Wednesday 6 January 2016

ထိုင်းရောက် မြန်မာလုပ်သားများအရေး နှစ်နိုင်ငံဆွေးနွေးရန် အလုပ်သမားအဖွဲ့များ၏ အကြံဉာဏ်ရယူမည်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများဆိုင်ရာ နှစ်နိုင်ငံကျွမ်းကျင်သူများ အစည်းအဝေး မပြုလုပ်မီ မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုတင်တွေ့ဆုံ၍ အကြံပြုချက်များ ရယူသွားမည်ဟု သတင်းရရှိသည်။
မြန်မာအလုပ်သမားအရေး နှင့် ပတ်သက်သော မြန်မာ-ထိုင်း ကျွမ်းကျင်သူများ အစည်းအဝေး ကို ရန်ကုန်မြို့၌ ဇန်န၀ါရီ ၈၊ ၉ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး ၀န်ကြီးဌာနက ဇန်န၀ါရီ ၇ ရက်တွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် ကြိုတင်တွေ့ဆုံနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

‘‘သူတို့က အလုပ်သမားတွေ အခက်အခဲပိုသိမယ်။ အကြံပြု ချက်တွေလည်း ပေးနိုင်အောင် ဖိတ်ကြားရခြင်း ဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။


ထိုသို့ ကြိုတင်တွေ့ဆုံဆွေး နွေး၍ အကြံပြုချက်ရယူရန် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT)၊ ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေး ကွန်ရက် (MWRN)၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA) နှင့် ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား များကွန်ရက်(MMNB) တို့အား ဖိတ်ကြားထားခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးကို မူလ က ၂၀၁၅ ဒီဇင်ဘာတတိယ ပတ်အတွင်း ပြုလုပ်ရန်စီစဉ်ခဲ့ သော်လည်း ထိုင်းဘက်က ဆွေး နွေးရန် အချိန်မလုံလောက်သည့် အတွက် ရက်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ရာ မြန်မာဘက်က ဇန်န၀ါရီသို့ ရက်ရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် အလုပ်သမားစေလွှတ်မှုဆိုင်ရာ သဘောတူစာချုပ် MOU ပြန် လည်ပြင်ဆင်ရေးထိုးရာ၌် ထည့်သွင်းမည့်အချက်များ၊ ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကို နိုင်ငံသားဖြစ်ကြောင်း သက် သေခံလက်မှတ်(စီအိုင်) သွား ရောက်ထုတ်ပေးနိုင်ရေး၊ ထိုင်းအ စိုးရက ခွင့်ပြုလက်ခံပေးရေးအ ချက်များ အပါအ၀င် အချက် (၈) ချက်ကို ဆွေးနွေးသွားမည်ဟု သိ ရသည်။

ထိုသို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့်ပတ် သက်၍ ကျွမ်းကျင်သူများအစည်း အဝေးကို မြန်မာနိုင်ငံ၌ ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသား နှစ်သန်းကျော်ရှိပြီး MOU စနစ်ဖြင့် တရားဝင်လုပ်ကိုင် သူဦးရေ လေးသိန်းကျော်သာ ရှိ သည်။

7Day Daily

No comments:

Post a Comment