Wednesday 6 January 2016

စီမံကိန်းများသတ်မှတ်ချက်အတိုင်း မလိုက်နာပါက ကန်ဒေါ်လာ ငါးသောင်းနှင့် လုပ်ငန်းရပ်ဆိုင်းသည်အထိ အရေးယူမည်

စီမံကိန်းများလုပ်ဆောင် ရာတွင် သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ထုတ် ပြန်သည့် ပတ်ဝန်းကျင်ထိခိုက် မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ် ထုံးလုပ်နည်းအမိန့်အရ အမြင့်ဆုံးဒဏ်ကြေး အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် လုပ်ငန်းလုပ်ကိုင် ခွင့်ရပ်ဆိုင်းသည်အထိ အရေးယူ သွားမည်ဟု သတင်းရရှိသည်။
ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ခြင်းလုပ်ထုံးလုပ်နည်းကို ပတ် ၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် JICA တို့ ပူးပေါင်းရေးဆွဲထားပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ် ပြန်ခဲ့သည်။

ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ခြင်းလုပ်ထုံးလုပ်နည်းတွင် စီမံကိန်းအဆိုပြုလွှာကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုလေ့လာ ဆန်းစစ်ချက် (EIA) နှင့် ကနဦး ပတ်ဝန်းကျင်ထိခိုက်မှု (IEE) ဆောင်ရွက်ရန် မှတ်ပုံတင်ထားသည့်အ ကြံပေးပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အား ရွေးချယ်ခြင်းကိစ္စရပ်များ၊ EIA အစီရင်ခံစာ၊ IEE အစီရင်ခံ စာ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီ အစဉ် (EMP)များ ရေးဆွဲရာတွင် လိုက်နာရမည့် သတ်မှတ်ချက်များစသည်တို့ ပါဝင်သည်။

ထို့အပြင် စီးပွားရေးစီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် မဖြစ်မနေလုပ်ဆောင်ရမည့် EIA နှင့် IEE လုပ်ငန်းစဉ်များကို ဆောင်ရွက်မည့် အကြံပေးလုပ်ကိုင်သူ များသည် မဖြစ်မနေလုပ်ငန်းလိုင် စင်ရယူရမည် ဖြစ်သည်။

လုပ်ထုံးလုပ်နည်းအရ လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည့် စီမံကိန်းများသည် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ နှောင့် နှေးကြန့်ကြာခြင်း၊ လူမှုရေးထိ ခိုက်မှုများအရ ပေးလျော်ရမည့် လျော်ကြေးကို လျော်ကြေးငွေရရှိ သူထံပေးလျော်ရန် ပျက်ကွက် ခြင်းစသည့်အချက်များ ပျက်ကွက် ပါက အမေရိကန်ဒေါ်လာတစ်ရာ မှ ဒေါ်လာ ငါးသောင်းအထိ ဒဏ် ကြေးငွေနှင့် လိုက်နာဆောင်ရွက် ရန် သတိပေးချက်ထုတ်ပြန်ခြင်း၊ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်း (သို့)တစ်ခုလုံးရပ်ဆိုင်းခြင်းစသည့် အ ချက်များဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း အမိန့်ကို ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) မှ ကျွမ်းကျင်ပညာရှင်တို့ ပူးပေါင်း၍ ၂၀၁၄ ဖေဖော်ဝါရီကစတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

7Day Daily

No comments:

Post a Comment