Wednesday 23 December 2015

နေပြည်တော် ပုလဲရောင်းပွဲတွင် နိုင်ငံခြားသားများအား ပထမဆုံးဖိတ်ခေါ်ရောင်းချ

နေပြည်တော်တွင် ပုလဲရောင်းချပွဲကျင်းပနေစဉ် (ဓာတ်ပုံ - ပိုင်စိုးသူ)
ပုလဲအတွဲပေါင်း ၃၈၇ တွဲ ပြသထားပြီး နေပြည် တော်တွင် ကျင်းပလျက်ရှိသည့် (၃၄) ကြိမ်မြောက် ပုလဲရောင်းချပွဲ သည် ပထမဆုံးအနေဖြင့် နိုင်ငံခြား သားများအား ဖိတ်ခေါ်ရောင်းချခဲ့ သော ပွဲဖြစ်ကြောင်း သတင်းရရှိ သည်။
နေပြည်တော်ရှိ မဏိရတနာ၊လိပ်ခုံးကျောက်မျက်ခန်းမအတွင်း ပြုလုပ်သည့် အဆိုပါ မြန်မာ့ ပုလဲ ရောင်းချပွဲတွင် ပုလဲအလုံးရေ နှစ် သိန်းကျော်၊ အလေးချိန် (ဂျပန် အခေါ်) မိုမီ နှစ်သိန်းနှစ်သောင်း ကျော်ပြသထားပြီး ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာကျင်းပရောင်းချမည် ဖြစ်သည်။

‘‘ပုလဲရဲ့ အရည်အသွေးပေါ် မူတည်ပြီးတော့ ကြမ်းခင်းဈေးကို သုံးသိန်းခွဲကနေစပြီးတော့ အများ ဆုံး ကျပ်သိန်း ၃၀၀ ကျော်ထိရှိပါ တယ်။ ဌာနက ပုလဲက ၁၃၄ တွဲ ပါပါတယ်။ ကုမ္ပဏီက ၂၅၃ တွဲ ပါ။ စုစုပေါင်း ၃၈၇ တွဲတင်ပြထား ပါတယ်’’ဟု မြန်မာ့ပုလဲလုပ်ငန်း၊ ရောင်းချဖြန့်ဖြူးရေးဌာနမှူး ဒေါ် မြမြ၀င်းက ပြောသည်။မြန်မာကျပ်ငွေဖြင့် ပုလဲ ရောင်းချမှုကို ၁၉၉၀ ကစတင် ရောင်းချခဲ့သည်။ ထို့ပြင် မြန်မာ့ပုလဲများကို ၂၀၁၆ ဖေဖော်ဝါရီတွင် ဟောင်ကောင်၌ ပြုလုပ်မည့် ပုလဲပြပွဲတွင်လည်း (၄) ကြိမ်မြောက် သွားရောက်ပြသရန် ပြင်ဆင်ထားကြောင်း မြန်မာ့ပုလဲလုပ်ငန်းမှ သိရသည်။

‘‘ခုပွဲက မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ပွဲဖြစ်ပေမယ့် ထူးခြား တာက နိုင်ငံခြားသားတွေက သူတို့ရဲ့ ၀ယ်လိုအားကို ဖိတ်ခေါ်ထား တယ်။ အဲဒီအတွက် သူတို့ကို လည်း ဖိတ်ထားပါတယ်။ အများ ဆုံးက ဂျပန်ရှိမယ်၊ တရုတ်ရှိပါ မယ်။ ဖိတ်ထားတဲ့ ပြည်တွင်းကုန် သည်နဲ့ ရတနာဆိုင်ရောပေါ့။ စုစု ပေါင်း ၁၁၀ ရှိပါတယ်။ ပြည်ပ ကုန်သည်ကတော့ ၃၅ ဦးရှိပါ တယ်’’ဟု ဒေါ်မြမြ၀င်းက ဆို သည်။ ဟောင်ကောင်ပုလဲဈေးကွက်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ မှစတင်ရောင်းချခဲ့ပြီး ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်များ၌ သုံးကြိမ်ရောင်းချနိုင်ခဲ့သည်။

‘‘အရင်တုန်းကတော့ နိုင်ငံ ခြားငွေနဲ့ ရောင်းချတဲ့ပွဲကို တစ်နှစ်မှာ သုံးကြိမ်လောက်ကျင်းပ တယ်။ ပြည်တွင်းကျပ်ငွေနဲ့က နှစ် ပွဲလောက်လုပ်တယ်။ တစ်နှစ်မှာ ဆို စုစုပေါင်း ငါးပွဲလောက်ကျင်း ပပေးတယ်။ ခုကတော့ ပွဲကျဲသွား တာပေါ့’’ဟု ဒေါ်မြမြ၀င်းက ပြော သည်။ ယခုပွဲမတိုင်မီ ၂၀၁၃ နိုဝင် ဘာက နေပြည်တော်၌ နောက်ဆုံး ပြုလုပ်ခဲ့သည့် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ပုလဲရောင်းပွဲတွင် ပုလဲအတွဲပေါင်း ၃၆၀ ၌ ၃၅၈တွဲရောင်းချခဲ့ရပြီး ကျပ်သန်းနှစ်ထောင်ကျော်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment