Wednesday 6 January 2016

ရွှေဆိုင်များလုံခြုံရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိများ တွေ့ဆုံဆွေးနွေးမည်

ရန်ကုန်တိုင်းအတွင်းဖွင့် လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင်များ ရွှေဆိုင်လုံခြုံရေးအတွက် ရွှေ လုပ်ငန်းရှင်ကုန်သည်များနှင့် မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲကို ဇန်န ၀ါရီ ၈ရက် နေ့လယ် ၁နာရီတွင် UMFCCI၌ ပြုလုပ်မည်ဖြစ်သည်။ အဓိကအားဖြင့် ရွှေဆိုင်များတွင် လုယက်မှုနှင့်ဖောက်ထွင်းမှုများ ထပ်မံမဖြစ်ပွားရန် စီစဉ်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲအကြိုတွေ့ဆုံမှု အဖြစ် ယုဇနပလာဇာအတွင်း ဖွင့် လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင်အ ချို့နှင့် ဇန်န၀ါရီ ၅ရက်တွင် မင်္ဂ လာတောင်ညွှန့် မြို့မရဲစခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းအဆို ပါရဲစခန်းမှ ရဲမှူးသိန်းအောင်က ပြောသည်။

‘‘ဒီနေ့ကတော့ ဆိုင်ရှင်အ ချို့ကို ခေါ်ပြီး သူတို့ဆိုင်တွေရဲ့လို အပ်ချက်တွေကို မေးတယ်။ သူတို့ အတွက်ဘာလုပ်ပေးနိုင်မလဲဆို တာဆွေးနွေးတယ်။ သူတို့ဘက် ကလိုအပ်ချက်ရှိတာတွေကို ပြော ပြခဲ့သလို သူတို့ဘက်ကဖြစ်ချင် တာတွေလည်း ပြန်ဆွေးနွေးခဲ့ တယ်’’ဟု ရဲမှူးသိန်းအောင်က ပြောသည်။

ယုဇနပလာဇာအတွင်း ရွှေဆိုင်ပေါင်း သုံးဆယ်ကျော်ဖွင့်လှစ်လျက်ရှိပြီး တစ်ပတ်လျှင် ခြောက်ရက်ဖွင့်လှစ်ရောင်း ချနေသော ကုန်တိုက်ဖြစ်ကာ ရွှေ ဆိုင်အချို့တွင် လုံခြုံရေးအတွက် ပြင်ဆင်ထားမှုကို ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှ ဒုရဲမှူးချုပ်ဝင်းဗိုလ်နှင့် နေပြည်တော်မှ ရဲအရာရှိများမှ လာရောက် ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။

‘‘ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို ဖိတ်ပြီး ရဲတပ်ဖွဲ့က မှုခင်းအန္တရာယ်ကာ ကွယ်ဖို့အတွက် လိုအပ်တာတွေ ပြောမယ်။ ဆိုင်ရှင်တွေကလည်း သူတို့လိုအပ်ချက်တွေကို ပြန်လည်တင်ပြဆွေးနွေးသွားမှာပါ။ အဓိကကတော့ ရွှေဆိုင်တွေလုံခြုံ ရေးအတွက် ပြုလုပ်တာပါ’’ဟု ရွှေလုပ်ငန်းရှင်များအသင်း(ရန် ကုန်)အတွင်းရေးမှူးဦးဝင်းမြင့်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း ဖွင့် လှစ်ရောင်းချနေသည့် ရွှေဆိုင်အ ချို့တွင် ဖြစ်ပွားခဲ့လုယက်မှုဖြစ်စဉ်များ၌ ကျူးလွန်သူများက ၎င်းတို့အမှန်တကယ်ရောင်းချ ခြင်းမရှိဘဲ ရဲကဖမ်းဆီးရမိသည့် အခါ မိမိတို့ဆိုင်ကို လက်ညိုး ထိုးကာ ရောင်းချခဲ့သည်ဟုပြော သည့်အမှုများရှိပြီး လျော်ကြေး ပေးရသည့် ဆိုင်အချို့ရှိကြောင်း ယုဇနပလာဇာတွင်ဖွင့်လှစ်ထားသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

‘‘ဆိုင်မှာလည်း လာရောင်း တာမဟုတ်ဘူး။ ကျွန်တော်တို့ လည်းအပြင်ရွှေမ၀ယ်ဘူး။ ဒါပေ မဲ့ရဲနဲ့လာပြီး ဆိုင်မှာရောင်းတယ် လို့ပြောတော့ အထောက်အထား မရှိတဲ့အခါ ရှင်းပေးလိုက်ရတဲ့ ဆိုင်တွေရှိတယ်။ ဘာပဲပြောပြော ဆိုင်အတွက်တော့ သိက္ခာကျသွား တာပေါ့’’ဟု အဆိုပါရွှေဆိုင်ပိုင် ရှင်ကပြောသည်။

ရန်ကုန်တိုင်းတွင် ရွှေဆိုင် ဖောက်ထွင်းမှုဖြစ်ပွားမှုနှုန်းမှာ ၂၀၁၅တွင် လျော့ကျသွားသော်လည်း လုယက်မှုမှာ စံချိန်တင်မြင့်တက်ခဲ့ပြီး အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း အမှုပေါင်း ၆၇မှုရှိခဲ့ပြီး ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် လုယက်မှုအချို့မှာ ယနေ့အထိ မပေါ်ပေါက်သေးကြောင်းသိရ သည်။

‘‘လုယက်မှုတွေ ဒီနှစ်ထဲများ လာတာတော့ မှန်ပါတယ်။ ဒီအ တွက်လည်း ညဘက်ယာဉ်ကြော ပိတ်ဆို့ရှာဖွေတာတွေလုပ်တယ်။ ဆိုင်ကယ်တွေနဲ့ လုတဲ့သူတွေများ တော့ ဆိုင်ကယ်တွေစီမံချက်နဲ့ ဖမ်းတယ်။ ခုလည်း လှည့်ကင်း ကားတွေနဲ့ လုံခြုံရေးတွေလုပ်ပေး နေပါတယ်’’ဟု ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောသည်။

ရန်ကုန်တိုင်းတွင်ဖွင့်လှစ် ထားသည့် ရွှေဆိုင်များကို လုံခြုံ ရေးကင်မရာများ မိမိဆိုင်၌ တပ်ဆင်ရန်အတွက် လိုက်လံပြောကြားထားသော်လည်း ဆိုင်ကြီးများမှအပ အချို့ဆိုင်များတွင် တပ်ဆင်ခြင်းမရှိသေးကြောင်းရန် ကုန်အနောက်ပိုင်းခရိုင်မှ ရဲမှူးတစ်ဦးကပြောသည်။

‘‘၂၀၁၅မှာ ဖောက်တဲ့ရွှေ ဆိုင်တွေရှိပါတယ်။ ဒီအထဲမှာ လုံ ခြုံရေးကင်မရာတပ်ဆင်ထားတဲ့ ဆိုင်တွေဆိုရင် အမှုပေါ်ခဲ့တာ တွေချည်းပါပဲ။ ရွှေဆိုင်တွေ မ ပြောပါနဲ့ အချို့ဆို လက်ဖက်ရည် ဆိုင်တွေမှာတောင်တပ်တယ်။ ဒီ လိုတပ်ထားခြင်းကလည်း မှုခင်း ဖော်ထုတ်တဲ့အခါမှာ အကူအညီ အများကြီးရပါတယ်’’ဟု အဆိုပါ ရဲမှူးကပြောသည်။

7Day Daily

No comments:

Post a Comment