Wednesday 6 January 2016

လူသားဆန်သောစိတ်ထားများ ပေါ်ထွန်းလာရန်အားပေးသင့်

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၉ ရက်က ပြင်သစ်ရှိ ဂျူးစူပါမား ကက် တစ်ခုကို ဂျီဟတ်တိုက်ခိုက်ရေး သမားတစ်ဦးက တိုက်ခိုက်စဉ် မာလီမှ ပြင်သစ် သို့ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသည့် ဘာသီလီ ဆိုသူက ယင်းစူပါမားကက် ပိုင်ရှင်များ ကို သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့ သည့်အတွက် ထိုသူကို ပြင်သစ်သမ္မတက နိုင်ငံသားအဖြစ် ခွင့်ပြုပေးခဲ့ရုံမျှမ က ပြင်သစ် နိုင်ငံ၏အမြင့် ဆုံးဂုဏ်ထူးဆောင်ဘွဲ Legion d' Honneur ကို ချီးမြှင့်ပေးအပ်ရန် အဆိုပြုခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဘာသီလီသည် မာလီသို့ အလည်ပြန်သွားသည့်အခါတွင်လည်း သူ့ကို သူရဲကောင်းတစ်ဦးပမာ အကြိုဆိုခံခဲ့ရပြီး၊ ထိပ်တန်းဟို တယ်ကြီး များက အခမဲ့တည်းခိုခွင့်ပြုခဲ့သလို မာလီသမ္မတက လက်ခံတွေ့ဆုံ ခဲ့သည် ကို တွေ့ရသည်။ ဘာသီလီသည် ထို စူပါမားကက်တွင် ပစ္စည်းများကို စင်များပေါ်တွင် နေရာတကျဖြစ်စေရန် တင်ပေး ရသည့်အလုပ် လုပ်ကိုင် ရသူဖြစ်သည်။

သူ့ကို ထိုကဲ့သို့ဂုဏ်ပြုကြခြင်း၊ နေရာပေးတန်ဖိုးထားကြခြင်းမှာ ဘာသီ လီ၏လုပ်ရပ်က သူ့အသက်ကိုပင်ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့်စိတ် ဓာတ်၊ လူသားဆန်သည့်စိတ်ဓာတ်ကြောင့်ဖြစ်သည်ဟု နားလည်အပ်ပေသည်။

ထိုသို့သောစိတ်ထားမျိုးကို ပိုင်ဆိုင်သူသည် စူပါမားကက်တစ်ခုမှ ဝန်ထမ်းလေး တစ်ဦး ထံတွင်ရှိနေသော်လည်း ထိုတန်ဖိုးကို လူ့အဖွဲ့ အစည်းက အလေးထား နားလည်နိုင်မှသာဖြစ်မည်။ ထိုသို့မဟုတ် လျှင် ငါ့ဆိုင်ကဝန်ထမ်းလေးဆိုတော့ ငါတို့ကို ဒီလိုကူညီရတာ ဘာဆန်းတာမှတ် လို့ဟု သဘောထားလိုက်လျှင် ဘာ သီလီသည် ယခုလိုဂုဏ်ပြုခံ ပုဂ္ဂိုလ်တစ်ဦး အဖြစ် ပေါ်ထွက် လာမည်မဟုတ်ချေ။ ထို့ပြင် သူသည် ပြင်သစ်သို့ မာလီမှ တရားမဝင် ဝင်ရောက်လာသူဖြစ်သည်။ သို့သော် ဒါကြောင့်လည်း သူ့လုပ်ရပ်ကိုမှေးမှိန်သွားအောင် မတတ်နိုင်ချေ။ ကမ္ဘာကြီး ယနေ့ရင်ဆိုင်နေရသော၊ ရက်စက်ကြမ်းကြုတ်ဖွယ် အသေခံ အကြမ်း ဖက်ခံရမှုများအလယ်တွင် ဘာသီလီသည် သူ့အသက်ကို ပင် ပဓာနမထားဘဲ စွန့်စွန့်စားစား သူရဲကောင်းစိတ်ထားဖြင့် ကယ်တင် ခဲ့ခြင်း သည် ကမ္ဘာ့လူသား တစ်ရပ်လုံးကို အကြမ်းဖက် သမားများ၏ အန္တရာယ်မှ ကင်းလွတ်လုံခြုံစေရန် မည်သို့လုပ်ဆောင် ကာကွယ် ရမည်ဆိုခြင်းကို ရပ်တည်ပြလိုက်ခြင်း မည်ပေသည်။

မိမိတို့ဆီတွင်လည်း ၂၀၁၅ ခုနှစ် အတွင်းက ပြည်သူလူထု၏ အသက် အိုးအိမ်လုံခြုံရေး တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွား ခဲ့သော သန်လျင်ရဲစ ခန်းမှ နယ်ထိန်းရဲတပ်ကြပ်တစ်ဦးနှင့် ရဲဝန်ထမ်းတစ်ဦး၊ လူကုန်ကူးမှုများ တရ ကြမ်းဖြစ်နေသည့်ကြားမှ ပဲခူးတွင် အိမ်မှမိဘများမသိအောင် ထွက်ပြေးလာ သည့် ကျောင်းသူမလေးနှစ်ဦးကို ကိုယ့်သွေးသားရင်းနှယ်စောင့်ရှောက် ရင်း မိဘများထံပြန်လည် အပ်နှံပေးခဲ့သည့် ပဲခူးမှ ဆိုက်ကားဆရာတစ်ဦးတို့၏ လုပ်ရပ်သည်လည်း မည်မျှပင် အညတရဆန်နေစေ ကာမူ ထိုက်တန်သော အသိအမှတ်ပြုမှုများ ကို တိုင်းသိပြည်သိ ချီးကျူးဂုဏ်ပြုသင့်လှပေသည်။ အ ကြောင်းမှာ ထိုသူတို့ သည် အလွန်လူသားဆန်သော လုပ်ရပ်များကို မည်သူ ကမျှမတိုက်တွန်းဘဲ လုပ်ဆောင်ခဲ့ကြသူများဖြစ်ခြင်းကြောင့်ဖြစ်သည်။

မိမိတို့ လူ့အဖွဲ့အစည်းတွင် ထိုသို့သော လူမှုတန်ဖိုးများသည် အချိန်ကာလ တစ်ခု အောက်တွင် ကြေပျက်ပျောက် ဆုံးလု နီးနီးဖြစ်ခဲ့ရာ ထိုတန်ဖိုးများကို များများ ဖော်ထုတ်ပေးပါမှ နိုင်ငံအတွက်လိုအပ်နေသော လူမှုစိတ်ထား များ ပြန် လည် ပေါ်ထွန်း လာမည်ဖြစ်ပါကြောင်း ဒီမိုကရေစီတူဒေးက သုံးသပ်ဖော်ပြ အပ်ပေ သည်။

အယ်ဒီတာ(ဇန်နဝါရီ ၅၊ ၂၀၁၆)
‎Democracytoday‬

No comments:

Post a Comment