Wednesday 6 January 2016

တရုတ်နှစ်သစ်ကူးအတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်သော နာရီများ Apple ဖြန့်ချိ

တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြင့် နည်းပညာကုမ္ပဏီကြီး Apple သည် Apple တံဆိပ် အားကစားပြုလုပ်ချိန်တွင် အသုံးပြုနိုင်သည့် မော်ဒယ် နာရီများကို မိတ်ဆက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ မတိုင်မီအထိ ရရှိနိုင်သော နာရီများကို ရွှေရောင် သိုမဟုတ် ငွေရောင်အလူမီနီယံ အကွပ် ဖြင့် ၄၄ မီလီမီတာ(စင်ကာပူဒေါ်လာ ၅၁၈)၊ ၃၈ မီလီမီတာ (စင်ကာပူဒေါ်လာ ၅၉၈) အမျိုးအစား နှစ်မျိုးဖြင့် အနီရောင် အားကစား တံဆိပ်နာရီအဖြစ် ဖြန့်ချိမည်။
အဆိုပါ နာရီကို စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် ရရှိနိုင်မည်။ Apple ၏ အွန်လိုင်းစတိုးမှ တဆင့်လည်း ၀ယ်ယူနိုင်ပြီး ကြာချိန် ၆ ရက်မှ ၈ ရက်အတွင်း ၀ယ်ယူသူထံ အရောက်ပို့ပေးမည်ဟုဆိုသည်။

Ref:CNA
Democracy today

No comments:

Post a Comment