Wednesday 23 December 2015

ပန်းစကားအဖွဲ့ အမုန်းမပွားရေးပညာပေးလှုပ်ရှားမှုကို နယ်မြို့များတွင် ပြုလုပ်မည်

အမုန်းစကားမပြန့်ပွားစေရေး ပညာပေးစာသားပိုစတာငယ်တစ်ခုကို ပြသနေသူတစ်ဦး (ဓာတ်ပုံ − ပန်းစကားဖေ့စ်ဘွတ်ခ်)
အွန်လိုင်းတွင် အမုန်း စကားမပြန့်ပွားစေရေး လှုပ်ရှား ဆောင်ရွက်နေသော ပြည်တွင်း အခြေစိုက် ပန်းစကားအဖွဲ့အ စည်းသည် ၂၀၁၆ ဇန်န၀ါရီလအ တွင်း နယ်မြို့များ၌ အမုန်းမပွား ပညာပေး လှုပ်ရှားမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လာမည့်နှစ်ဆန်းတွင် နယ်မြို့များသို့ ‘‘မရှယ်ခင်စဉ်းစား အချင်းချင်းအမုန်းမပွား’’ ‘‘လူသားအချင်းချင်းအမုန်းမပွားဖို့သင့်လိုက်ခ်တစ်ချက်ကိုစောင့်စည်းစို့’’ ‘‘လူ သားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့’’ စသည့် စာများပါဝင်သည့် ပိုစတာ၊ စတစ်ကာများ၊ ဆေးရောင်ခြယ် စာအုပ်များ၊ လက်ပတ်များ၊ စာမျက်နှာ မှတ်သားထားနိုင်သည့် Bookmark များကို အခမဲ့ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း မြန်မာနည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) မှ ပရိုဂရမ်မန်နေဂျာ မထိုက်ထိုက်အောင်ကပြောသည်။

‘‘ဒီလှုပ်ရှားမှုကို ရန်ကုန်မှာ ထက် နယ်မြို့တွေမှာ အရင်လုပ် ဖြစ်မယ်။ နေရာ ၇၀ လောက်ဖြန့် ဝေဖို့ မှန်းထားတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

‘‘မင်္ဂလာပါ။ အမုန်းမပွားရ ဘူးနော်။ Peace နော်။ ဒေါသ မထွက်ရဘူး။ ပန်းစကားပါ။ ကျေးဇူးပါ’’စသည့် စာသားများပါ မြန်မာ အမျိုးသား၊ အမျိုးသမီးဝတ်စုံများနှင့် အတူတွဲဖက်ဖန်တီးထားသည့် ပန်းစကားစတစ်ကာများကို အွန်လိုင်းတွင် မိတ်ဆက်ပြီးနောက် ဒုတိယအကြိမ် လှုပ်ရှားမှုအဖြစ် အွန်လိုင်း၌ သာမက ပြင်ပတွင်ပါ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ပန်းစကား အဖွဲ့အစည်း သည် အမုန်းတရားနှင့် အန္တရာယ် ရှိသော ပြောဆိုမှုများကို တားဆီးရေးအတွက် လှုပ်ရှားမှုပြုလုပ်နေသော အရပ်ဘက်အဖွဲ့အစည်းဖြစ်ပြီး ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအ တွက် စတစ်ကာများကို ၂၀၁၅ ဖေဖော်ဝါရီက အွန်လိုင်းတွင် ရယူ နိုင်ရန် မိတ်ဆက်ခဲ့သည်။

ဖေ့စ်ဘွတ်ခ်ပေါ်ရှိ ပန်းစကားစတစ်ကာများအား မူလပါရှိသည့် စာသားများကို ဖြတ်ညှပ်ကပ်ပြု လုပ်၍ အမုန်းစကားပွားစေရန် ဖန်တီးပြုလုပ်သူများလည်း ပေါ် ထွက်နေသည်။

7Day Daily

No comments:

Post a Comment