Wednesday 6 January 2016

ယာဉ်နောက်လိုက်၊ ယာဉ်မောင်းများရှားပါးလာခြင်းနှင့် သက်တမ်းရင့်ယာဉ်များကြောင့် မြို့တွင်းပြေးဆွဲသည့် ဘတ်စ်ကားအစီးရေ လျော့နည်းလာနိုင်

လှည်းတန်းလမ်းဆုံအနီး ခရီးသည်တင်ယာဉ်များ သွားလာနေကြစဉ်(ဓာတ်ပုံ−နစ်ကီ)
ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များ ရှားပါးလာခြင်း နှင့် ဘတ်စ်ကားများ၏ သက်တမ်း ကြာမြင့်ပြီး ကြံ့ခိုင်မှုများအား နည်းလာသဖြင့် ဘတ်စ်ကားအ ရေအတွက် လျော့နည်းမှုကို ရင် ဆိုင်ရဖွယ်ရှိကြောင်း ယာဉ်ပိုင်ရှင် များနှင့် ယာဉ်လုပ်သားများက ပြောသည်။
မြို့တွင်းပြေးဆွဲနေသည့် ဘတ်စ်ကားများတွင် ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် ရှားပါးမှုကို ယာဉ်ပိုင်ရှင်များကြုံတွေ့နေကြရ ပြီးယောဉ်အများစုမှာလည်း ၁၀ နှစ်ခန့်အသုံးပြုပြီးဖြစ်၍ ပြင်ဆင်မှုများ ပြုလုပ်နေရသဖြင့် ယာဉ်ပြေးဆွဲနိုင်မှု အစီးအရေမှ တဖြည်းဖြည်း ကျဆင်းလာရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြော သည်။

‘‘ရှေ့ဆက်လည်း ခရီးသည် တင်ယာဉ်ပြေးဆွဲနိုင်မှုကကျဆင်း နေဦးမှာပဲ။ အခုကားအစီးရေ ၄၀ ရှိရင် ၁၀ စီးလောက်မထွက်နိုင် ဘူး။ နောက်ဒီထက်ပိုဆိုးနိုင်မယ့် အနေအထားရှိတယ်’’ဟု (၄၈) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်ကို တရုတ်လေးက ပြောသည်။

ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များသည် ယာဉ် ကြောပိတ်ဆို့မှုကြောင့် ခေါက်ရေ ပြည့်ပြေးဆွဲနိုင်ခြင်းမရှိဘဲ ၀င်ငွေ ကျဆင်းလာခြင်းနှင့် ယာဉ်စည်း ကမ်းဖောက်ဖျက်မှုဆိုင်ရာ ဒဏ် ကြေးတိုးမြှင့်လိုက်ခြင်းများကြောင့် ကုန်ကျစရိတ်ပိုမိုလာသည်ဟုဆို ကာ လုပ်ငန်းခွင်ပြောင်းရွှေ့မှုများ များပြားလာကြသည်ဟု ယာဉ်ပိုင် ရှင်များက ဆိုကြသည်။

‘‘အရင်တစ်ရက်နှစ်သောင်း လောက်ရပြီး အခုတစ်သောင်း လောက်ပဲရတော့တာမျိုးရှိလာ တယ်။ လုပ်ရတဲ့အချိန်ကလည်း အရင်ကထက် ပိုပေးနေရတော့ မြို့တွင်းလိုင်းကားလောကကို ကျောခိုင်းကုန်တာ။ ယာဉ်မောင်း အချို့က အဝေးပြေးလိုင်းပြောင်း တယ်။ ယာဉ်နောက်လိုက်တွေက တက္ကစီမောင်းတယ်’’ဟု ကိုတရုတ်လေးက ပြောသည်။

ယာဉ်လုပ်သားရှားပါးမှု ကြောင့် ယာဉ်ပိုင်ရှင်များအနေ ဖြင့် နေ့စဉ်ယာဉ်အစီးရေအပြည့် ပြေးဆွဲနိုင်ရေး အခက်ကြုံနေပြီး အဆင်ပြေသည့်သူနှင့် ဖြစ်သလို လည်ပတ်နေရသဖြင့်လည်း ယာဉ် လုပ်သားများ၏ အရည်အသွေး ကိုလည်း မစစ်ဆေးနိုင်ကြောင်း (၁၂၄) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။

‘‘ကိုယ့်ရှိတဲ့သူက ခရီးသည် နဲ့အဆင်မပြေလည်း နောက်လူမ ရှိတော့ သူ့ပဲဆက်သုံးနေရတဲ့အ ခြေအနေမျိုးဖြစ်နေတာ’’ဟု ၎င်း က ပြောသည်။

မြို့တွင်းခရီးသည် ပို့ဆောင် ရေးလုပ်ငန်းများတွင် ၀င်ငွေကျ ဆင်းမှုကြုံခဲ့ရသည်မှာ လွန်ခဲ့ သည့်လေးနှစ်ခန့်ကတည်းကဖြစ် ပြီး ထိုကာလအတွင်းကုန်ဈေးနှုန်း ကြီးမြင့်လာသောကြောင့် မိသား စု စားဝတ်နေရေးဖြေရှင်းရန် အ ဆင်မပြေတော့ကြောင်း (၁၂၁ )ယာဉ်လိုင်းတွင် ယာဉ်နောက် လိုက်အဖြစ် လုပ်ကိုင်ခဲ့သည့် ကိုဝိုင်းမောင်က ပြောသည်။

‘‘အရင်ကဆို တစ်လလုံးနေ လို့ တစ်ခါပြင်စရာမလိုဘဲ ဆွဲခဲ့ တဲ့ကားတွေက အခုဆိုတစ်လမှာ ၁၀ ရက်လောက်ပြင်ဖို့ အချိန်ပေး လာရပြီ။ ကားအသစ်သွင်းဖို့ဆို တာကလည်း ယာဉ်တင်သွင်းခွင့် မူဝါဒမငြိမ်တော့ ယာဉ်ပိုင်ရှင်တွေ ဘက်က အရဲစွန့်ပြီးမသွင်းရဲဘူး။ ဒီအတိုင်းဆက်သွားရင် လက်ရှိ လမ်းပေါ်ရှိတဲ့ ခရီးသည်တင်ယာဉ် တွေ ရေရှည်ပြေးဆွဲနိုင်ဖို့မဖြစ် တော့ဘူး’’ဟု ကိုတရုတ်လေးက ပြောသည်။

မထသ (ဗဟို)၏ ထုတ်ပြန် ချက်အရ ရန်ကုန်မြို့တွင် ခရီး သည်တင်ယာဉ်ပြေးဆွဲရန် မှတ်ပုံ တင်ထားသည့် ယာဉ်အစီးရေ ခုနစ်ထောင်ခန့်ရှိသော်လည်း အမှန်တကယ်ပြေးဆွဲနေသော ယာဉ် အစီးရေလေးထောင်ခန့်သာရှိသည်ဟု သိရသည်။

7Day Daily

No comments:

Post a Comment