Tuesday 5 January 2016

ယာဉ်အိုဟောင်းအစားထိုးတင်သွင်းမည့် (စလစ်ကပ်)ယာဉ်များအား ၂၀၁၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၆ မှ ၂၀၁၁ ခုနှစ်သို့ ပြောင်းလဲသတ်မှတ်ပေးမည်

မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း
ယာဉ်အိုယာဉ် ဟောင်းအစားထိုးတင်သွင်းမည့် (စ လစ်ကပ်)ယာဉ်များအား ၂၀၀၆ မှ ၂၀၁၃ ခုနှစ်မိုဒယ်အစား ၂၀၀၆ မှ ၂၀၁၁ ခုနှစ်သို့ ပြောင်းလဲသတ် မှတ်ပေးသွားမည့်အပြင် ဖရီးပါမစ် ဖြင့်တင်သွင်း သည့် မော်တော်ယာဉ် များအတွက် ဘယ်မောင်းယာဉ်များ သာ တင်သွင်းခွင့်ရမည့်အချက်အား ဖြေလျှော့ပေးရန် မော်တော်ယာဉ်ကြီး ကြပ်ရေးကော်မတီနှင့် သဘောတူညီမှုရရှိထားကြောင်း မြန်မာ နိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္က ဋ္ဌ ဒေါက်တာစိုးထွန်းပြောကြားချက် အရ သိရသည်။
လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းမှုအတွက် အသစ်ထုတ်ပြန်ခဲ့သည့် ကြေညာချက် ကြောင့် မော်တော်ယာဉ်တင်သွင်းသူ များ ဖြစ်ပေါ်နေသည့်အခက်အခဲများ ကို ဖြေရှင်းပေးနိုင်ရန်အတွက် နိုင်ငံ တော်သမ္မတ၏လမ်းညွှန်မှုဖြင့် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မော်တော် ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးကော်မတီနှင့် မော်တော် ယာဉ်လုပ်ငန်းရှင်များ ညှိနှိုင်းဆွေး နွေးပွဲအား ဇန်နဝါရီ ၅ ရက်က နေ ပြည်တော် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပြု လုပ်ခဲ့ပြီးနောက် ဒေါက်တာစိုး ထွန်း က မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာစိုးထွန်းက ''အဓိက အချက်နံပါတ်တစ်ကတော့ ၂၀၁၅ ခုနှစ် ပါမစ်တွေ၊ လိုင်စင်တွေအား လုံးကို ၂၀၁၆ ဒီဇင်ဘာလကုန်အထိ မှတ်ပုံတင်ခွင့်ပြုမယ်ဆိုတဲ့အချက် ရယ်၊ ဒုတိယအချက်ကတော့ မော် တော် ယာဉ်တင်သွင်းခွင့် ခုနှစ်၊ မို ဒယ်သတ်မှတ်ချက်ကို ယခင်ကြီးကြပ် ရေးကော် မတီမှာ သတ်မှတ်တဲ့ဟာတွေ ကို တစ်နှစ်တိုးပြီးတော့သတ်မှတ်မယ်။ ဒီယာဉ်အိုယာဉ်ဟောင်းကားတွေ ကို ၂၀၀၆ ခုနှစ်အထက်ကို သုံးနှစ် ခုန်ပြီးတော့သတ်မှတ်မယ်။ ကျန်တဲ့ ကားတွေကို တစ်နှစ်ခုန်ပြီးသတ်မှတ် မယ်'' ဟု ဆိုသည်။

အဆိုပါအချက်များအား မော် တော်ယာဉ်တင်သွင်းသူများနှင့် မော် တော်ယာဉ်တင်သွင်းမှု ကော်မတီအ ကြား သဘောတူညီမှုရရှိထားပြီး ဖြစ်သော်လည်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် သမ္မတရုံးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ''အခုကတော့ အ ရင်အတိုင်းဖြစ်သွားတဲ့အတွက် ပထ မတုန်းကတော့ ၂၀၀၆ ကနေ ၂၀၁၃ အထိ စလစ်ကပ်ရမယ်ဖြစ်တာပေါ့။ အခုတော့ အရင်လိုပဲ တစ်ဦးချင်းပါ မစ်နဲ့ရမယ်။ ၂၀၀၆ ကနေ ၂၀၁၁ အ ထိ စလစ်ကပ်မယ်။ အရင်သွင်းတဲ့ ကားတွေက ဒီအတိုင်းရတယ်။ အ ရောင်းစင်တာတွေမှာ ကွန်ဆိုင်းမန့် သွင်းထားတဲ့ကားတွေ အဲဒါတွေ ကို ပြောတာ။ အရင်တုန်းက ပါမစ်လျှောက် ပြီးသွင်းတဲ့ကားတွေက အရင်ကတည်း က လက်ခံမယ်ပြောထားတယ်။ အခု ကွန်ဆိုင်းမန့် စနစ်ကားတွေကိုလည်း အရင်တုန်းကလက်မခံဘူး။ ၂၀၁၆ မူအရ စလစ်ကပ်ရမယ်။ ဟွန်ဒါဖစ် တွေ စလစ်ကပ်ရမယ်။ မဟုတ်တော့ဘူး။ ကပ်စရာမလိုတော့ဘူး'' ဟု ဆိုသည်။

လက်ရှိ ၂၀၁၆ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှု ဆိုင်ရာ ကြေညာချက်အား မော်တော်ယာဉ် ဥပဒေအရ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာစိုးထွန်းက ''ကြီးကြပ် ရေးကော်မတီက ဒီလိုပဲသဘောတူ လိုက်တဲ့အတွက်ကြောင့် မော်တော် ယာဉ်တင်သွင်းတဲ့ လူတွေအတွက် အ ဆင်ပြေသွားတဲ့ အနေအထားတော့ ရှိပါတယ်။ ယခင်ရှိတဲ့ လိုင် စင်တွေ ပေါ့နော်။ ၂၀၁၅ ခုနှစ်မှာရှိတဲ့ လိုင် စင်ပဲခေါ်ခေါ်၊ ပါမစ်ပဲခေါ်ခေါ် ကွန် ဆိုင်းမန့်သွင်းတာပဲဖြစ်ဖြစ်၊ တစ်ဦး ချင်းသွင်းတာပဲဖြစ်ဖြစ် ၂၀၁၆ ဒီဇင် ဘာ ၃၁ ရက်အထိကို ကညနအနေနဲ့ မှတ်ပုံတင်ခွင့်ပေးမယ့် အတွက် ကြောင့် အားလုံးအဆင်ပြေသွားမယ့် အလားအလာရှိပါတယ်'' ဟု ဆိုသည်။

ကညနမှ ၂၀၁၆ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှုဆိုင် ရာ ကြေညာချက်အား ထုတ်ပြန်ပြီးနောက် ပိုင်း ယာဉ်အိုယာဉ်ဟောင်း (အပ် ကား)တစ်စီးလျှင် ကျပ်သိန်း ၇၀ ဝန်း ကျင်မှ ယခုအခါ ငွေကျပ် ၇၅ သိန်း နီးပါးသို့ ကျပ်ငါးသိန်းခန့် မြင့်တက် ခဲ့သည့်အပြင် ကားဈေးနှုန်းများ သိ သိသာသာမြင့်တက်မှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ရွှေဖြိုးဖြိုး မော်တော်ကားအ ရောင်းစင်တာမှ ဦးသိန်းနိုင်က ''အခု က ဆွေးနွေးထားတဲ့အနေအထားအ ရတော့ စာထုတ်ပေးမှပဲ အတည်ပြု လို့ရမယ့်အနေအထားပါ။ အခုအ တိုင်းဖြစ်လာမယ်ဆိုရင်တော့ ကားဈေး သိပ်အများကြီး မတက်နိုင်တော့ဘူး ပေါ့'' ဟု ဆိုသည်။

Democracytoday

No comments:

Post a Comment