဝေထားကာ ယင်း ဥပဒေကြမ်းအရ ကာလုံအစည်း အဝေးတွင် သမ္မတသည်မဲပေးခွင့် မရှိဘဲ သဘာပတိအဖြစ်ရှိနေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီတွင် အဖွဲ့ဝင် ၁၁ ဦးရှိ ကာ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊နိုင်ငံ ခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးတို့ပါဝင်သည်။

လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုဆွေးနွေး ရန် ဥပဒေကြမ်းပေါင်း ၃၈ ခုရှိ ကာ လွှတ်တော်သက်တမ်းသည် လည်း လာမည့်ဇန်န၀ါရီ ၃၀ ရက် တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment