Wednesday 23 December 2015

ကရင်သွေးနှော သြစတြေးလျမင်းသမီး ဖခင်၏ ဇာတိမြေသို့ လာရောက်

ရန်ကုန်မြို့ရောက် သြစတြေးလျမင်းသမီး တက်စနီးမ်ရော့ခ် (ဓာတ်ပုံ − ဇွဲဉာဏ်)
သြစတြေးလျနိုင်ငံတွင် သရုပ်ဆောင်အဖြစ် ရပ်တည်နေ သော ကရင်လူမျိုးကပြားသြစတြေးလျမင်းသမီး တက်စနီးမ်ရော့ခ်သည် ဖခင်ဖြစ်သူ၏ ဇာတိမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိသည်။
‘‘မြန်မာနိုင်ငံကို လာရတဲ့ အဓိကရည်ရွယ်ချက်က အဖေမြန် မာနိုင်ငံမှာနေခဲ့တဲ့အကြောင်းကို ပြောပြတဲ့အချိန်မှာကတည်းက ကိုယ်တိုင်လာချင်တာ၊ ရွာမှာ သစ်သီးသစ်ဖုတွေ တူးစားတာ၊ နွား လှည်းစီးတဲ့အကြောင်းတွေပြော ပြတဲ့အချိန်ကတည်းက လာချင်ခဲ့ တာ’’ဟု တက်စနီးမ်က ပြောသည်။တက်စနီးမ်ရော့ခ်တို့ မိသားစုသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းကလာရောက်ခဲ့ခြင်း ဖြစ် ပြီး ဖခင်၏ မွေးရပ်ဇာတိသို့ သွားရောက်ကာ ဆွေမျိုးများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်ကလည်း ရန်ကုန်အခြေစိုက် ကရင်အနုပညာရှင် များနှင့် တွေ့ဆုံခဲ့သည်။

တက်စနီးမ်ရော့ခ်သည် ပိုး ကရင်နှင့် စကော့တလန်ကပြားဖြစ်ပြီး ဖခင်ဇာတိမြောင်းမြမြို့အပြင် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။

တက်စနီးမ်ရော့ခ်သည် အ သက် ၁၉ နှစ်အရွယ်ကတည်းက သြစတြေးလျ ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သူဖြစ်ပြီး Hearth Break High တီဗီစီးရီးတွင် ပထမ ဆုံးပါဝင်သရုပ်ဆောင်ခဲ့သည်။

လက်ရှိအချိန်အထိ ရုပ်ရှင် ဇာတ်ကား ခုနစ်ကားနှင့် တီဗီ ဇာတ်လမ်းတွဲ ၁၁ ခုတွင် ပါဝင် သရုပ်ဆောင်ထားပြီး ၎င်းပါဝင် သရုပ်ဆောင်သည့် East West 101 တီဗီစီးရီးသည် အကျော်ကြားဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်သည်။

7Day Daily

No comments:

Post a Comment